အဲရစ် တန်ဟတ် အနေနဲ့ မဖြစ်မနေ အင်အား မြှင့်တင်ဖို့ လိုအပ်တဲ့ နေရာ 3 ခုထိရှိကြောင်း အသိပေးလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ အီယန် ရိုက် က ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် အနေနဲ့ သူလိုအပ်နေခဲ့တဲ့ အင်အားခု တစ််ခုကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

တန်ဟတ်ဟာ ပြီးခဲ့တဲ့ နွေတုန်းက ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့သူဖြစ်ပြီး အသင်းကို 6 နှစ် အထိ ဖလား လက််မဲ့ ဖြစ်နေမှုမှ ကင်းလွတ်စေနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် တို့ဟာ ဒီရာသီ အမှတ်ပေး ဇယား အဆင့် 4 အတွင််း ဝင်နိုင်ဖို့ အလားအလာ များနေခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ် နဲ့ FA ဖလား ပြိုင်ပွဲတွေမှာလည်း ဆက်လက် ရှိနေကြပါသေးတယ် ။ ဒါပေမဲ့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား အင်အားကတော့ လုံလောက်စွာ တောင့်တင်းမှု ရှိမနေသေးပါဘူး ။

အခုတော့ အီယန်ရိုက် က အဲရစ် တန်ဟတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ထောက်ခံ အားပေးမှုကို ရသင့်သူဖြစ်ကြောင်း သက်သေပြထားခဲ့ပြီးပြီလို့ ပြောရင်း သူ့အနေနဲ့ ဂိုးသမား ၊ ညာခံစစ်နဲ့ တိုက်စစ်မှူး နေရာတွေကို အင်အား ဖြည့်တင်းသင့်တယ်လို့ ပြောခဲ့လိုက်ပါတယ် ။

” ဒီလူ (အဲရစ် တန်ဟတ်) ဟာ သူလိုချင်တဲ့ အရာတွေကို ရရှိနိုင်ဖို့ ထိုက်တန်သူ ဖြစ်နေခဲ့ပါပြီ ။ သူဟာ အလုပ်တွေကို ကောင်းကောင်းလုပ်ပြနိုင်ခဲ့သလို ကစားချင်တဲ့ ပုံစံကိုလည်း ရအောင် ပုံဖော်နိုင်ခဲ့ပါတယ် ။ ဒီရာသီ မန်ချက်စတာမှာ သူလုပ်ခဲ့တာကို ကြည့်ရင် သူဟာ ထောက်ခံမှုတွေနဲ့ ထိုက်တန်တယ်ဆိုတာ တွေ့ရမှာပါ ”

” အခုထိ ယူနိုက်တက်ရဲ့ ညာဖက် အခြမ်းဟာ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ပြီလို့ ကျွန်တော် မမြင်သေးပါဘူး ။ ဒီအသင်းမှာ မယုံကြည်နိုင်ဖွယ် အရာတွေကို လုပ်ပြနိုင်မယ့် ဂျေဒန် ဆန်ချိုနဲ့ အန်တိိုနီ တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်လေ ”

” အန်တိုနီဆိုရင် အေဂျက်ဇ်မှာ လုပ်ပြခဲ့တာတွေ အများကြီး ရှိခဲ့ပါတယ် ။ သူဟာ တောင်ပံ ကနေ အတွင်းထဲ ဆွဲဝင်ပြီး ကစားပြနိုင်သလို နံပါတ် 9 အဖြစ်လည်း ကစားပြနိုင်ပါတယ် ။ သူ့အနောက်မှာ ထပ်ပြီး ကစားပေးမယ့်သူ တစ်ဦးတော့ လိုအပ်နေခဲ့ပါတယ် ”

” သူ့ဆီက အကောင်းဆုံး စွမ်းရည်ကို မြင်နိုင်ဖို့ နည်းအများကြီိး ရှိနေခဲ့ရပါတယ် ။ ဆန်ချိုလည်း အတူတူပါပဲ ။ သူဟာ ဒေါ့မွန်မှာ လုပ်ပြခဲ့တာ အများကြီးပါ ။ ခင်ဗျားတို့ အသင်းမှာ မယုံကြည်နိုင်ဖွယ်ကောင်းတဲ့ ကစားသမား 2 ဦးတောင် ရှိနေခဲ့ရပါတယ် ”

” ဒါပေမဲ့ သူတို့ ခြေစွမ်းပြနိုင်မယ့် system တစ်ခုထဲမှာ အခုထိ ပါဝင် ကစားရခြင်း မရှိကြသေးပါဘူး ။ အဲရစ် တန်ဟတ် အတွက် သူအပ်တဲ့ ကစားသမား.. ညာ ခံစစ် ၊ တိုက်စစ်မှူး နဲ့ ဂိုးသမား တစ်ဦး အမြန် ရရှိစေနိုင်ဖို့ ကျွန််တော် တကယ်ပဲ မစောင့်ဆိုင်းချင်တော့ပါဘူး ”

” အချိန်တစ်ခု ရောက်လာရင် ဂိုးသမား (ဒီဂီယာ) နေရာအတွက် တစ်ခုခုတော့ လုပ်ရမှာပါပဲ ။ ကျွန်တော် တန်ဟတ်် အပေါ် ဝေဖန်မှုတွေ အများကြီး မလုပ်သေးခင်မှာ သူ လိုချင်တဲ့ အရာတွေ စုံစုံလင်လင် ရရှိတာကို မြင်ချင်မိပါတယ် ” လို့ အီယန်ရိုက် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar