ဝက်စ်ဟမ်း Vs အာဆင်နယ် လန်ဒန်ဒါဘီ ပွဲရလဒ် ကို ခန့်မှန်းပေးလိုက်တဲ့ ခရစ်ဆပ်တန်

ဂန်းနား တို့ဟာ ဒီတစ်ပတ်မှာ လန်ဒန်ဒါဘီ ပွဲစဉ် အဖြစ် ဝက်စ်ဟမ်း အသင်း ရဲ့ အိမ်ကွင်း မှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။ နှစ်သင်းစလုံး နိုင်ပွဲ မဖြစ်မနေ ရယူဖို့ လိုအပ်နေတာကြောင့် အကြိတ်အနယ် ရှိမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်ဖို့ ရှိပါတယ် ။ အာဆင်နယ် အသင်းဟာ မနေ့က မန်စီးတီး အသင်း ရဲ့ နိုင်ပွဲကြောင့် နိုင်ပွဲ ရဖို့ လိုအပ်နေပြီး ဝက်စ်ဟမ်း အသင်းဟာလည်း တန်းဆင်းဇုန်က ရုန်းထွက်နိုင်ရေး ရလဒ်ကောင်း ရဖို့ လိုအပ်နေပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ လန်ဒန် ကလပ်တွေနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းတွေ ရယူ ထားနိုင်တဲ့ အသင်းဖြစ်ပါတယ် ။ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ်ဆပ်တန် ကတော့ ဒီနေ့ ပွဲမှာလည်း အာဆင်နယ် အသင်း ပဲ နိုင်ပွဲ ရသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် သွားခဲ့ပါတယ် ။

” အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်း ပြီးခဲ့တဲ့ တစ်ပတ် က နိုင်ပွဲ မရခဲ့မှုကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ် ။ ဖေဖော်ဝါရီ တုန်းက မန်စီးတီး ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီး ၇ ပွှဲ ဆက်တိုက် နိုင်ပွဲ နဲ့ အာဆင်နယ် အသင်း ပြန်လည် တုန့်ပြန် ပြ ခဲ့ပါတယ် ။ ”

” ဝက်စ်ဟမ်း ကွင်းမှာ အာဆင်နယ် အသင်း နိုင်ပွဲ က လွဲလို့ တခြား ရလဒ် ရလို့ မရပါဘူး ။ သူတို့ နိုင်ပွဲ ရလိမ့်မယ်လို့လည်း ကျနော် ကတော့ ထင်ပါတယ် ၊ ဝက်စ်ဟမ်း က ပြီးခဲ့တဲ့ အပတ်မှာ ဖူလ်ဟမ် ကို အနိုင် ကစားပြီး အရေးပါတဲ့ နိုင်ပွဲ တစ်ပွဲ ရယူ နိုင်ခဲ့ပါတယ် ။ ”

” သူတို့ ဒီတစ်ပတ်လည်း အမှတ်ရအောင် ကြိုးစား ကစားမှာပါ ၊ သူတို့ အစွမ်းကုန် ကြိုးစား ကစားကြပါလိမ့်မယ် ၊ ဒါပေမယ့် အာဆင်နယ် က သူတို့ အတွက် ကောင်းလွန်း နေပါတယ် ၊ အာဆင်နယ် အသင်း ၂ ဂိုးပြတ် အနိုင် ရသွားပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM