မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ လီဗာပူး အသင်းဟာ အိမ်ကွင်းမှာ အသင်းကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ကစားပြီး အဆင့် ၁ နေရာနဲ့ ပိုမို နီးကပ်လာခဲ့ ပါတယ် ။ အဆင့် ၁ က မန်စီးတီး ကတော့ ချဲလ်ဆီး ရဲ့ စတမ်းဖိုဒ့် ဘရစ်ကွင်းမှာ ၄ ဂိုးစီ သရေကျခဲ့တာကြောင့် အာဆင်နယ် ကို ၁ မှတ်အသာ နဲ့ အဆင့် ၁ နေရာကို ဆက်လက် ထိန်းသိမ်းထား နိုင်ခဲ့ပါတယ် ။
ဘရိုက်တန် အသင်းဟာ ရှက်ဖီးယူနိုက်တက် ကို အနိုင် မကစားနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက်တို့ အဆင့် ၆ မှာ ဆက်နေနိုင်ခဲ့ပါတယ် ။ ဝက်စ်ဟမ်း ကတော့ နော်တင်ဟမ် ဖောရက်စ် ကို ၃-၂ နဲ့ အနိုင်ရခဲ့ပြီး အက်စတွန် ဗီလာ ကလည်း ဖူလ်ဟမ် ကို ၃-၁ နဲ့ အနိုင်ကစားသွားခဲ့ပါတယ် ။
နိုဝင်ဘာ နိုင်ငံတကာ ရက်သတ္တပတ်ကို ဝင်ရောက်လာချိန်မှာတော့ မန်စီးတီး က ၂၈ မှတ် နဲ့ အဆင့် ၁ ၊ လီဗာပူး နဲ့ အာဆင်နယ် တို့က ၁ မှတ်အကွာ ၂၇ မှတ်စီနဲ့ လိုက်လံ ဖိအားပေးနေကာ စပါး က ၂၆ မှတ်နဲ့ ရပ်တည်နေ ပါတယ် ။
စပိန် လာလီဂါ မှာတော့ ဘာစီလိုနာ အသင်းဟာ အာလာဗက်စ် အသင်းကို တိုက်စစ်မှူး လီဝန်ဒေါ့စကီး ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင် ရရှိခဲ့ပါတယ် ။ အက်သလက်တီကို မက်ဒရစ် အသင်းကိုလည်း ဗီလာရီးရဲ အသင်းကို ၃-၁ နဲ့ အနိုင် ကစားသွားနိုင်ခဲ့ ပါတယ် ။
အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် ဟာ ဖရိုဆီနိုနီ အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၁ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ ပါတယ် ။ လာဇီယို ကတော့ ရိုးမား နဲ့ ရောမ ဒါဘီပွဲကို ကစားခဲ့ပြီး ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ် ။
ချဲလ်ဆီး ၊ ဘာစီလိုနာ ၊ အာဆင်နယ် နဲ့ စပိန် ကွင်းလယ်လူဟောင်း ဆက် ဖာဘရီဂတ်စ် ကတော့ စီးရီးဘီ ကလပ် ကိုမို အသင်းကို နည်းပြအဖြစ် အပြည့်အ၀ တာဝန်ယူကိုင်တွယ် တော့မယ်လိုပ သိရပါတယ် ။ ဖာဘရီဂတ်စ် ဟာ ကိုမို အသင်းရဲ့ လူငယ် နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေတာဖြစ်ပြီး အသင်းကြီး နည်းပြ မိုရီနို လွန်ဂို ကို ထုတ်ပယ်လိုက်တာကြောင့် အသင်းကြီးဆီ တက်ရောက်ကိုင်တွယ်သွားမှာပဲ ဖြစ်ပါတယ် ။
နာပိုလီ အသင်းကတော့ နည်းပြ ရူဒီ ဂါစီယာ ကို ထုတ်ပယ်ဖို့ နီးကပ်နေပြီး အီဂေါ တူဒေါ ကို အစားထိုး ခန့်အပ်ဖို့ ဆွေးနွေး လုပ်ဆောင်နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ် ။
ရီးရဲမက်ဒရစ် အသင်းဟာ အာဒါ ဂူလာ ရဲ့ ဒဏ်ရာ မကြာခဏ ပြန်လည် ရရှိနေမှု အပေါ် စိတ်ပျက်နေပြီး အသင်းရဲ့ ဆေးအဖွဲ့ အကြီးအကဲ ကို အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။
SPORTS MYANMAR