နော်တင်ဟမ် တောအုပ်မှာ သရဲခြောက်ခံလိုက်ရတဲ့ နော်တင်ဟမ် 0-2 ယူနိုက်တက် ပွဲမှ ဧည့်သည် ကစားသမားတွေရဲ့ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက The City Ground ကွင်းမှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အန်တိုနီ၊ ဒါးလော့တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အဖိုးတန် နိုင်ပွဲ ရယူနိုင်ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 3 နေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဒီရာသီိ အကောင်းဆုံး ကစားသမား 3 ဦး ဖြစ်ကြတဲ့ ရပ်ရှ်ဖို့ ၊ ဗာရန်း နဲ့ မာတီနက်ဇ် တို့ဟာ ဒဏ်ရာ ပြသနာကြောင့် မပါဝင််နိုင်ခဲ့ကြသလို ကြားရက်မှာနှစ်ဂိုးသွင်းခဲ့တဲ့ ဆာဗစ်ဇာလည်း သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာရရှိသွားခဲ့တဲ့ အတွက် မပါဝင်ခဲ့ရပါဘူး ။

ဒီညမှာတော့ ယူနိုက်တက် ဂိုးပေါက်မှာ ဒီဂီယာ၊ ခံစစ်မှာ ဝမ်ဘစ်ဆာကာ ၊ မက်ဂွားယား ၊ လင်ဒီလော့ဖ် နဲ့ ဒါးလော့ ၊ ကွင်းလယ်မှာ ကာစီမီရို ၊ အဲရစ်ဆင် နဲ့ ဘရူနို ၊ တိုက်စစ်မှာ အန်တိုနီ ၊ မာရှယ် နဲ့ ဆန်ချို တို့ ပွဲထွက်ပါဝင်လာခဲ့ကြပါတယ် ။

ဒါပေမဲ့ ဒီပွဲမှာတော့ တန်းဆင်းဇုန်မှ နော်တင်ဟမ် ဖောရက်စ် အသင်းဟာ အိမ်ကွင်းမှာ အကောင်းဆုံး မကစားနိုင်ခဲ့ပဲ ယူနိုက်တက်ရဲ့ လွှမ်းမိုးမှုကို ခံခဲ့လိုက်ရပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အခြားတဖက်မှာတော့ ယူနိုက်တက် တို့ရဲ့ ကစားဟန်က အားရစရာ ဖြစ်ခဲ့ရပါတယ် ။

ဒီပွဲစဥ်ရဲ့ ပွဲချိန် 32 မိနစ်မှာ မာရှယ် ရဲ့ ကန်ချက်ကို နာဗတ်စ် က ပုတ်ထုတ်ခဲ့ပေမဲ့ ပြန်လျှံလာတဲ့ ဘောလုံးကို အန်တိုနီ က အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲလိုက်ရာမှ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ကြပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 72 မိနစ်မှာ တန်ဟတ် က မာရှယ် ကို အနားပေးခဲ့ပြီး ဝဂ်ဟော့စ် ကို ထည့်သွင်းခဲ့ပါတယ် ။

4 မိနစ် အကြာမှာပဲ အန်တိုနီ ရဲ့ ဖန်တီးမှုကို ဒါးလော့ က ဂိုးအဖြစ် ပြောင်းလဲ သွားနိုင်ခဲ့ပြီး ယူနိုက်တက်တို့ အနိုင် သေချာသွားခဲ့ကြပါတယ် ။ ဒါ့အပြင် ဂိုးပေါက် ကာကွယ်မှု မလုပ်ခဲ့ရတဲ့ ဒီဂီယာ ကလည်း Clean Sheet ရယူနိုင်ခဲ့ပြီး ရွှေလက်အိတ်ဆု ဆွတ်ခူးရေးမှာ ဦးဆောင်သွားနိုင်ခဲ့ပါတယ် ။

အန်တိုနီ ခြေစွမ်းပြခြင်း ၊ ဒါးလော့ မှ ပထမဆုံး ပရီးမီးယားလိဂ် ဂိုး သွင်းယူခြင်း ၊ ဒီဂီယာ clean sheet ရခြင်း ၊ အဆင့် 3 နေရာကို ပြန်လည် တက်လှမ်းနိုင်ခြင်း စသဖြင့် ယူနိုက်တက် အတွက် အပေါင်း လက္ခဏာ များခဲ့ရတဲ့ ဒီပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ Rating တွေကို ဖော််ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (6)

ပုတ်ထုတ်မှု အချို့ လုပ်ခဲ့ရပေမဲ့ ကပ္ပတိန် ခေါင်းကြီးရဲ့ ဦးဆောင်မှုအောက်မှာ အလုပ် နည်းပါးခဲ့ရပါတယ် ။ လိုချင််တဲ့ clean sheet ရရှိနိုင်ခဲ့ပါတယ် ။

ဘစ်ဆာကာ (7)

ညာဖက် အခြမ်းမှာ အမြဲလို အသင့်ရှိနေခဲ့ပြီး တိုက်စစ်ကို ထိရောက်စွာ မပံ့ပိုးနိုင်ခဲ့ပေမဲ့ final third မှာ အကျိိုးပြုပေးနိုင်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် (8)

အစောပိုင်းမှာ နော်တင်ဟမ် ကစားသမားတွေကို ဂိုးကန်ခွင့် ပြုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပိုမို တည်ငြိမ်တဲ့ ပုံစံကို ပြသနိုင်ခဲ့ပြီး ခံစစ်ကို လုံခြုံမှု ပေးနိုင်ခဲ့ပါတယ် ။

မက်ဂွားယား (6)

ပထမပိုင်း မိနစ် 20 အတွင်း လမ်းလျှောက်ရင်း အချိန်ကုန််တာ များခဲ့ရပါတယ် ။ ပင်နယ်တီ ပေးရဖို့ နီးစပ်ခဲ့ပေမဲ့ ကံကောင်းခဲ့ပြီး Clean Sheet ရယူပေးနိုင်ခဲ့ပါတယ် ။

ဒါးလော့ (7)

ဘယ်ခံစစ်မှာ ခြေစွမ်းကောင်းပြဖို့ အခက်တွေ့ခဲ့ပေမယ့် ဂျွန်ဆင်ကို ကောင်းကောင်း ထိန်းပြနိုင်ခဲ့ပါတယ်။ ကစားနေကျ မဟုတ်တဲ့ နေရာမှာ ကစားရင်း ဂိုးသွင်းနိုင်ပါတယ် ။

ကာစီမီရို (8)

အတူ တွဲဖက် မကစားရတာ ကြာပြီ ဖြစ်တဲ့ အဲရစ်ဆင်နဲ့ အကောင်းဆုံး တွဲဖက် ကစားပြနိုင်ခဲ့ပြီး ပွဲရှိန်ကို ထိန်းညှိ ပေးနိုင်ခဲ့ပါတယ် ။ မာရှယ် အတွက် ဂိုးဖန်တီးဖို့ နီးစပ်ခဲ့ပါသေးတယ် ။

အဲရစ်ဆင် (8)

ဆာဗစ်ဇာ ဒဏ်ရာရသွားလို့ ပွဲထွက်ခွင့် ရရှိခဲ့တဲ့ အဲရစ်ဆင်ဟာ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ကစားဟန်ကို ပြသရင်း အခွင့်အရေးကောင်းတွေ ပိုပြီး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

အန်တိုနီ (8)

အောက်တိုဘာ နောက်ပိုင်းမှာ ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်တစ်ဂိုးပါ ထပ်မံဖန်တီးပေးနိုင်ခဲ့ကာ ဖိအားတွေကို လျှော့ချ ပြသွားနိုင်ခဲ့ပါတယ် ။

ဘရူနို (8)

ကစားချင်တဲ့ နံပါတ် 10 နေရာမှာ ကစားခွင့် ရရှိခဲ့ပြီး အဲရစ်ဆင်၊ ကာစီမီရို တို့နဲ့ အကောင်းဆုံး ချိတ်ဆက်နိုင်ခဲ့သလိို တိုက်စစ် ကစားသမားတွေ အတွက် အခွင့်အရေးတွေ ဖန်တီးရင်း ဂိုးပေါက်ပါ ခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။

ဆန်ချို (5)

အန်တိုနီ ကောင်းလာနိုင်ခဲ့ပေမဲ့ သူကတော့ အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့သလို နီကို ဝီလီယံကိုပါ ကျော်ဖြတ်ဖို့ အခက်တွေ့ ရုန်းကန်ခဲ့ရပါတယ် ။

မာရှယ် (6)

ဘောလုံးကိုင် ကစားပုံ ကောင်းခဲ့ပြီး အဖွင့်ဂိုး ကိုလည်း ရရှိစေနိုင်ခဲ့ပါတယ် ။ ဂိုး ရရှိခဲ့သင့်ပေမဲ့ ကံခေခဲ့ပါတယ် ။ ဒီထက် ပိုကောင်းဖို့ ကြိုးစားရပါဦးမယ် ။

လူစားဝင် ကစားသမားများ…

ဝဂ်ဟော့စ် (6)
ဖရက်ဒ် (6)

#Sports_Myanmar