ဗင်နီးရှပ် နှင့် မာတင်နယ်လီ ဘယ်သူပိုကောင်းသလဲ​ ရွေးချယ် ပေးလိုက်တဲ့ အွန်နရီ

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ က လက်ရှိ အချိန်မှာ ဗင်နီးရှပ် ဂျူနီယာ ဟာ ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပြီး မာတင်နယ်လီ ဟာလည်း မကြာခင် အချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်သွား ခဲ့ပါတယ် ။

အွန်နရီ ဟာ ချဲလ်ဆီး နဲ့ ပွဲမှာ ပြသခဲ့တဲ့ ဗင်နီးရှပ် ရဲ့ စွမ်းဆောင်ရည် ကို သဘောကျ နှစ်သက် နေတာ ဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်ထဲ ထည့်သွင်းလို့ ရကြောင်း CBS Sports မှာ ပြောကြား သွားခဲ့တာပါ ။ အွန်နရီ က ကာရေဂါ ရဲ့ဗင်နီးရှပ် ကို ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံ ကစားသမား သတ်မှတ်လို့ ရပြီလား ဆိုတဲ့ မေးခွန်းကို

” ဒါပေါ့ဗျာ ၊ လက်ရှိ အချိန်မှာဆိုရင်တော့ သူက အကောင်းဆုံး ပါပဲ ။ သူ့အပြင် ပရီးမီးယားလိဂ် မှာ အာဆင်နယ် နဲ့ အတူ ခြေစွမ်းပြ ကစားနေတဲ့ မာတင်နယ်လီ လည်း ရှိပါတယ် ၊ သူကလည်း မကြာခင် အကောင်းဆုံး ကစားသမား ဖြစ်လာမယ့်သူပါ ။ ”

” ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဗင်နီးရှ​ပ်က Solid ဖြစ်တဲ့ စွမ်းဆောင်ရည်ကို ပြသ နိုင်ခဲ့ပါတယ် ။ တခြားသူတွေရဲ့ရှေ့မှာ သူ့ကို ဘာကြောင့် ထားသလဲ ခင်ဗျားတို့ သိကြလား ၊ သူ ဘယ်ကနေ ဒီလို အခြေအနေ ရောက်လာခဲ့တာလဲ ၊ အဝတ်လဲခန်း အတွင်း ဘယ်သူကမှ အလို မရှိတဲ့ ကစားသမား အဖြစ်ကနေ အသင်းအတွက် ပွဲတိုင်း မိနစ်တိုင်း ကစားပေးနေရသူ ဖြစ်လာခဲ့တာပါ ။ ”

” ပရိသတ်တွေရဲ့ လှောင်ပြောင်မှု လည်း ခံခဲ့ရသလို ရာသီကြို မှာလည်း abuse လုပ် ခံရပါတယ် ။ အဲ့ဒီလို ကြုံခဲ့ရလည်း သူ အသင်း အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြန်လည် ပြသ နိုင်ခဲ့ပါတယ် ၊ အခု အချိန်မှာ ရီးရဲလ် က သူ့ အသင်းလို ဖြစ်နေပါပြီ ၊ ဒီစကားက ဘန်ဇီးမား ပြောရမယ့် စကား ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူတို့ နှစ်ဦးစလုံးက တကယ်ကောင်းတဲ့ ကစားသမားတွေပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM