လက်စတာ နဲ့ လမ်းခွဲသွားတဲ့ ရှမိုက်ကယ် ၊ ချဲလ်ဆီးရဲ့ နောက်ထပ် လွန်ဆွဲပွဲ ၊ ယူနိုက်တက် ထပ်ခေါ်ပြန်တဲ့ နည်းပြတယောက် ၊ မထင်မှတ်တဲ့ ပြောင်းရွှေ့မှုတချို့ နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

လက်စတာ စီးတီး အသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ၊ FA Cup ချန်ပီယံဆုတွေ ရယူပေးခဲ့ပြီး ၁၁ နှစ်ကြာ ကစားခဲ့တဲ့ ဝါရင့် ဂိုးသမားကြီး ကက်စပါ ရှမိုက်ကယ် ကတော့ အင်္ဂလန်မြေကို လက်ပြ နှုတ်ဆက်ပြီး ပြင်သစ် ကလပ် နိုက်စ် အသင်းဆီကို ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ရှမိုက်ကယ် အတွက် နိုက်စ် အသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၁ သန်းသာ ကုန်ကျခဲ့ပြီး ဒိန်းမတ် လက်ရွေးစင်ကြီး ကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ အတွက် ဆေးစစ်မှု ပြင်ဆင်ထားပြီလို့ သိရပါတယ် ။

နာပိုလီ နဲ့ ချဲလ်ဆီး အသင်းတို့ ဟာ ချဲလ်ဆီးဂိုးသမား ကီပါ အရစ်ဇာဘလာဟာ ရဲ့ အငှားစာချုပ် အတွက် သဘောတူညီမှု ရရှိ ခဲ့ကြပြီး ဆုကြေးအချက်အလက် အနည်းငယ်သာ ဆွေးနွေးဖို့ ကျန်ရှိတော့တယ်လို့ သိရ ပါတယ် ။

ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ရဲ့ ပြောကြားချက် အရ ဘာစီလိုနာ ဟာ ဘယ်နောက်ခံလူ နေရာ အတွက် အလွန်ဆို ၊ ရီဂွီလွန် နဲ့ အန်ဟယ်လီနို တို့ ကို စာရင်းပြုစု ထားကြောင်း ၊ ချဲလ်ဆီး နောက်ခံလူ မားကိုစ့် အလွန်ဆို ကတော့ ပထမဦးစားပေး ဖြစ်ကြောင်း သိရပါတယ် ။

ချဲလ်ဆီး သာ ကူကူရယ်လာ ကို ခေါ်ယူနိုင်ခဲ့ပါက မားကိုစ့် အလွန်ဆို ကို ဘာစီလိုနာ ထံ ရောင်းထုတ်ဖို့ အလားအလာများတယ်လို့လည်း သိရပါတယ် ။

ချဲလ်ဆီး ဟာ ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာ အတွက် ဘရိုက်တန် အသင်း ဘက်က ဈေးသတ်မှတ် ထားတဲ့ ပေါင် သန်း ၅၀ ကို ပေးချေဖို့ သဘောတူလိုက်တယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

မန်စီးတီး ကတော့ သန်း ၄၀ ထက် ပိုပေးဖို့ စိတ်ကူး မရှိသေးပါဘူး ။

စီးရီးဘီ ကလပ် ကိုမို အသင်းကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ ခဲ့တဲ့ ဖာဘရီဂတ်စ် ဟာ အသင်းမှာ ကစားပေးရုံသာမက အသင်းရဲ့ ရှယ်ယာ အချို့ကိုပါ ဝယ်ယူခဲ့တယ်လို့ သိရပါတယ် ။

လီဗာပူး အသင်းကတော့ အားထားရတဲ့ တိုက်စစ်မှူး ဒီယေဂို ဂျိုတာ ကို ပိုမို ကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေ ပါရှိတဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စတင် လုပ်ဆောင်နေပြီလို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ကစားသမား ရီကွီပစ်ဂ် နဲ့ မေဂျာလိဂ် ကလပ် LA Galaxy တို့ဟာ နှုတ်အားဖြင့် သဘောတူညီမှု ရရှိ ခဲ့ကြပြီလို့လည်း သိရပါတယ် ။

လက်စတာ စီးတီး အသင်း ကတော့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် အတွက် နယူးကာဆယ် အသင်းဘက်က ကမ်းလှမ်း လာမှု ကို ငြင်းပယ်သွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မက္ကာသီ ကို တန်ဟတ် ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တနေ့ကမှ ခေါ်ယူခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အခုတဖန်လည်း စပါး ကစားသမားဟောင်း တွမ် ဟတ်ဒယ်စတုန်း ကို ယူ-၂၁ အသင်းအတွက် နည်းပြ/ကစားသမား အဖြစ် လုပ်ကိုင်ပေးဖို့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ကြားသိရ ပါတယ် ။

စီးရီးအေ ကလပ် တိုရီနို အသင်းကတော့ ဗယ်လန်တီနို လာဇာရို ကို အင်တာမီလန် အသင်းကနေ တရာသီ အငှားစာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ပြီလို့ ကြေညာသွားခဲ့ ပါတယ် ။

ဝေးလ် လက်ရွေးစင် ကွင်းလယ်လူ အာရွန် ရမ်ဆေး ကတော့ ယူဗင်တပ် အသင်းနဲ့ စာချုပ်ကို ၂ ဦး သဘောတူ ဖျက်သိမ်း အပြီးမှာ ပြင်သစ် ကလပ် နိုက်စ် အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။

ယူဗင်တပ် ကတော့ လီယန်ဒရို ပါရီဒက်စ် ကို ခေါ်ယူရေး အတွက် PSG နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပြီး ယူရို သန်း ၂၀ ဝန်းကျင် နဲ့ သဘောတူညီနိုင်ဖို့ အလားအလာများတယ်လို့ သိရပါတယ် ။

PSG နောက်ခံလူ သီလိုခီဟာ က ဆီဗီးလား နဲ့ သတင်းတွေ ကို ငြင်းဆန်သွားခဲ့ ပါတယ် ။

ချားစ် ဒီ ကိတ်လယ်ရီ ကို ခေါ်ယူနိုင်ခဲ့ အပြီး ( တရားဝင် မကြေညာရသေး ) မှာတော့ အေစီမီလန် ဟာ PSG နောက်ခံလူ ဒီရယ်လို အတွက် စတင် ကြိုးစားတော့မယ်လို့ သိရပါတယ် ။

ချီလီ တိုက်စစ်မှူး အလက်ဆစ် ဆန်းချက် ဟာလည်း အင်တာမီလန် အသင်းနဲ့ ၂ ဦး သဘောတူ စာချုပ် ဖျက်သိမ်းတော့မယ်လို့ သိရပါတယ် ။

ဆန်းချက် ဟာ ပြင်သစ် ကလပ် မာဆေး အသင်းကို အလွတ် နဲ့ ပြောင်းရွှေ့ဖို့ သဘောတူထားပြီးပါပြီ ။

လက်စတာ ခံစစ်မှူး ဝီစလေ ဖိုဖာနာ ဟာ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ပါဝင်စားမှု ရှိနေပြီး ကလပ် ၂ သင်း အကြား ညှိနှိုင်းဆွေးနွေးဖို့သာ လိုအပ်တော့တယ်လို့ ဖာဘရီဇီယို ရိုမာနို က ဖော်ပြသွားခဲ့ ပါတယ် ။

ဖူလ်ဟမ် အသင်းဟာ အာဆင်နယ် ဂိုးသမား လီနို ကို ဆေးစစ်မှု ပြုလုပ်ဖို့ ပြင်ဆင် ထားကာ ၂၀၂၅ ခုနှစ် အထိ စာချုပ်ချုပ်ဆို ခေါ်ယူသွားမယ်လို့ သိရပါတယ် ။

လာလီဂါ ကလပ် ဆယ်လ်တာဗီဂို ကလည်း ပေါ်တိုမှာ ကစားနေတဲ့ အာဂျင်တီးနား ဂိုးသမား သြဂတ်စတင် မာချီဆင် ကို အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကာ အခု အပတ်ထဲမှာ ဆေးစစ်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကစားသမား ရိုဒရီဂို ရီကွယ်မီးလ် ဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးခဲ့ပြီး ဂီရိုနာ အသင်းဆီကို တရာသီ အငှားနဲ့ ပြောင်းရွှေ့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ကစားသမား ဂျိုး ရိုဒွန် ကတော့ ပြင်သစ် ကလပ် ရင်းနစ် အသင်းဆီ အငှား + ယူရို သန်း ၂၀ နဲ့ အပြီးသတ် ဝယ်ယူခွင့် နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ။

ဆာဆူအိုလို ကစားသမား ရက်စ်ပါဒိုရီ အတွက် နာပိုလီ ၊ ယူဗင်တပ် အသင်းတို့ ဆီက ကမ်းလှမ်းမှုတွေ ရရှိထားပြီး ဝက်စ်ဟမ်း ရဲ့ ကမ်းလှမ်းမှုတော့ မရောက်လာသေးပါဘူးလို့ အသင်းအကြီးအကဲက ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ နောက်ခံလူ ဒန်နီရယ် ရူဂါနီ ကို နည်းပြ အယ်လီဂရီ ရဲ့ အစီအစဉ်ထဲမှာ မပါဝင်ကြောင်း အသိပေးထားပြီး အမ်ပိုလီ ၊ ဗီရီုနာ နဲ့ ဂါလာတာစာရေး အသင်းတွေ ဆီက ကမ်းလှမ်းမှုတွေ ရရှိထားကြောင်း အသိပေး ပြောဆိုခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

အာဆင်နယ် ဟာ လူးကပ်စ် ပါရဲရား အတွက် တူရကီ ကလပ် ဂါလာတာစာရေး အသင်းဆီက ကမ်းလှမ်းမှု ကို ရရှိခဲ့တယ်လို့ သိရပါတယ် ခင်ဗျာ . . . . . ။

SPORTS MYANMAR