ဒီဂျောင်နဲ့ ပတ်သက်လို့ ယူနိုက်တက် ပရိသတ်တွေကို မျှော်လင့်ချက်ပေးလိုက်တဲ့ ဘာကာ ဥက္ကဌ

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ သူတို့ အသင်းရဲ့ ကွင််းလယ်လူ ဖရန်ကီ ဒီဂျောင် ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိနေသေးကြောင်း အရိပ်အမြွတ် ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နွေစျေးကွက်ထဲမှာ ပေါလ် ပေါ့ဂ်ဘာ ၊ ဂျက်စီ လင်ဂတ် ၊ နီမန်ဂျာ မာတစ် ၊ ဟွမ် မာတာ ၊ အီဒင်ဆန် ကာဗာနီ နဲ့ လီဂရန့် တို့ကို အလွတ််ပြောင်းရွှေ့ကြေး နဲ့ လက်လွတ် ဆုံးရှုံးခံထားခဲ့ရတာပဲ ဖြစ်ပါတယ် ။

အဲ့ဒီထဲမှာတော့ ကွင်းလယ် ကစားသမား လေးဦး အထိ ပါဝင်နေခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ စျေးကွက်ထဲမှာ ကွင်းလယ် တိုက်စစ် နဲ့ ကွင်းလယ် ခံစစ် နေရာတွေကို အဓိကထားပြီး အင်အား ဖြည့်တင်းလိုနေခဲ့တာပဲ ဖြစ်ပါတယ် ။

အခုအချိန်အထိတော့ ယူနိုက်တက်တို့ဟာ ကွင်းလယ် တိုက်စစ် နေရာအတွက် ခရစ္စတီယံ အဲရစ်ဆင် ကို ခေါ်ယူ နိုင်ခဲ့ပါပြီ ။ ဒါပေမဲ့ ကွင်းလယ် ဟန်ချက်ကို ထိန်းသိမ်းပေးဖို့ အတွက် ပစ်မှတ်ထား ခေါ်ယူချင်နေခဲ့တဲ့ ဖရန်ကီ ဒီဂျောင် ကိုတော့ မခေါ်ယူနိုင်ခဲ့သေးပါဘူး ။

ယူနိုက်တက် တို့ဟာ အေဂျက်ဇ် အသင်းမှာ အဲရစ် တန်ဟတ် နဲ့အတူ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ ဖရန်ကီ ဒီဂျောင် ကို ဘာစီလိုနာ အသင်းမှ အရ ခေါ်ယူလိုနေခဲ့ပေမဲ့ ကစားသမား ကိုယ်တိုင်က အသင်းမှာပဲ ဆက်ရှိနေလိုကြောင်း ပြောခဲ့ပါသေးတယ် ။

ဒါပေမဲ့ ဘာစီလိုနာ နဲ့ နည်းပြ ဇာဗီ တို့က ဘဏ္ဍာရေး အခက််အခဲတွေကြောင့် စျေးကြီးရနိုင်မယ့် နယ်သာလန် လက််ရွေးစင်ကို ရောင်းထုတ်ဖို့ ဆန္ဒရှိခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲဒီဂျောင် နဲ့ ယူနိုက်တက် တို့ရဲ့ ဇာတ်လမ်းဟာ ဒီနွေမှာ ဇာတ််မျောကြီးပဲ ဖြစ်နေခဲ့ရပါတယ် ။

အခုတော့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်ကြောင်း ၊ ဒါပေမဲဲ့ သူတို့ဖက်ကတော့ ကစားသမားကို အသင်းမှာပဲ ဆက်လက်် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း မျှော်လင့်ချက်ပေးစကား ပြောသွားခဲ့လိုက်ပါတယ် ။

” ဘောလုံး လောကမှာတော့ ဘာတွေ ဖြစ်သွားမလဲဆိုတာကို ခင်ဗျားတို့ ဘယ်တော့မှ ကြိုသိနိုင်မှာ မဟုတ်ပါဘူး ။ အဲ့တာတွေက parties တွေ အပေါ် မူတည်ပါတယ် ။ သူ အသင်းမှာ ဆက်ရှိဖို့ ဖြစ်နိုင်ခြေ များလွန်းတယ်လို့တော့ ကျွန်တော် ပြောနိုင်ပါတယ် ။ သူ ဘာစီလိုနာ အသင််းမှာ ဆက်လက်ရှိဖို့ အတွက် ကျွန်တော့်ဖက်က အတက်နိုင်ဆုံး ကြိုးစားသွားမှာပါ ” လို့ လာပေါ်တာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar