လီဗာပူး Vs အာဆင်နယ် ပွဲမှာ ဘယ်အသင်း အနိုင်ရသွားမလဲ ခန့်မှန်းပေးလိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်း ရဲ့ဂန္တဝင် နောက်ခံလူဟောင်း ဂျင်မီကာရေဂါ က ဒီတစ်ပတ် အန်ဖီးလ် ကစားရမယ့် ပွဲမှာ အာဆင်နယ် အသင်း ကစားသမားတွေရဲ့ အတွေ့အကြုံ နည်းပါးမှုကြောင့် လီဗာပူး အသင်းကို အရှုံးပေးရလိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

အမှတ်ပေး ဇယား ဦးဆောင်သူ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) အဖြစ် ဒီရာသီ စွမ်းဆောင်ရည်ပိုင်း ၊ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ လီဗာပူး အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ အန်ဖီးလ် မှာ အနိုင်မရတာ ဆယ်စုနှစ် တစ်စုကျော်သွားခဲ့ပြီ ဖြစ်ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက လုံးဝ မနိုင်ခဲ့တာပါ ။

အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲ ရထားတဲ့ အသင်း ဖြစ်ပြီး လီဗာပူး အသင်းကတော့ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး ထားပါတယ် ။ လီဗာပူး အသင်း ရဲ့ နောက်ခံလူဟောင်း ကာရေဂါကတော့ အန်ဖီးလ် မှာ ကစားရမှာ ဖြစ်တာကြောင့် လီဗာပူး အသင်းပဲ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်း သုံးသပ်ပေးသွားခဲ့ပါတယ် ။

” ဒီရာသီမှာ အာဆင်နယ် က လီဗာပူး ထက် ပိုကောင်းတဲ့ အသင်း ဖြစ်တယ် ဆိုတာ ကျနော် သိပါတယ် ။ ကျနော့် ခေါင်းထဲမှာ အန်ဖီးလ် ကွင်းမှာ ကစားရမှာ ဖြစ်တယ် ဆိုတာက စိုးမိုး နေပါတယ် ၊ အာဆင်နယ် ကစားသမားတွေ အန်ဖီးလ် ရဲ့ atmosphere ကို ကျော်လွှား နိုင်မှာလား ။ ”

” အာဆင်နယ် အသင်းမှာ လူငယ် ကစားသမားတွေ အရမ်းများပါတယ် ၊ အကောင်းဆုံးသော အသင်းတွေတောင် အန်ဖီးလ် ကို လာရောက် ကစားချိန်မှာ အန်ဖီးလ် ရဲ့ atmosphere ကို မကျော်လွှားနိုင်ခဲ့ပါဘူး ၊ ကျနော်ကတော့ အန်ဖီးလ် မှာ ကစားရမယ့်ပွဲတိုင်း လီဗာပူး ကို ဘက်ကန်မှာ မဟုတ်ပါဘူး ။ ”

” အရင်ကလည်း အန်ဖီးလ်မှာဆို လီဗာပူး နဲ့ ဆန့်ကျင်ဘက်မှာ မနေခဲ့ဖူးသလို အခုလည်း နေမှာမဟုတ်ပါဘူး ။ လီဗာပူး အသင်း ၂-၁ နဲ့ အနိုင် ရမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM