နံနက်ခင်း အားကစားသတင်းများ

ဘာစီလိုနာ အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဂီရိုနာ အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ ပါတယ် ။ ဘာစီလိုနာ ဟာ ရီးရဲ မက်ဒရစ် ကို ၁၃ မှတ် အသာနဲ့ ဦးဆောင် ထားပြီး မေလ အစပိုင်းမှာ ဗိုလ်စွဲမယ်လို့ တစ်ပေး ခံထားရပါတယ် ။
ဘာဆာ နည်းပြ ဇာဗီ ကတော့ ဖေဖော်ဝါရီ နောက်ပိုင်း ကတည်းက ဂိုးသွင်းခြေ ကျလာတဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး အပေါ် သံသယ မဝင်မိ ပါဘူးလို့ ကာကွယ် ပြောဆို သွားခဲ့ ပါတယ် ။

လက်စတာ စီးတီး အသင်းဟာ အက်စတွန် ဗီလာ နည်းပြဟောင်း ဒင်းစမစ် ကို ရာသီကုန် အထိ နည်းပြ အဖြစ် ခန့်အပ် လိုက်ကြောင်း ကြေညာခဲ့ ပါတယ် ။
ဒင်းစနစ် နဲ့ ဗီလာ မှာ လက်တွဲ ဖူးတဲ့ ချဲလ်ဆီး ဂန္ထဝင်ကြီး ဂျွန်တယ်ရီ ဟာ အခု လက်စတာ မှာလည်း လက်ထောက် နည်းပြ အဖြစ် ပါဝင် လုပ်ကိုင်သွားမယ်လို့ သတင်း ကြားသိရ ပါတယ် ။

လီယွန်နယ် မက်ဆီ ရဲ့ ဖခင် ဟော်ဟေး ဟာ ဘာစီလိုနာ အသင်း အကြီးအကဲ လာပေါ်တာ နဲ့ တွေ့ဆုံ ခဲ့တယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။
မက်ဆီ ဟာ ရာသီအကုန်မှာ PSG နဲ့ စာချုပ်သစ် မချုပ်ဘဲ ပဲရစ် ကနေ ထွက်ခွာဖွယ် ရှိနေကာ ဘာစီလိုနာ ကို ပြန်ရောက်ဖို့ အလေးပေးခံထားရပါတယ် ။

ဘာစီလိုနာ ဒါရိုက်တာ ဂျော်ဒီ ခရပ်ဖ် ကို ပရီးမီးယားလိဂ် ကလပ်တွေ ဆီက ကမ်းလှမ်းမှု ပြုလုပ် ထားပြီး ဘာဆာ ဘက်က ခရပ်ဖ် ကို လက်မလွှတ်လိုဘူးလို့ သိရှိရ ပါတယ် ။

ချဲလ်ဆီး ကတော့ အက်သလက်တီကို မက်ဒရစ် ကနေ အငှား ခေါ်ယူထားတဲ့ ပေါ်တူဂီ စတားလေး ဖဲလစ် ကို အပြီးသတ် ဝယ်ယူဖို့ အတွက် အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ် ။

အာဆင်နယ် ကလည်း ပြင်သစ်လိဂ် မှာ အငှားထွက် ကစားပြီး ပုံစံကောင်း ပြနေတဲ့ လူငယ် တိုက်စစ်မှူးလေး ဘာလိုဂန် ကို နွေရာသီမှာ ရောင်းထုတ်သွားဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ် ။

ဟောလိဝုဒ် သရုပ်ဆောင် ရိုင်ယန်ရေးနော့ဒ် ပိုင်ဆိုင်တဲ့ ဝရက်ဟမ်း အသင်းဟာ မနေ့ညက နေရှင်နယ်လိဂ် ပွဲစဉ် မှာ အမှတ်တူ အားပြိုင်နေတဲ့ နော့ကောင်တီ အသင်းကို ၃-၂ နဲ့ အနိုင် ကစားပြီး လိဂ် ချန်ပီယံ ဖြစ်ဖို့ အလားအလာ ကောင်းသွားခဲ့ပါတယ် ။

ချန်ပီယံရှစ် မှာလည်း တန်းတက်ခွင့် ရရှိထားပြီး ဖြစ်တဲ့ ဗင်းဆင့် ကွန်ပနီ ရဲ့ ဘန်လေ ဟာ မနေ့ညက ပွဲမှာ ရှက်ဖီး ယူနိုက်တက် အသင်းကို ၂-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေး ချန်ပီယံဆု နဲ့ နီးကပ်လာခဲ့ ပါတယ် ။

SPORTS MYANMAR