အဲဗာတန် အသင်း ကို အနိုင်ရတဲ့ ပွဲမှာ အာဆင်နယ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကို သွင်းယူပေးခဲ့တဲ့ ထရော့ဆက်ဒ် က short corner တွေကို အသုံးပြုခဲ့ခြင်းဟာ နိုင်ပွဲ အတွက် အခရာကျခဲ့တယ်လို့ ပြောကြား လိုက်ပါတယ် ။
၂၀၁၇ ခုနှစ် နောက်ပိုင်းကတည်းက ဂွတ်ဒီဆင်ပါခ့်မှာ နိုင်ပွဲ မရတော့တဲ့ အာဆင်နယ် အသင်းဟာ မနေ့က လူစားဝင် ကစားသမား ထရောဆက်ဒ်ရဲ့သွင်းဂိုးနဲ့ အတူ နိုင်ပွဲ ပြန်လည် ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာကို ပြန်လည်တက်လှမ်း လာခဲ့ပါတယ် ။ အဲဗာတန် နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ရရှိလာတဲ့ ထောင့်ကန်ဘော အများစုကို ကန်မတင်တော့ဘဲ အချင်းချင်း အပေးအယူလုပ်ပြီးပဲ ကစားခဲ့ရာ ထရောဆက်ဒ် ရဲ့သွင်းဂိုးကလည်း အဆိုပါ နည်းစနစ်ကနေပဲ ရရှိခဲ့တာ ဖြစ်ပါဝာယ် ။
ထရောဆက်ဒ် က ပွဲအပြီး အင်တာဗျူးမှာ ” အဲဗာတန် မှာ အရပ်ရှည်တဲ့သူတွေ အများကြီး ရှိသလို တည်ကန်ဘောတွေမှာလည်း အားကောင်းကြပါတယ်။သူတို့ကို ချေမှုန်း အသာရဖို့ နည်းစနစ်ပိုင်း ကျနော်တို့ သေချာ ပြင်ဆင် လေ့ကျင့် ထားခဲ့ပါတယ် ၊ အသင်းအတွက် အနိုင်ဂိုး သွင်းပြီး နိုင်ပွဲ ရရှိအောင် ကူညီ နိုင်ခဲ့တဲ့ ခံစားချက်က တကယ်ကောင်းပါတယ်။ ”
” ကျနော် ဘူကာရို ရဲ့ နာမည် ကို အော်ခေါ် ခဲ့ပြီး သူကလည်း ကျနော့် ပြေးလမ်းဆီ ကွက်တိ ကို ပေးနိုင်ခဲ့ပါတယ် ။ လုံးဝ ပြီးပြည့်စုံတဲ့ အသင်းလိုက်ဆောင်ရွက်မှုနဲ့ ဂိုးဝင် သွားခဲ့တာပါ ၊ သွင်းဂိုး အတွက် ကျနော် တကယ် ပျော်ရွှင် မိပါတယ် ၊ ကျနော့် တစ်ဘဝလုံး ခြေထောက် နှစ်ဖက်စလုံး နဲ့ ကန်နိုင်အောင် ကြိုးစား လေ့ကျင့် နေခဲ့တာပါ ၊ ခြေထောက် နှစ်ဖက်စလုံးကို ကောင်းကောင်း သုံးနိုင်တာက အထောက်အကူ ဖြစ်ပါတယ် ၊ ခြေထောက်နှစ်ဖက်စလုံးနဲ့ သွင်းဂိုးရော ဂိုးဖန်တီးမှု ပါ လုပ်နိုင်တာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM