ဂါဘရီယဲလ် မာတင်နယ်လီ က နိုင်ငံတကာ ပွဲစဉ်တွေ အတွင်း ဘရာဇီး မီဒီယာ တစ်ခု နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းဖော် တိုက်စစ် ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းဝင် ဖြစ်တယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။
ဘရာဇီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ကိုလံဘီယာ ကို အရေးနိမ့် ခဲ့ရပြီး အဆိုပါ ပွဲမှာ မာတင်နယ်လီ ဟာ သူ့ရဲ့ နိုင်ငံ လက်ရွေးစင် ကစားသမား ဘဝ ပထမဆုံးဂိုးကို သွင်းယူ နိုင်ခဲ့ပါတယ် ။ မနက်ဖြန်မှာ ကစားမယ့် ခါးသီးပြိုင်ဘက် အာဂျင်တီးနား အသင်း နဲ့ ပွဲမှာလည်း မာတင်နယ်လီ ဟာ ပွဲထွက် ကစားမှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။
မာတင်နယ်လီက ဒီတစ်ပတ် Globo နဲ့ အင်တာဗျုးမှာ အသင်းဖော် ဂျေးဇု ဟာ အစ်ကို တစ်ယောက်လို ချစ်ခင် ရသူ ဖြစ်ပြီး ကလပ် အတွက်ရော နိုင်ငံ အတွက်ပါ အရေးပါတဲ့သူ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။ ” သူ(ဂျေးဇု) က ကျနော် အထင်အကြီးရဆုံး ကစားသမား စာရင်းထဲ ပါပါတယ် ။ သူက ကျနော့်အတွက် အစ်ကို တစ်ယောက်လိုပါပဲ ၊ ကျနော်တို့ နှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ သူငယ်ချင်း ဆက်ဆံရေး ရှိပါတယ် ။ ”
” သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ဦးပါ ၊ သူ ဘရာဇီး အသင်း အတွက်လည်း ကောင်းကောင်း လုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ၊ အာဆင်နယ် မှာ လုပ်ပြနေသလိုမျိုးပေါ့i ၊ ဘရာဇီး ပရိသတ်တွေ အတွက် ပျော်ရွှင်မှုတွေ ဆောင်ယူ ပေးချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM