မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘရိုက်တန် အသင်းကို ပရီးမီးယားလိဂ် ပွဲစဥ် 5 ဧည့်ခံ ကစားခဲ့ရပြီး 1 – 3 ဆိုတဲ့ ရလဒ် နဲ့ အိမ်ကွင်းမှာ သက်သောင့်သက်သာ ရှုံးနိမ့်သွားခဲ့ရပါတယ် ။
ဒီပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးသစ် ဟော့ဂျ်လန်း ဟာ အသင်းသစ်အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး ကြိုးကြိိုးစားစား ကစားရင်း ပုံစံကောင်း အချို့လည်း ပြသသွားနိုင်ခဲ့ပါသေးတယ် ။
ဒါပေမဲ့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ 1-2 နဲ့ ရှုံးနိမ့်နေခဲ့တဲ့ ပွဲချိန် 64 မိနစ်မှာ ဟော့ဂျ်လန်းကို အန်တိုနီ မာရှယ် နဲ့ လူစားလဲ ကစားစေခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာပဲ ယူနိုက်တက် ပရိသတ်တွေဟာ နည်းပြ ဖြစ်သူရဲ့ ဆုံးဖြတ််ချက်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ် ။
ဒါပေမဲ့ ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူနိုက်တက် နည်းပြ တန်ဟတ် က အသင်းဆီ ဒဏ်ရာပြသနာ နဲ့ ရောက်လာခဲ့တဲ့ ကစားသမားကို အကာအကွယ် ပေးလိုတာကြောင့် ပွဲချိန်ပြည့် မကစားစေခဲ့တာ ဖြစ်ကြောင်း ဖွင့်ပြော ရှင်းပြသွားခဲ့လိုက်ပါတယ် ။
” ဒါက တကယ်တော့ အပေါင်းလက္ခဏာဆောင်တဲ့အရာပဲလို့ ကျွန်တော် တွေးထင်ပါတယ် ။ အိုးလ် ထရပ်ဖို့ဒ် မှာ ပရိသတ်တွေရဲ့ ကြိုဆိုခဲ့ပုံကို ခင်ဗျားတို့ မြင်တွေ့ခဲ့မှာပါ ။ ခမ်းနားခဲ့တယ်လေ ။ ပြီးတော့ ဟော့ဂျ်လန်း ကလည်း စွမ်းဆောင်ရည်ကောင်း ပြသထားနိုင်ခဲ့ပါတယ် ”
” ဒါကို ပရိသတ်တွေကိုယ်တိုင်လည်း ချီးကျူးသွားခဲ့ကြတာပါပဲ ။ အဲ့တာက ဟော့ဂျ်လန်း ရဲ့ ယုံကြည်မှုတွေကို မြင့်တက်စေမှာပါ ။ သူဟာ ဒဏ်ရာ ပြသနာ အနည်းငယ် နဲ့ အသင်းဆီ ရောက်လာခဲ့တာပါ ။ သူက ပွဲချိန်ပြည့် ကစားပေးဖို့ အသင့်မဖြစ်သေးဘူးလေ ”
” အကယ်လို့ မိနစ် 90 ကစားနိုင်စွမ်းမရှိသေးတဲ့ ဟော့ဂျ်လန်းသာ ဒီပွဲမှာ ဒဏ်ရာ ရရှိသွားခဲ့ရင် ကျွန်တော်တို့ သွားချင်တဲ့ လမ်းကြောင်းမှာ ပိုပြီး ကြန့်ကြာမှုတွေ ဖြစ်လာစေပါလိမ့်မယ် ။ ပရိသတ်တွေ လှောင်ပြောင်ခဲ့ကြတာက သူ လူစားလဲခံလိုက်ရလို့ပါ ”
” မာရှယ်ဟာ ပြီးခဲ့တဲ့ ရာသီက ကစားပေးခဲ့စဥ် အသင်းအပေါ် အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ သက်ရောက်မှုတွေ ပေးစွမ်းထားနိုင်ခဲ့သူပါပဲ ။ သူ အပြည့်အဝ ကြံ့ခိုင်တဲ့ အချိန်တိုင်းမှာ အသင်းအတွက် ကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်ပေးထားနိုင်ခဲ့တာချည်းပါပဲ ”
” အခုချိန်မှာ သူဟာ အပြည့်အဝ ကြုံခိုင်နေသေးတာ မဟုတ််ပါဘူး ။ ဒါပေမဲ့ သူဟာ တိုးတက်လာပါတယ် ။ သူ့ဖက်က 100% ကြံ့ခိုင်လာမယ်ဆိုရင် ပြီးခဲ့တဲ့ ရာသီတုန်းကလိုမျိုး အကျိုးပြုပေးနိုင်ပါလိမ့်မယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
#Sports_Myanmar