မန်စီးတီး အတွက် ဂွာဒီယိုလာ လိုချင်နေမယ့် အာဆင်နယ် ကစားသမား နာမည်ကို ပြောကြားလိုက်တဲ့ ဂယ်ရီနဗီးလ်

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က အဲဗာတန် အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်းရဲ့ကပ္ပတိန် အော်ဒီဂတ် ကို ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။ အဲဗာတန် နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ထရောဆက်ဒ် ရဲ့ သွင်းဂိုး နဲ့ အနိုင် ရသွားခဲ့ပြီး ဒီရာသီ ၄ ပွဲမြောက် နိုင်ပွဲ ကို ရယူ နိုင်ခဲ့ပါတယ် ။အဲဗာတန် နဲ့ ပွဲမှာ အော်ဒီဂတ် ရဲ့စွမ်းဆောင်ရည် ကို မြင်တွေ့အပြီးမှာဝော့ာ နဗီးလ် က နော်ဝေသားဟာ မန်စီးတီး အတွက် ဂွာဒီယိုလာ လိုချင်နေမယ့် ကစားသမားမျိုး ဖြစ်တယ်လို့ သုံးသပ် သွားခဲ့ပါတယ်။ ” ဒီလို ပြောဖို့က အများကြီး လိုနေသေးတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ခုနှစ်နှစ် ရှစ်နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ကစားပုံ အလှပဆုံး အညက်ညောဆုံး ကစားသမားဆို ဒီဘရိုင်းနား နှင့် ဒေးဗစ်ဆေးလ်ဗား တို့ကိုပဲ ပြေးမြင်မိပါတယ် ။ “” သူတို့ကို ကြည့်ပြီး ဘောလုံး ကစားနည်းက ဒီလိုပါလား ဆိုပြီး တွေးမိတဲ့ ကစားသမား‌ တွေပေါ့။အော်ဒီဂတ် က ဒီဘရိုင်းနား နှင့် ဒေးဗစ်ဆေးလ်ဗား တို့လောက် ကောင်းနေပြီလို့ ကျနော် ဆိုလိုတာ မဟုတ်ပါဘူးနော် ၊ သူတို့ အဆင့်ရောက်ဖို့ အော်‌ဒီဂတ် နည်းနည်း ကြိုးစား ရပါဦးမယ် ၊ ဒါပေမဲ့ အော်ဒီဂတ် အခု ရောက်နေတဲ့ အဆင့် ၊ ကစားပုံက ကြည့်ရတာ ချောမွေ့လှပြီး မျက်စိပသာဒ ရှိလှပါတယ် ။ “

” သူက အမြဲတမ်း အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ခဲ့တယ်ဆိုတာ ကျနော် သိပါတယ် ။ ဒါပေမဲ့ ကျနော် ခုပြောချင်တာက မတူပါဘူး ၊ သူ ကစားတာက တကယ့်ကို အရည်အသွေး မြင့်မားလွန်းလှပြီး အထက်တန်းစား အဆင့်ပါပဲ ။ ဂွာဒီယိုလာ ကိုသာ အာဆင်နယ် က ကစားသမားတွေထဲမှာ ဘယ်သူ့ကို လိုချင်သလဲလို့ မေးရင် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အော်ဒီဂတ် ကို လိုချင်တယ်လို့ ဖြေမယ်လို့ ထင်ပါတယ်။ “

” သူက မန်စီးတီး အသင်းမှာ ချက်ချင်း နေရာ ရနိုင်မယ့်သူပါ ၊ သူ ကစားတာ တကယ် ကြည့်လှပါတယ် ၊ ကျနော် သူ ကစားတာကို ကြည့်တဲ့ အချိန်တိုင်း တစ်ပွဲထက် တဟ်စ်ပွဲ ပိုပို ကောင်းလာတယ်လို့ မြင်ပါတယ် ၊ အာဆင်နယ် အနေနဲ့ သူ့လို ကစားသမားမျိုး ရှိနေတာကို အသိအမှတ်ပြုရပါလိမ့်မယ် ၊ အာဆင်နယ် အသင်းသား‌တွေ အနေနဲ့လည်း သူ့ကို အလေးထား ဆက်ဆံဖို့ လိုပါတယ် ၊ သူသာ final third အတွင်း ဘောလုံး များများရရင် အာဆင်နယ် အသင်း ဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ပိုရလာလေပါပဲ ။ “

SM