မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေမှာ လီဗာပူး ဟာ တူးလောက်စ် အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ ဒါပေမယ့် လီဗာပူးတို့ အုပ်စုပထမ နေရာမှာ ဆက်ရှိနေဆဲဖြစ်ပြီး ပွဲစဉ် ၅ ကို အနိုင်ရရှိပါက ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်တော့မှာပဲ ဖြစ်ပါတယ် ။
အခြား အင်္ဂလိပ်ကလပ်တွေ ဖြစ်ကြတဲ့ ဝက်စ်ဟမ်း နဲ့ ဘရိုက်တန် တို့လည်း နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပါတယ် ။ ဘရိုက်တန် ဟာ အိုင်ယက်စ် ကို အဝေးကွင်းမှာ ၂-၀ နဲ့ နိုင်ခဲ့တာဖြစ်ပြီး အန်ဆု ဖာတီ ၁ ဂိုးသွင်းပေးခဲ့ပါတယ် ။
နာပိုလီ အသင်းကတော့ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြောဆို ဆွေးနွေး နေကြပြီ ဖြစ်ပါတယ် ။
အာဆင်နယ် ဟာ အနည်းဆုံး နှစ်ကုန်အထိ အနားယူရတော့မယ့် ကွင်းလယ်လူ သောမတ်စ် ပါတေး ရဲ့ ကြံ့ခိုင်မှု ကြောင့် လာမယ့် ဇန်နဝါရီဈေးကွက်ထဲမှာ ကွင်းလယ်လူသစ် တယောက် ခေါ်ယူ အားဖြည့်ဖို့ စိတ်ကူးလာတယ်လို့ သိရပါတယ် ။
တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ရစ်ချလီဆင် ဟာ သူ့ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တာကြောင့် လပေါင်းများစွာ လက်လွှတ်ရတော့မှာ ဖြစ်တယ်လို့ စပါး အသင်းဘက်က အသိပေးထုတ်ပြန်သွားခဲ့ပါတယ် ။
ဘိုင်ယန်မြုးနစ် အသင်းကတော့ တောင်ပံ ကစားသမား လီရွိုင် ဆာနေး ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပြီလို့ အသိပေးသွားခဲ့ပါတယ် ။
နာမည်ကျော် Sky Sports ကတော့ ဗြိတိန် ရဲ့ ရုပ်သံလောက ကို လက်ဝါးကြီး အုပ်နိုင်ဖို့ လုပ်ဆောင် နေပြီး ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပိုမို ပြသခွင့် ရရှိအောင် ကြိုးစားနေတယ်လို့ သိရပါတယ် ။
မန်ယူနိုက်တက် ပိုင်ရှင်သစ် ဖြစ်လာတော့မယ့် ဗြိတိန် ဘီလီယံနာ ဆာ ဂျင် ရတ်ကလစ် ဟာ CEO ရစ်ချတ် အာနိုး အပါအဝင် အကြီးပိုင်း နေရာ ၃ နေရာခန့်ကို အပြောင်းအလဲ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။
အက်သလက်တီကို မက်ဒရစ် နည်းပြကြီး ဒီယေဂို ဆီးမြွန်းနီ ကတော့ မက်ဒရစ် ကလပ် နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပါပြီ ။ ဆီးမြွန်းနီ ဟာ ၂၀၁၁ ခုနှစ်မှာ အေတီကို မက်ဒရစ် ဆီ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ် ။
SPORTS MYANMAR