အဲဗာတန် Vs အာဆင်နယ် ပွဲအပေါ် ကျွမ်းကျင်သူများရဲ့ပွဲရလဒ် ခန့်မှန်းချက်များ

 

ခရစ်ဆပ်တန်

” မီခေးလ် အာတီတာ နဲ့ တွေ့တဲ့ ပွဲမှာ ရှောင်ဒိုက် နောက်တစ်ကြိမ် ထပ်လုပ်ပြ နိုင်ဦးမလား ။ နောက်ထပ် နိုင်ပွဲ တစ်ပွဲသာ ရယူ နိုင်ရင် သူတို့ အတွက် တကယ့်ကို ကြီးမားတဲ့ ရလဒ် ဖြစ်ပါလိမ့်မယ် ၊ ဂွတ်ဒီဆင်ပါ့ခ် မှာဆို အဲဗာတန် က ကစားပုံ ပိုကောင်းတတ်ပါတယ် ၊ အဲဗာတန် အသင်း ဂိုးသွင်းနိုင်လိမ့်မယ်လို့ ထင်ပေမယ့် အာဆင်နယ် က အကောင်းဆုံးခြေစွမ်း မပြသနိုင်ရင်တောင် နိုင်ပွဲ ရှာဖွေ နိုင်စွမ်း ရှိပါတယ် ။ ”

ဆပ်တန် ရဲ့ပွဲရလဒ် ခန့်မှန်းချက် – အဲဗာတန် ၁-၂ အာဆင်နယ်

ပေါလ်မာဆင်

” အဲဗာတန် က အသင်းကြီးနဲ့ တွေ့တဲ့ ပွဲတွေမှာ မထင်မှတ်ထားတာတွေ လုပ်ပြတတ်ပါတယ် ။ ဒါကြောင့် ဂိုးတွေ အပြိုင်သွင်းပြီး သရေကျသွားခဲ့ရင်လည်း မအံ့ဩမိပါဘူး ၊ အာဆင်နယ် က အနိုင်ရဖို့ ရေပန်းစားနေတာ မှန်ပေမယ့် မန်စီးတီးသာ နိုင်ထားရင် ဖိအားများနေမှာတော့ အသေချာပါပဲ ၊ ခန့်မှန်းဖို့ ခက်ခဲပေမယ့် အာဆင်နယ် အသင်း အနိုင် ၃ မှတ် ရလိမ့်မယ်လို့ ကျနော် ကတော့ ယုံကြည်ပါတယ် ။ ”

” အာဆင်နယ် က ပြီးခဲ့တဲ့ အပတ်တွေ အတွင်း ပြဿနာ အချို့ ရှိခဲ့ပေမယ့် ဂျေးဇု ပြန်လာနိုင်တာက အသင်းအတွက် အားတက်စရာပါပဲ ။ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရဖို့ ရှိနေချိန်မှာ တိုက်စစ် က ကစားသမားတွေ အစုံအလင် ရှိနေတာက အသင်း အတွက် ကောင်းပါတယ် ။ ”

ပေါလ်မာဆင် ရဲ့ပွဲရလဒ် ခန့်မှန်းချက် – အဲဗာတန် ၀-၂ အာဆင်နယ်

လော်ရိုး

” အဲဗာတန် အတွက် ကောင်းတဲ့ တခုတည်းသော အရာက ပိုင်ရှင် အပြောင်းအလဲ ဖြစ်သွားခဲ့တာပါပဲ ။ ဒါပေမယ့် အဲဗာတန် နဲ့ ပွဲမှာ အာဆင်နယ် အသင်း အနိုင် ရလဒ် က လွဲလို့ တခြားဟာ ရမယ် မထင်ပါဘူး ။ ”

လော်ရိုး ရဲ့ပွဲရလဒ် ခန့်မှန်းချက် – အဲဗာတန် ၀-၃ အာဆင်နယ်

ဘာဘာတောဗ့်

” ရလဒ်တွေ ဆိုးနေတဲ့ အဲဗာတန် အတွက် ဒီအချိန်မှာ အာဆင်နယ်နဲ့တွေ့တာ သိပ်ပြီး မကောင်းလှပါဘူး။ အာဆင်နယ်ရဲ့ ကစားပုံက လှပပါတယ်။ အဲဗာတန်အနေနဲ့ ဒီအပိုင်းမှာ မယှဉ်နိုင်ဘူးဆိုရင် ခံစစ်ကို မာမာကစားပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အသားပေး ကစားရမှာပါ။ ကျနော်ကတော့ အဲဗာတန်ကွင်းမှာ အာဆင်နယ်ရဲ့မှတ်တမ်းဆိုးကြောင့် မထင်မှတ်တဲ့ ရလဒ်ထွက်ပေါ်သွားမယ်လို့ ထင်ပါတယ်။ ”

ဘာဘာတောဗ့် ရဲ့ပွဲရလဒ် ခန့်မှန်းချက် – အဲဗာတန် ၁-၁ အာဆင်နယ်

SM