ဇန်နဝါရီမှာ ပေါင် သန်း ၄၀ နဲ့ ကစားသမားတစ်ဦးကို ရောင်းထုတ်သွားမယ့် အာဆင်နယ်

 

အာဆင်နယ် နည်းပြ အာတီတာ ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် ကြယ်ပွင့် တစ်ဦးကို ရောင်းချ သွားဖို့ ဆန္ဒ ရှိနေပါတယ် ၊ ဒါပေမဲ့လည်း အဆိုပါ ကစားသမား အတွက် လက်ခံ နိုင်လောက်တဲ့ ပမာဏ နဲ့ ကမ်းလှမ်းလာမှသာလျှင် လက်လွတ် သွားမှာ ဖြစ်ပါတယ် ။

ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ရောက်ဖို့ တစ်လ ကျော်သာ လိုတော့တဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ သူတို့ ပစ်မှတ်ထား ခေါ်ယူမယ့် ကစားသမားတွေကို သတ်မှတ်ထားပြီး ဖြစ်သလို ရောင်းချ သွားမယ့် ကစားသမားကိုလည်း ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။

အာဆင်နယ် အသင်း ရဲ့ကစားသမားတွေကို စိတ်ဝင်စားနေကြတဲ့ အသင်းတွေ များပေမယ့် အသင်းဘက်ကတော့ ကစားသမား တစ်ဦးကလွဲလို့ ကျန်သူတွေကို ရောင်းချဖို့ ဆန္ဒ မရှိပါဘူး ။ အဆိုပါ ကစားသမားကတော့ ကွင်းလယ်လူ သောမက်စ်ပါတေး ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ မကြာခဏ ဒဏ်ရာ ရနေတဲ့ ပါတေး နေရာ ကို အစားထိုးဖို့ ဆန္ဒ ရှိနေတာ ဖြစ်ပြီး ပေါင် သန်း ၄၀ လောက် နဲ့ ကမ်းလှမ်းလာပါက လက်ခံ စဉ်းစား သွားမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဇန်နဝါရီ မှာ ကွင်းလယ်လူသစ် နေရာ အတွက် ဒေါက်ဂလပ်စ် လူးဝဇ် ၊ ရူဘင် နီဗက်စ် တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။

ပါတေး ကို ခေါ်ယူချင်တဲ့ အသင်း‌‌တွေ အဖြစ် စီရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်း နှင့် ဆော်ဒီကလပ် အယ်အိုင်လီ နှင့် အယ်လ်အီတီဖက်တို့က သတင်းထွက်နေပါတယ် ။ ဒါပေမဲ့ ဂျူဗင်တပ်စ် အသင်းဟာ အာဆင်နယ် အသင်း တောင်းဆိုတဲ့ ပမာဏ ကို ပေးနိုင်ဟန်တော့ မရှိဘဲ အပြီးသတ် ခေါ်ယူခွင့် ပါရှိတဲ့ အငှား စာချုပ်နဲ့သာလျှင် ကမ်းလှမ်း သွားဖို့ ရှိပါတယ် ။ ဆော်ဒီ ကလပ်တွေကတော့ အာဆင်နယ် အသင်း ရဲ့ ပေါင် သန်း ၄၀ သတ်မှတ်ချက်ကို ပေးနိုင်မယ့် အနေအထား ရှိပါတယ် ။

SM