၁။ ဂန်းနား ကပ္ပတိန် မာတင် အော်ဒီဂတ် ဟာ အာဆင်နယ် အသင်း နှင့် ၂၀၂၇ ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်သစ် ကို လက်မှတ် ရေးထိုးတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ စာချုပ်သစ် မှာ နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါရှိမှာ ဖြစ်ပါတယ် ၊ အော်ဒီဂတ်ရဲ့ စာချုပ်သစ် ကို လာမယ့်ရက် (သို့မဟုတ်) ရက်သတ္တပတ်အတွင်း တရားဝင် ကြေညသွားဖွယ် ရှိနေပါတယ် ။၂။ အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦးစာရင်း ထွက်ပေါ် လာခဲ့ပါပြီ ။ အဆိုပါ ၂၅ ဦးကတော့ အယ်နီနီ၊ဟားဗတ်ဇ်၊ဂျိမ်းစ်ဟီလ်ဆန်*၊ဂျေးဇု၊ဂျော်ဂျင်ညို၊ခီဗီယော၊ဂါဘရီရယ်၊မာတင်နယ်လီ၊နယ်လ်ဆင်*၊အန်ကီးတီးယား*၊အော်ဒီဂတ်၊ပါတေး၊ရမ်စ်ဒေးလ်*၊ရာယာ*၊ရိုက်စ်*၊ဆာကာ*၊ဆလီဘာ*၊စမစ်ရို*၊ဆစ်ဒရစ်၊တင်ဘာ၊တိုမီယာဆု၊ထရောဆက်ဒ်၊ဗီအဲရာ၊ဘန်ဝှိုက်* နှင့် ဇင်ချန်ကို တို့ ဖြစ်ပါတယ် ။ (* – homegrown)
၃။ အာဆင်နယ် အသင်း ဂိုးသမား ရမ်စ်ဒေးလ် ကတော့ မက်ဂွိုင်းယား နဲ့ ပတ်သက်ပြီး ” အခုလက်ရှိ အခြေအနေမှာ သူ့ရဲ့ အနေအထားတွေအရ လူတွေက သူ့ကို အလွန်အကျူး ပြောဆိုတာတွေ လုပ်နေကြပါတယ် ။ ” သူ့ကို ကစားခွင့် မပေးသင့်ဘူး ၊ သူ ဒီနေရာမှာ ရှိမနေသင့်ဘူး စသည်ဖြင့်ပေါ့၊ဟယ်ရီ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အင်္ဂလန် အသင်းရဲ့ အကောင်းဆုံး နောက်ခံလူ တစ်ဦး ဖြစ်ခဲ့တာပါ ၊ ” လို့ ရပ်တည် ပြောကြား သွားခဲ့ပါတယ် ။
၄။ အပြောင်းအရွှေ့ဂုရု ရိုမာနို က အာဆင်နယ် နဲ့ သတင်းတွေ ထွက်နေတဲ့ စပို့တင်း နောက်ခံလူ Diomande ကို ခေါ်ယူဖို့ ကလ်အသင်းလေးသင်းကလောက် စောင့်ကြည့်နေကြကြောင်း နှင့် ဒီနှစ် နွေရာသီမှာတုန်းကတော့ ရောင်းဖို့ လုံးဝ စိတ်ကူး မရှိခဲ့ကြောင်း ပြောကြား သွားခဲ့ပါတယ် ။
၅။ အော်ဒီဂတ် က ဂိုးသွင်းအပြီးမှာ နားထင် ကို လက်ညိုး နဲ့ ထောက်ပြီး အောင်ပွဲခံလေ့ ရှိတာနဲ့ ပတ်သက်ပြီး ” ဘာလို ဆိုလိုသလဲ ဆိုရင် ကိုယ်သွားချင်တဲ့ နေရာကို ရောက်ဖို့ အတွက် အာရုံ စိုက် လုပ်ဆောင်ဖို့ လိုတယ်လို့ဆိုလိုတာပါ ” လို့ ရှင်းပြ သွားခဲ့ပါတယ် ။
၆။ တားမြစ်ဆေး သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိထားပြီး ကာလရှည်ကြာ ပွဲပယ် ခံရဖွယ် ရှိနေတဲ့ ပေါ့ဘာ နေရာအစားထိုးဖို့ရာ ယူဗင်တပ်စ် အသင်းဟာ အာဆင်နယ် အသင်း ကွင်းလယ်လူ ပါတေး ကို စိတ်ဝင်စားနေတယ်လို့ အီတလီ က သတင်းတွေမှာ ရေးသားဖော်ပြ နေကြပါတယ် ။
SM