ယူနိုက်တက်ကို စိတ်ဝင်စားကြောင်း ဒီဂျောင်အချက်ပြထားတယ်လို့ ပြောဆိုရှင်းပြလိုက်တဲ့ ယူနိုက်တက် တိုက််စစ်မှူးဟောင်း ဆာဟာ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း တစ်ဦးဖြစ်သူ လူးဝစ် ဆာဟာ က ဒီဂျောင် ဖက်ကသာ စိတ်ဝင်စားကြောင်း အချက်ပြမှုမျိုး မလုပ်ဆောင်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကစားသမားကို အခုလောက်ထိ အသည်းအသန်လိုက်နေမှာ မဟုတ်ကြောင််း သုံးသပ် ရှင်းပြသွားခဲ့လိုက်ပါတယ် ။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဒီနွေမှာ ပေါ့ဂ်ဘာ ၊ မာတစ် ၊ မာတာ ၊ လင်ဂတ် တို့လို ကွင်းလယ် ကစားသမားတွေကို လက်လွှတ်ခဲ့ရတဲ့ အတွက် စျေးကွက်ထဲမှာ ကွင်းလယ် ကစားသမားကောင််းတွေ ခေါ်ယူနိုင်ဖို့ ဦးဆောင်ခဲ့ပါတယ် ။

လက်ရှိအချိန်အထိ ယူနိုက်တက်တို့ဟာ ကွင်းလယ် တိုက််စစ် နေရာအတွက် အသင်း လက်မဲ့ ဖြစ်နေခဲ့တဲ့ ခရစ္စတီယံ အဲရစ်ဆင် ကို ခေါ်ယူ အင်အား ဖြည့်တင်းထားနိုင်ခဲ့ပါပြီ ။ ဒါပေမဲ့ ကွင်းလယ် ခံစစ်မှာနေပြီး အသင်းရဲ့ ဟန််ချက််ကို ကစားသမားတော့ မခေါ်နိုင်သေးပါဘူး ။

ယူနိုက်တက်တို့ဟာ နွေစျေးကွက် စတင်ကတည်းက အဆိိုပါ နေရာအတွက် ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူလိုခဲ့ပါတယ် ။ ဒါပေမဲ့ ဘာစီလိုနာ အသင်းက ရောင်းချင်လိုက် မရောင်းချင်လိုက် ဖြစ်နေခဲ့ပြီး ကစားသမားကလည်း အသင်းမှာ ဆက်နေချင်တယ််လို့ပဲ ပြောခဲ့ပါတယ် ။

ဒါ့ကြောင့် အပြောင်းအရွှေ့ဟာ မထူးခြားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဖြစ်သူ လူးဝစ် ဆာဟာ က ကစားသမား ဖြစ်သူဟာ ယူနိုက်တက်ကို စိတ်ဝင်စားမှု ပြသထားတယ်လို့ ထင်ကြောင်း ၊ ဒါပေမဲ့ ကမ္ဘာ့ အကောင်းဆုံး အသင်းတစ်သင်းမှ ထွက်ခွာလိုတယ်လို့ ပြောဖို့ ခက်ခဲလှကြောင်း သုံးသပ်သွားခဲ့လိုက်ပါတယ် ။

” ကစားသမား ကိုယ်တိုင်က point တစ်ခုခုမှာ ယူနိုက်တက်် အသင်းဆီ လာဖို့ စိတ်ဝင်စားကြောင်း ပြသထားခဲ့တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းက အခုထိ သူ့ကို အရခေါ်ယူနိုင်ဖို့ အသည်းအသန်လိုက်နေခဲ့တာလို့ ကျွန်တော် ထင်မိပါတယ် ”

” သူဟာ အသင်းကြီး တစ်သင်းမှာ ကစားနေသူပါ ။ ချန််ပီယံလိဂ် ကစားရတဲ့ အသင်းမျိုးလောက်မှာ ကစားနေရတာ မဟုတ်ပါဘူး ။ သူဟာ ကမ္ဘာ့ အကြီးမားဆုံး အသင်း တစ်သင်းမှာ ကစားနေသူပါပဲ ။ ဒါ့ကြောင့် အသင်းဖက်က ဘယ်လို ဆုံးဖြတ်မလဲ ၊ ဘာတွေ ဖြစ်လာမလဲ သိသိ ၊ မသိသိ သူ့ဖက်က အသင်းပြောင်းလိုတယ်လို့ ထုတ်ပြောဖို့ တကယ်ပဲ ခက်ခဲလှပါတယ် ”

” အကယ်လို့ ဘာစီလိုနာလို အသင်းမျိုးမှာ နေဖို့ အခွင့်အရေး ရှိနေမယ်ဆိုရင် ‘ ဟုတ်တယ် ၊ ငါ အသင်းပြောင်းချင်တယ် ‘ လို့ လုံးဝ ထုတ်ပြောမှာ မဟုတ်ပါဘူး ။ အခုချိန်က သူ့အတွက် တစ်ခုခု ထုတ်ပြောဖို့ ခက်ခဲလွန်းတဲ့ အခိုက်အတန့်မျိုးပါပဲ ။ ဒါဟာ စီးပွားရေးလုပ်ရာမှာလည််း ဖြတ်တတ်တဲ့ ပြသနာမျိုးပါပဲ ”

” ဒီလိုအချိန်မှာ သူတစ်ခုခု ထုတ်ပြောရင် သူ့ရဲ့ ပုံရိပ်က အကြီးကြီး ထိခိုက်သွားပါလိမ့်မယ် ။ တန်ဟတ် အနေနဲ့လည်း ဘယ်လို ကစားသမားမျိုး လိုချင်လဲဆိုတာ ပိုပြီး သေချာအောင် လုပ်ရပါ့မယ် ။ လက်ရှိ အ​ခြေအနေကို ကျွန်တော် မကြိုက်ပါဘူး ။ ဒါက ကစားသမား အတွက် ခက်ခဲလွန်းတယ်လေ ”

” သူဟာ အရမ်းကောင်းတဲ့ ကစားသမားပါ ။ အဲရစ် တန်ဟတ် ရဲ့ အသင်းမှာ ဒီလို ကစားသမားမျိုး ရောက်လာဖို့ ကျွန်တော် တကယ်ပဲ ထောက်ခံပါတယ် ။ သူဟာ ဒီနေရာမှာ Power အပြည့်နဲ့ ကစားနိုင်သူ ၊ သန်မာသူ ၊ အလန််းစားပေးပို့မှုတွေ လုပ်ရင်း ဂိုးတွေလည်း သွင်းယူနိုင်သူပါ ”

” ဒီနေရာမှာတော့ ဖရန်ကီဟာ ကမ္ဘာ့ အကောင်းဆုံးသော ကစားသမား တစ်ဦးပါ ။ သူ့လိုကစားသမားမျိုး များများစားစား မရှိကြပါဘူး ။ သူဟာ အသက်လည်း ငယ်ရွယ်ပါသေးတယ် ။ အသင်းမှာ သူ့လို ကစားသမားရှိရင် သိပ်ပြီး ကောင်းနေမှာပါပဲ ။ ဒါ တကယ်ဖြစ်လာဖို့ ကျွန်တော်မျှော်လင့်နေပါတယ် ” လို့ ဆာဟာက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar