နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူး ဟာ လိဒ် ယူနိုက်တက် ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားပြီး ၆-၁ ရလဒ် နဲ့ အပြတ်အသတ် အနိုင်ယူခဲ့ ပါတယ် ။

လီဗာပူး အတွက် မိုဟာမက် ဆာလာ ၂ ဂိုး သွင်းပေးခဲ့ပြီး ဆာလာ ဟာ အသင်းသမိုင်းမှာ ဘယ်ခြေ နဲ့ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

အာဆင်နယ် နောက်ခံလူ ဇင်ချန်ကို ဟာ ဆောက်သမ်တန် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပြန်လည် ပါဝင်လာ နိုင်ဖွယ် ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ။

စီးရီးအေ ထိပ်သီး အေစီမီလန် ဟာ မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမားလေး မေဆင် ဂရင်းဝုဒ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ပေါ်ထွက် လာပါတယ် ။

မန်ယူနိုက်တက် တောင်ပံ ကစားသမားလေး ဂါနာချို ကတော့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီး ဘောကန် ဖိနပ်တွေ ပြန်လည် ဝတ်ဆင်နိုင်ပြီ ဖြစ်ကြောင်းကို ပရိသတ်တွေထံ အသိပေးသွားခဲ့ ပါတယ် ။

ယူနိုက်တက် ခံစစ်မှူး လီဆန်ဒရိုမာတီနက် ကတော့ ခြေချောင်းရိုးကျိုး ဒဏ်ရာကို ခွဲစိတ်ကုသမှု အောင်မြင် ခဲ့တယ်လို့ သိရ ပါတယ် ။ ဒီရာသီမှာ ယူနိုက်တက် အတွက် ခြေစွမ်းပြ နေတဲ့ မာတီနက် ဟာ အဆိုပါ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာပါ ။

ဘာစီလိုနာ အသင်းဟာ မန်စီးတီး ကွင်းလယ်လူ ဂွန်ဒိုဝမ် ကို လာမယ့် နွေရာသီ အတွက် အဓိက ပစ်မှတ် အဖြစ် သတ်မှတ် ထားကြောင်း ဖာဘရီဇီယို ရိုမာနို က ဖော်ပြသွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ အသင်းမှာ ပွဲထွက်ခွင့် နည်းပါးနေတဲ့ ခံစစ်မှူး အိုင်းမရစ် လာပေါ့တ် ကို နွေရာသီမှာ အသင်း ပြောင်းခွင့် ပြုဖို့ အစီအစဉ် မရှိသေးဘဲ ဆက်လက် ထိန်းထားဦးမယ်လို့ သိရပါတယ် ။

ဘန်လေ အသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်လာအောင် စွမ်းဆောင်ပေး နိုင်ခဲ့တဲ့ နည်းပြ ဗင်းဆင့် ကွန်ပနီ ကို တော့တင်ဟမ် ဟော့စပါး အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဒါပေမယ့် ဘန်လေ ကတော့ သူတို့ရဲ့ နည်းပြ ကို စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ် ။

နယူးကာဆယ် ဟာ အခုရာသီမှာ လေဗာကူဆင် နဲ့ ခြေစွမ်းပြ နေတဲ့ ဂျာမန်ကြယ်ပွင့်လေး ဖလော်ရီယန် ဝစ်ဇ် ကို ကင်းထောက်တွေ စေလွှတ် အကဲခတ် နေပြီး နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားဖွယ် ရှိတယ်လို့ သိရှိရ ပါတယ် ။

အင်တာမီလန် အသင်းကတော့ လူကာကူ ကို ရာသီအကုန်မှာ ချဲလ်ဆီး အသင်းထံ ပြန်လည် စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့လည်း သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

 

SPORTS MYANMAR