GOAT ဘယ်သူလဲဆိုတာ ရွေးချယ်ပေးလိုက်တဲ့ မော်ရင်ဟို

လက်ရှိ ဘောလုံး အားကစားလောကမှာတော့ ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ဘောလုံး သမိုင်းကြောင်းရဲ့ အကောင်းဆုံး ကစား သမား အဖြစ် ခေါ်ဆို ငြင်းခုန် နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ရိုးမား အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟို ကတော့ GOAT ရွေးချယ်ရာမှာ တပည့်ဟောင်း စီ ရော်နယ်ဒို ၊ ပြိုင်ဖက်ဟောင်း မက်ဆီ ၊ ပီလီ နဲ့ မာရာဒိုနာ တို့ကို ကျော်ပြီး ရော်နယ်ဒို နာဇာရီယို ကို ရွေးချယ်သွားခဲ့လိုက်ပါတယ် ။

” Ronaldo, El Fenomeno ပါပဲ ။ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ လီယို မက်ဆီ တို့ဟာ ရှည်လျားတဲ့ ကစားသမား ဘဝ ကို ပိုင်ဆိုင်ထားနိုင်ခဲ့ကြပါတယ် ။ သူတို့ဟာ လွန်ခဲ့တဲ့ 15 နှစ်အတွင်း နေ့စဥ်နေ့တိုင်း အကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ကြတယ်လေ ”

” ဘယ်လိုပဲ ဖြစ်နေပါစေ၊ ပါရမီ နဲ့ စကေး အကြောင်းကို ပြောရရင် ဘယ်သူမှ ရော်နယ်ဒို (ဘရာဇီး) ကို မကျော်နိုင်ပါဘူး။ သူ ဘာစီလိုနာ အသင်းမှာ ဘရိုင်ယန် ရော့ဘ်ဆင် နဲ့ အတူ ရှိနေခဲ့စဥ်က ကွင်းထဲ ကျွန်တော် မြင်တွေ့ခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ”

” ဒဏ်ရာ ပြသနာက ဒီထက်အများကြီး ခမ်းနားလာနိုင်တဲ့ ကစားသမား ဘဝ တစ်ခုကို ဖျက်ဆီးပစ်ခဲ့တာပါပဲ ။ ဒါပေမဲ့ ပါရမီ ထူးကဲမှု အပိုင်းမှာ 19 နှစ်သား အရွယ် အဲ့ဒီ ကောင််လေးဟာ မယုံကြည်နိုင်ဖွယ် ထူးကဲခမ်းနားလွန်းခဲ့ပါတယ် ” လို့ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဘာစီလိုနာ နဲ့ အေစီ မီလန် အသင်းတို့ရဲ့ ကစားသမားဟောင်း ဖြစ်သူ ဇလာတန် အီဗရာဟီမိုဗစ် ကလည်း ရော်နယ်ဒို နဲ့ ပတ်သက်လို့…

” ကျွန်တော့်အတွက်တော့ ရော်နယ်ဒို က အခမ်းနားဆုံးပါပဲ ။ သူဟာ ပီလီ လောက်ကို ကောင်းခဲ့ပါတယ် ။ သူ့လို ကစားသမားမျိုး ရှိကို မရှိပါဘူး ။ ဘယ်သူကမှ ရော်နယ်ဒို လောက် ဘောလုံး နဲ့ ကစားသမား ဘဝအပေါ် လွှမ်းမိုးနိုင်မှု မရှိခဲ့သေးပါဘူး ”

” ရော်နယ်ဒို ရဲ့ ပုံတွေကို ကျွန်တော့် အခန်းထဲ ကပ်ထားခဲ့ပါတယ် ။ သူက ပြိုင်ဖက်တွေကို ကျော်ဖြတ်ပြရုံ ၊ ဂိုးတွေ သွင်းယူပြရုံတင် မဟုတ်ပါဘူး ၊ ရော်နယ်ဒို က level တိုင်းမှာ အလွန်တော်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့တာပါ ။ ကျွန်တော် သူ့လို ကစားသမား ဖြစ်ချင်ခဲ့တာပါ ”

” သူက ကျွန်တော့်ရဲ့ ဟီးရိုး ဖြစ်ခဲ့ပြီး online က တဆင့် ကျွန်တော် သူ့ရဲ့ ပညာတွေ ဆည်းပူးခဲ့တာပါ ။ သူ့လိုမျိုး ရွေ့လျားမှုတွေ လုပ်နိုင်ဖို့ ကြိုးစားခဲ့တာပါ ။ သူ့လို လုပ်နိုင်ရင် ခမ်းနားတဲ့ကစားသမား ဖြစ်နိုင်မယ်လို့ ကျွန်တော် တွေးခဲ့တယ်လေ ” လို့ ဇလာတန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar