ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေတဲ့ အပေါ် မှတ်ချက်ပေး တုန့်ပြန်လိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

နိုင်ငံတကာ ပွဲစဥ်တွေ ပြီးဆုံးသွားခဲ့တဲ့နောက် ပြိုင်ပွဲ 3 ခုမှာ ဆက်လက် ရှိနေဆဲပဲဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဧပြီလအတွင်း ပွဲစဥ် 9 ပွဲအထိ ကစားရဖို့ အကြောင်းဖန်လာခဲ့ရပါတယ် ။ ဒါဟာ တစ်ပါတ်ကို နှစ်ပွဲ ကစားရခြင်းပါပဲ ။

 

အဲ့ဒီထဲမှာတော့ ယူနိုက်တက်တို့ဟာ 15 ရက် အတွင်းမှာ 4 ပွဲ အထိ ကစားထားခဲ့ပြီပဲ ဖြစ်ပါတယ် ။ မနက်ဖြန်မှာပဲ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ပွဲစဥ် အဖြစ် နော်တင််ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။

အဲ့ဒီနောက်မှာတော့ ဆီဗီလာ အသင်းနဲ့ ယူရို ပါလိဂ် ဒု – အကျော့ ပွဲစဥ် ၊ ဘရိုက်တန် နဲ့ FA ဖလား ၊ တော့တင်ဟမ် ဟော့ စပါး ၊ အက်စတွန် ဗီလာ အသင်းတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွေကို ဆက်တိုက်ဆိုသလို ကစားသွားရမှာပဲ ဖြစ်ပါတယ် ။

ဒါဟာ ကစားသမားတွေ အတွက်တော့ တကယ့်ကို ခက်ခဲဲတဲ့ ပွဲစဥ် ဇယား ရေးဆွဲမှုပဲ ဖြစ်ပါတယ် ။ နောက်ဆက်တွဲဲ အနေနဲ့ ကစားသမားတွေဟာ အခုလို ပွဲဆက် ကစားရမှုတွေကြောင့် ကြွက်သား ဒဏ်ရာတွေ ၊ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က သူ့အတွက် ဒီလို အတွေ့အကြုံမျိုးဟာ ကြုံပြီးသားဖြစ််ကြောင်း ၊ ဒီရာသီ ယူနိုက်တက် အတွက် 47 ပွဲထိ ကစားပေးထားခဲ့ပြီ ဖြစ်တဲ့ ကစားသမားဟာ စပို့တင်း လစ္စဘွန်းမှာတုန်းက တစ်ရာသီထဲ 56 ပွဲအထိ ကစားဖူးကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ကျွန်တောမ စပို့တင်းမှာ ရှိနေခဲ့စဥ်တုန်းက ဒါက တူညီတဲ့ ကိစ္စ တစ်ခု ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်ဟာ ပေါ်တူဂီ မြေမှာတော့ တစ်ရာသီ အတွင်း ကလပ် အသင်း အတွက် 56 ပွဲ အထိ ကစားပေးရတဲ့ ပထမဆုံး ကစားသမားတောင်် ဖြစ်ခဲ့ရပါသေးတယ် ”

” ကျွန်တော့်ရဲ့ လေ့ကျင့်ရေး အစီအစဥ်တွေ ပြီးဆုံးတိုင်း ကျွန်တော်ဟာ အပို လေ့ကျင့်ရေးတွေကို လုပ်ဆောင်ခဲ့ဖူးပါတယ် ။ အဲ့ဒီ အချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့ ဆရာဝန် ကိုယ်တိုင်က ဟေ့ရောင် လာတော့ ဆိုပြီးတော့တောင် ခေါ်တဲ့ အဖြစ်မျိုး ကြုံတွေ့ခဲ့ဖူးပါသေးတယ် ”

” အဲ့ဒီအချိန်တုန်းက အခု ဘာစီလိုနာ အသင်းမှာ ကစားနေတဲ့ ရာဖင်ဟာလည်း အသင်းမှာ ရှိနေခဲ့ပါသေးတယ် ။ တစ်နေ့တော့ သူဟာ ကျွန်တော်နဲ့ ဘောလုံးကန် လေ့ကျင့်ဖို့ ဆိုပြီးတော့ အချိန်ပို လေ့ကျင့်ရေးတွေ လုပ်ဆောင်ခဲ့ရင်းနဲ့ ဒဏ်ရာ ရရှိသွားခဲ့ပါတယ် ”

” ချက်ချင်းပဲ ဒေါက်တာက ကျွန်တော့်ဆီလာပြီး “အဲ့တာ မင်းကြောင့် ဖြစ်တာ ။ မင်းနဲ့အတူ ကစားဖို့ သူတို့ကို ပြောခဲ့တာ၊ အခုတော့ သူဒဏ်ရာရပြီ” ဆိုပြီးတော့တောင် ပြောဆိိုခဲ့ဖူးပါသေးတယ်။ ကျွန်တော်ကတော့ လုပ်နိုင်ပါတယ် ၊ ကျွန်တော့်ရဲ့ ကာယပိုင်း ကြံ့ခိုင်မှု​ကောင်းတယ်လေ ” လို့ ဘရူနို က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar