နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ က ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် ဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောဆို သွားခဲ့ပြီး ကယ်လ်ဗင် ဖိလစ် ဆက်မရှိနိုင် တော့တဲ့ အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောဆိုသွားခဲ့ ပါတယ် ။

 

ဒါ့အပြင် မန်စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား ဟာလည်း အပြေး လေ့ကျင့်မှုတွေ စတင် ပြုလုပ် နေပြီလို့ ဂွာဒီယိုလာ က ပြောဆိုခဲ့ ပါတယ် ။ ဒါပေမယ့် ဒီဘရိုင်းနား ကို အလျင်စလို အသုံးပြုဖို့ စိတ်ကူး သွားမှာ မဟုတ်ဘူးလို့လည်း ဂွာဒီယိုလာ က ပြောသွားခဲ့ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ကတော့ ဂျေဒန် ဆန်ချို အနေနဲ့ အသင်းကို ပြန်လာဖို့ ဆိုရင် ဘယ်လို ဘယ်ပုံ လုပ်ဆောင်ရမယ်ဆိုတာ ကောင်းကောင်း သိရှိ ထားပြီး ဖြစ်မယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။ ဆန်ချို ကတော့ တန်ဟတ် ကို ပြန်တောင်းပန်ဖို့ အစီအစဉ် မရှိဘဲ ဇန်နဝါရိ မှာ အသင်းကနေ ထွက်ခွာဖွယ် ရှိနေပါတယ် ။

 

မန်ယူနိုက်တက် အသင်းဟာ ဇန်နဝါရီ မှာ ကိစ္စ အများအပြား လုပ်ဆောင်သွားဖို့ စိတ်ကူး မရှိ ပေမယ့် ဘာတွေ ဖြစ်လာမယ် ဆိုတာကိုတော့ သူ ကြိုမသိနိုင်ကြောင်းလည်း အဲရစ် တန်ဟတ် က ပြောဆိုသွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့် ကတော့ အဖျားဝေဒနာကြောင့် မနေ့က လေ့ကျင့်ခန်း ကို မပါဝင်နိုင်ခဲ့ တာကြောင့် အခုည ကစားမယ့် ဘုန်းမောက်နဲ့ ပွဲကို လွဲချော်ဖို့ အလားအလာ များနေခဲ့ပါတယ် ။

 

ရီးရဲ မက်ဒရစ် လူသစ်လေး အာဒါ ဂူလာ ကတော့ မကြာခင် ပြန်လေ့ကျင့်မှု ပြုလုပ် နိုင်တော့မှာ ဖြစ်သလို ချူဝါမာနီ လည်း ပြန်လေ့ကျင့်နိုင်တော့မယ်လို့ နည်းပြကြီး အန်ဆယ်လော့တီ က ပြောဆိုသွားခဲ့ ပါတယ် ။ ဗီနီရှပ် ဂျူနီယာ နဲ့ ကာမာဗင်ဂါ တို့ကတော့ ၂၀၂၄ ထဲမှ အသင်းအတွက် ပြန်ကစားပေး နိုင်မယ်လို့လည်း အန်ဆယ်လော့တီ က ပြောဆိုသွားပါတယ် ။

 

စပါး ကတော့ ဇန်နဝါရီမှာ လူသစ်ခေါ်ယူဖို့ထက် လူငယ်ကစားသမားတွေကို နေရာပေးသွားဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

 

ဘိုင်ယန်မြုးနစ် နည်းပြ သောမတ်စ် တူချယ် ကတော့ ဘရိုင်ယန် ဇာရာဂိုဇာ ကို ယူရို ၁၅ သန်း နဲ့ ခေါ်ယူနိုင်မှု အပေါ် ဝမ်းမြောက်နေပြီး ဘရိုင်ယန် ဟာ တယောက်ချင်း လိမ်ခေါက် ကျော်ဖြတ်မှု ကောင်းမွန်သူ တယောက် ဖြစ်တယ်လို့ ထုတ်ဖော် ချီးကျူးသွားခဲ့ ပါတယ် ။