ဘယ်လင်ဟမ်ကို ခေါ်ယူရန် လက်လျော့လိုက်ပြီးနောက် မန်စီးတီးစတားကို ခေါ်ယူရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ကတ်ကာရီနို

လီဗာပူးဟာ နွေရာသီမှာ ကွင်းလယ်ပိုင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ရှိနေပြီး ပရီးမီးယားလိဂ် ကစားသမားဟောင်း တိုနီကတ်ကာရီနိုက ယာဂန်ကလော့ အနေနဲ့ ပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ်လူကို ခေါ်ယူရန် တိုက်တွန်းလိုက်ပါတယ်။ ဘယ်လင်ဟမ်ဟာ လီဗာပူးရဲ့ ကာလရှည် ထိပ်တန်း ပစ်မှတ် အဖြစ် ရှိနေခဲ့ပေမယ့်လည်း ၎င်းအတွက် ပြောင်းရွေ့ကြေးက ပေါင်သန်း ၁၃၀ အပြင် စာချုပ်ချုပ်ခ ၊ အေးဂျင့်ကြေး နဲ့ လစာ စတဲ့အရာတွေပါ ပေးချေရမှာ ဖြစ်တာကြောင့် လီဗာပူးဟာ အခုဆိုရင် ဘယ်လင်ဟမ်ကို လက်ရှောင်ပြီး အခြား option တွေကို စဉ်းစားနေပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ ကတ်ကာရီနိုက ဘယ်လင်ဟမ်ဟာ လီဗာပူး အတွက် မလိုအပ်တဲ့ ခေါ်ယူမှုလို့ သုံးသပ်လိုက်ပြီး ဒေါ့မွန်စတားကို မန်ယူနိုက်တက် မန်စီးတီး ရီးရဲယ်မက်ဒရစ် တို့နဲ့အပြိုင် ခေါ်ယူဖို့ မကြိုးစားခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ကတ်ကာရီနိုက “ကျနော် ဘယ်လင်ဟမ်ကို နှစ်သက်ပါတယ်။ သူဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဒီအချိန်မှာ လီဗာပူး အတွက် လိုအပ်တဲ့ ကစားသမား ခေါ်ယူမှုလို့ ကျနော် မထင်ပါဘူး။ ကျနော်ကတော့ လီဗာပူးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်သွားဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဘောလုံးကို ပြိုင်ဘက်လက်ထဲကနေ အမြန်ဆုံး ပြန်လည် ရယူနိုင်တဲ့ ကွင်းလယ်လူ နှစ်ဦးကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဒါဟာ လီဗာပူးကို ကြီးကြီးမားမား ပြောင်းလဲစေလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

ဂျူ့ဘယ်လင်ဟမ်ဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပြီး သူ့ကို ဥရောပအသင်းတိုင်းက လိုချင်ကြမှာပါ။ လီဗာပူးမှာ သူနဲ့ပေါင်းစပ်နိုင်တဲ့ ကွင်းလယ်အင်အား မရှိပါဘူး။ ဒါပေမယ့် သူဟာ ဒီအချိန်မှာ လီဗာပူးတို့ လိုအပ်နေတဲ့သူ မဟုတ်ပါဘူး။ ဒီလို luxury ကစားသမားမျိုး မလာခင် သူတို့ အရေးတကြီး အားဖြည့်သွားရမယ့် ကစားသမားမျိုးတွေ ရှိနေပါတယ်။

လီဗာပူးမှာ တီယာဂိုအယ်ကန်တာရာလို အရမ်းကို ဘောလုံး အရည်အသွေး ပြည့်ဝတဲ့ ကစားသမား ရှိနေပါတယ်။ ဒါပေမယ့် သူဟာ ခံစစ် ကစားပုံ ကောင်းမွန်ခြင်း မရှိပါဘူး။ သူဟာ လီဗာပူးကို ဘောလုံး အမြန်ဆုံး ပြန်လည် ရရှိအောင် လိုအပ်တဲ့ အရာတွေကို မလုပ်နိုင်ပါဘူး။ ဒါဟာ လီဗာပူး အတွက် ပဓာနကျတဲ့ အရာ ဖြစ်ပါတယ်။”

ဆက်လက်ပြီး ကတ်ကာရီနိုက လီဗာပူး အနေနဲ့ ပြီးခဲ့တဲ့နွေရာသီက မန်စီးတီးကို ပြောင်းရွေ့ခဲ့ပြီးနောက် ပွဲကစားဖို့ ရုန်းကန်နေရတဲ့ ကယ်ဗင်ဖီးလစ်ကို ခေါ်ယူရန် တိုက်တွန်းလိုက်ပါတယ်။

ကတ်ကာရီနိုက “နွေရာသီမှာ လီဗာပူးတို့ လုပ်ရမယ့် အဓိကအရာကတော့ ဘောလုံးအမြန် ပြန်လည်ရယူပေးနိုင်တဲ့ ကွင်းလယ်လူ ၂ ဦးကို‌ ခေါ်ယူဖို့ပါပဲ။ ဥပမာ ဂျော်ဒန်ဟန်ဒါဆန် လိုမျိုး ကစားသမားပေါ့။ ကျနော် ဒီနေရာအတွက် ကယ်ဗင်ဖီးလစ်ကို ကြိုက်ပါတယ်။ သူဟာ မန်စီးတီးမှာ နေရာမရ ဖြစ်နေပါတယ်။ ရိုဒရီရဲ့ performance ဟာ တအားကို ကောင်းနေပါတယ်။ ဒါပေမယ့် ကယ်ဗင်ဖီးလစ်ဟာ တအားကောင်းတဲ့ ball winner တစ်ဦးပါ။ ကျနော်တို့ ဒါကို လိဒ်မှာ အလုံအလောက် မြင်တွေ့ခဲ့ပြီးပါပြီ။

ကျနော်ကတော့ လီဗာပူး အနေနဲ့ အရင်တုန်းကလိုမျိုး အနိုင်ယူဖို့အတွက် ခက်ခဲတဲ့ အသင်း ပြန်ဖြစ်လာအောင် လုပ်သွားရမယ်လို့ ထင်ပါတယ်။ ဟန်ဒါဆန် ဖာဘင်ညို ဝိုင်နယ်ဒန် တို့ရဲ့ ကွင်းလယ်ဟာ တအားကို ကောင်းပါတယ်။ ကျနော်ကတော့ လီဗာပူးဟာ အသင်းရဲ့ ကျောရိုးကို ပြန်လည် တည်ဆောက်သွားရမယ်လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ် ။

SM