နံနက်ခင်း အားကစား သတင်းများ

ဆော်ဒီ ကလပ် အယ်ဟီလေ အသင်းဆီကို ပြောင်းရွှေ့ လာတဲ့ ဘရာဇီး ဘောလုံးစတား နေမာ ဟာ မနေ့ည တုန်းက အသင်းသစ် အတွက် ပထမဆုံး ပါဝင်ကစားသွားခဲ့ ပါတယ် ။ အယ်ဟီလေ ဟာ ပြိုင်ဘက် အသင်းကို ၆-၁ နဲ့ ဂိုးပြတ် နိုင်ခဲ့ပေမယ့် နေမာ ကတော့ ဂိုးဖန်တီးမှု တကြိမ်နဲ့သာ အဆုံးသတ်ခဲ့ရပါတယ် ။ ပွဲချိန် အတွင်းမှာ ပင်နယ်တီ ရခဲ့ပေမယ့် နေမာ ကို ပေးမကန်ခဲ့တာကြောင့် အယ်ဟီလေ ပရိသတ်တွေက အော်ဟစ် လှောင်ပြောင် ခဲ့ကြပါတယ် ။

 

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ နိစ် ( NICE ) အသင်းကို အိမ်ကွင်းမှာ ၂-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ PSG အတွက် တိုက်စစ်မှူးလေး အမ်ဘာပေ ၂ ဂိုးသွင်းပေး ခဲ့ပေမယ့် အမှတ်တော့ မယူဆောင် ပေးနိုင်ခဲ့ပါဘူး ။

 

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် နဲ့ လေဗာကူဆင် တို့ ၂ ဂိုးစီ သရေကျခဲ့ပါတယ် ။ ဘိုင်ယန် အတွက် တိုက်စစ်မှူးသစ် ဟယ်ရီကိန်း ၁ ဂိုးသွင်းပြီး ၂-၁ နဲ့ ဦးဆောင် နေခဲ့ပေမယ့် ပင်နယ်တီ ပြန်ပေး ခဲ့ရပြီး သရေရလဒ် နဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ် ။

 

နိုင်ငံတကာပွဲစဉ် ကာလအတွင်း ဒဏ်ရာ ရခဲ့တဲ့ ဂျာမန် ကွင်းလယ်လူ ဂွမ်ဒိုဝမ် ဟာ ဘာစီလိုနာ ရဲ့ ဘက်တစ်နဲ့ ကစားမယ့် လာလီဂါ ပွဲစဉ်အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိနေတယ်လို့ ကြားသိရပါတယ် ။ ဘာစီလိုနာ နည်းပြ ဇာဗီ ကလည်း သူဟာ ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုး သွားမှာဖြစ်ပြီး ဒီဆုံးဖြတ်ချက် ကို မကြာခင် အတည်ပြု ထုတ်ပြန်သွားဖို့ ရှိနေပါတယ်လို့ ပြောဆိုခဲ့ပါတယ် ။

 

ချဲလ်ဆီး နည်းပြ ပိုချက်တီနို က ရိုမီယို လာဗီယာ ဟာ ခြေကျင်းဝတ် လည်သွားတာ ဖြစ်ပြီး အသင်း ဆေးအဖွဲ့ က စစ်ဆေးမှု ပြုလုပ်နေကာ ဒဏ်ရာ အနေအထားကို ထုတ်ပြန် သွားမယ်လို့ ပြောဆိုခဲ့ပါတယ် ။

 

အာဆင်နယ် အသင်းကတော့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ နီးစပ် နေပြီလို့ သိရပါတယ် ။

 

ရုပ်ရှင် မင်းသားတယောက် အဖြစ် အောင်မြင် ကျော်ကြားနေပြီဖြစ်တဲ့ ဒဝိန်း ဂျွန်ဆင် ( The Rock ) ဟာ တချိန်က သူပါဝင် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ WWE နပန်း ပြိုင်ပွဲရဲ့ ဥက္ကဌ အဖြစ် ဝင်ရောက် အရွေးချယ် ခံမယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR