သူ မနှစ်သက်တဲ့ အရာနဲ့ ဒီရာသီ သူ့ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ထုတ်ပြောလိုက်တဲ့ Lucky Charm မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူး ဖြစ်သူ ဟယ်ရီ မက်ဂွားယား က သူ့ရဲ့ ဒီရာသီ ပွဲထွက်ခွင့်တွေ နည်းပါးခဲ့ခြင်းအပေါ် စိတ်မကျေမနပ် ဖြစ်မိကြောင်း ၊ သူ့လိုကြုံရရင် အခြားအသင်းဖော်တွေလည်း ဒါကိုနှစ်သက်ကြမှာ မဟုတ်ကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယား ဆိုတာ ဒီနှစ်တွေ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်းကို လုံခြုံမှုတွေ မပေးနိုင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေအောက် ကျရောက်ခဲ့ပြီး ပွဲထွက် ကစားခွင့်တွေ အကန့်အသတ် ခံရသူ တစ်ဦး ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ သူဟာ နည်းပြ ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ အမြဲတမ်း ရွေးချယ်ခွင့် ၊ ပွဲထွက် ကစားခွင့်တွေ ရရှိထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲဲ့ ကလပ် အဆင့်မှာ လီဆန်ဒရို မာတီနက်ဇ် နဲ့ ရာဖေးလ် ဗာရန်း တို့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး ။

ဒါပေမဲ့ အချက်အလက်တွေကို ပြန်လည် လေ့လာကြည့်ရှုလိုက်မယ်ဆိုရင် ဒီရာသီ မက်ဂွားယား မှ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် မိနစ် 90 ပြည့် ကစားထားခဲဲ့တဲ့ နောက်ဆုံး ပွဲစဥ် 10 ပွဲလုံးမှာ အနိုင် ရလဒ်သာ ထွက်ပေါ်ခဲ့တဲ့အတွက် သူ့ကို Lucky Charm လို့တောင် ခေါ်လို့ရနေပါပြီ ။

အခုတော့ ကစားသမား ကိုယ်တိုင်က သူဟာ ပွဲထွက်ခွင့်တွေ မရတာကို မနှစ်သက်ကြောင်း ၊ ဒါပေမဲ့ နည်းပြ ဖြစ်သူရဲ့ ဆုံးဖြတ်ချက်တွေကို သူ့ဖက်က လေးစားရမှာ ဖြစ်ကြောင််း ၊ ဒီရာသီ သူ့ရဲ့ ရည်မှန်းချက်က ကျန်တဲ့ ဖလား 2 လုံးကို ဆွတ်ခူးရေးသာ ဖြစ်ကြောင်း ပြောကြားခဲ့လိုက််ပါတယ် ။

” နားထောင် ၊ ကျွန်တော် ဒီမှာထိုင်ပြီး ပွဲမကစားရတာကို ပျော်နေတယ်လို့ ပျော်နေတယ်လို့ ပြောမှာ မဟုတ်ပါဘူး ။ ကျွန်တော် ပွဲစဥ်တိုင်း ကစားချင်တယ် ၊ လွန်ခဲ့တဲ့ 8 နှစ်အတွင််းမှာလည်း ကျွန်တော် အဲ့တာကို လုပ်ပြခဲ့ပြီးပြီ ။ နောက််ပြီး မန်နေဂျာ ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်က လေးစားရမှာပါ ”

” ပြီးတော့ အသင်းရဲ့ ဗဟို ခံစစ် နေရာမှာ ပွဲထွက် ကစားခွင့် ရရှိဖို့ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာလည်း ကျွန်တော် သိရှိပါတယ် ။ လေးစားသမှုလည်း ရှိပါတယ် ။ နားထောင်၊ ကျွန်တော်အခွင့်အရေးရရင် အကောင်းဆုံး ကြိုးစားလိုပါတယ် ၊ အနိုင်ရချင်ပါတယ် ”

” ဒါပေမဲ့ အရေးအကြီးဆုံးက ပွဲစဥ်အပေါ် ကျွန်တော်တို့ အသင်း လွှမ်းမိုးနိုင်ရေးပါ ။ ဟုတ်ပါတယ် ၊ ကျွန်တော်က ပွဲစဥ်တိုင်း ကစားချင်သူပါ။ ကျွန်တော့်တို့အသင်းရဲ့ ဗဟို ခံစစ်မှူးတိုင်းကို မေးကြည့်လိုက်ပါ ။ သူတို့လည်း ပွဲစဥ်တိုင််း ပွဲထွက် ကစားချင်ကြမှာပါပဲ ”

” သူတို့ အားလုံးက အတွေ့အကြုံ ရင့်ကျက်သူတွေ ဖြစ်ကြပြီး အဆင့်အတန်း တစ်ခုမှာ ကစားခဲကြသူတွေချည််းပါပဲ ။ သူတို့တွေလည်း အရန်ခုံပေါ်မှာထိုင်ကြရရင် တကယ့်ကို မကျေမနပ်ဖြစ်မိကြမှာပါပဲ ။ ကျွန်တော့်ရဲ့ အတွင်းစိတ်ကလည်း သူတို့နဲ့ ထပ်တူပါပဲ ”

” နားထောင် ၊ ကျွန်တော်တို့ အလုပ်များတဲ့ ရာသီကုန်အချိန််တွေကို ဖြတ်သန်းရပါတော့မယ်။ အခုအချိန်မှာ ကျွန်တော့်ရဲ့ စိတ်က နောက်ထပ် ဖလားနှစ်လုံးကို ဆွတ်ခူးဖို့ပဲ ရည်ရွယ်နေပါတယ် ။ ကာရာဘောင် ဆွတ်ခူးရင်း ပျော်ရွှင််မှုတွေ ကျွန်တော်ခံစားခဲ့ပြီးပါပြီ ။ ဒီနှစ်အတွက်တော့ နောက်ထပ် နှစ်ကြိမ် ပျော်ရွှင်ချင်ပါသေးတယ် ” လို့ မက်ဂွားယား က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar