အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ အသင်းရဲ့ အဝတ်လဲခန်းထဲ ဘာတွေ ဖြစ်ပျက်နေခဲ့သလဲဆိုတာကို ထုတ်ပြောလိုက်တဲ့ ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ် က အသင်းကို တဖြေးဖြေး ပြောင်းလဲ ပေးလာနိုင်ခဲ့တဲ့ နည်းပြ အဲရစ် တန်ဟတ်ရဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက်ပါတယ် ။ ယူနိုက်တက် အသင်းဟာ သူ့ရဲ့ လက်အောက်မှာ တိုးတက်လာခဲ့တာက အားလုံး အသိပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံံး ရာသီတုန်းက ဆိုးလ်ရှား လက်အောက်မှာ ရလဒ်တွေ မကောင်းခဲ့တဲ့အတွက် ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူနဲ့ လမ်းခွဲခဲ့ရပါတယ် ။ သူ့ရဲ့ နေရာကို အစားထိုး ဝင်ခဲ့တဲ့ ရဲ့လ်ဖ် ရန်းဂနစ် ကလည်း အသင်းကို တိုးတက်အောင်် မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။

အဲ့ဒီနောက် သူဟာ လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ် တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ဖို့ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက် နယ်သာလန်သားဟာ ဒီအသင်းကို တစ်စထက် တစ်စ ပြောင်းလဲ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ပထမဆုံး အနေနဲ့ သူဟာ အသင်းအတွက် စည်းကမ်းချက််တွေ သတ်မှတ်ခဲ့ပြီး မလိုက်နာသူတွေကို မခွဲခြားပဲ ပြစ််ဒဏ်ခတ်ခဲ့ပါတယ် ။ အခုတော့ သူဟာ အသင်းအတွက် ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်ခဲ့ပြီး ကာရာဘောင် ဖလားကိုလည်း ဆွတ်ခူးပေးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ယူနိုက်တက်တို့ဟာ ထိပ်သီး 4သင်း စာရင်းဝင် အဖြစ်နဲ့ ရာသီကုန်ဆုံးနိုင်ဖို့ ရေပန်းစားနေခဲ့သလို ယူရို ပါလိဂ် နဲ့ FA ဖလား တို့ကိုလည်း မျှော်လင့်နိုင်ခွင့် ရှိနေသေး တာပဲ ဖြစ်ပါတယ် ။ အခုတော့ ဖရက်ဒ် က နည်းပြသစ်ရဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

” သူဟာ အသင်းရဲ့ အဝတ်လဲခန်း အပေါ်မှာ ထူးကဲလွန်းတဲ့ အကျိုး သက်ရောက်မှုတွေ ပေးဆောင်ထားနိုင်ခဲ့ပါတယ်် ။ သူမလာခင်ကတည်းက ကျွန်တော်တို့တွေဟာ အေဂျက်ဇ် သူ့ရဲ့အချိန်တွေ၊ အလုပ်လုပ်ပုံတွေနဲ့ ကစားပုံတွေ အကြောင်း သိရှိထားနှင့်ခဲ့ပြီးသား ဖြစ်ခဲ့ကြပါတယ် ”

” သဘာဝအားဖြင့် နည်းပြ တစ်ယောက် အထိုက်ကျနိုင်ဖို့ အချိန်ပေးရတာ အားလုံးအသိပါ ။ ဒါပေမဲ့ သူကတော့ ကျွန်တော်တို့ အားလုံးကို ကွင်းထဲ အကောင်းဆုံး သွန်သင််ပေးနိုင်ခဲ့ပြီး သူ့စိတ်ကြိုက် အလုပ်ကို ဘယ်လိုမျိုး လုပ်ရမလဲဆိုတာပါ သင်ကြားပေးနိုင်ခဲ့ပါတယ် ”

” သူဟာ ခမ်းနားတဲ့ နည်းပြ တစ်ဦး ဖြစ်ပြီး သူနဲ့ အလုပ် လုပ်ရတာကို ကျွန်တော်တို့ ပျော်ရွှင်ကြပါတယ် ။ နည်းပြတိုင်းမှာ သူတို့ လိုချင်တဲ့ ၊ ကစားစေချင်တဲ့ ပုံစံတွေ ရှိကြပါတယ် ။ အဲ့ဒီထဲမှာ အထိုင်ကျနိုင်ရေးဆိုတာ ကျွန်တော််တို့ အပေါ်ပဲ မူတည်တာပါ ”

” အဲ့လို ဖြစ်နိုင်ဖို့ မလွယ်ပါဘူး ။ ဒါမျိုးက ညတွင်းချင်း ဖြစ်သွားနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး ။ ဒါပေမဲ့ သူ့ဖက်မှ ကျွန်တော်တို့ဆီက ဘာတွေ လိုချင်သလဲဆိုတာကို ကျွန််တော်တို့ တဖြေးဖြေး နားလည်လာနိုင်ခဲ့ကြပါတယ် ။ သူ လိုချင်တဲ့ ပုံစံကို ကျွန်တော်တို့ နည်းနည်းချင်းစီ နားလည် ခဲ့ပြီး တဖြေးဖြေး အံဝင်အောင် ကြိုးစားခဲ့ရပါတယ် ”

” သူလုပ်ခိုင်းချင်တာတွေကို ကျွန်တော်တို့ လေ့ကျင့်ရင်း ကွင်းထဲမှာ အသုံးချလာနိုင်ခဲ့ကြပါတယ် ။ အဲ့တာကပဲ အသင််းကို တိုးတက်စေဖို့ လမ်းစတစ်ခု ဖြစ်စေခဲ့တာပါပဲ ” လို့ ဖရက်ဒ် က အခုလို ထုတ်ဖော် ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar