၁။ မနေ့ညက ကစားခဲ့တဲ့ စကော့တလန် အသင်း နဲ့ ခြေစမ်းပွဲမှာ အာဆင်နယ် ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ဟာ အင်္ဂလန် အတွက် ပွဲထွက် ကစားခဲ့ပြီး ပွဲချိန်ပြည့် ကစားခဲ့ပါတယ် ။ ဒက်ကလန်ရိုက်စ် ကလည်း အင်္ဂလန် အတွက် ပွဲချိန်ပြည့် ကစားခဲ့ပြီး ဆာကာကတော့ ၇၁ မိနစ်မှ လူစားဝင် ကစားခဲ့ပါတယ် ။ အန်ကီးတီးယားကတော့ ကစားခွင့် မရခဲ့ပါဘူး ။ အဆိုပါပွဲမှာ အင်္ဂလန် အသင်းဟာ စကော့တလန် အသင်းကို ဖိုဒန်၊ဘယ်လင်ဂမ် ၊ ကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁-၃ နဲ့ အနိုင် ရသွားခဲ့ပါတယ် ။ ၂ ။ အာဆင်နယ် အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ဟာလည်း ဂျော်ဂျီယာ နဲ့ ပွဲမှာ နော်ဝေ အသင်း အတွက် ခြေစွမ်းပြ ကစားပြီး သွင်းဂိုး ၁ ဂိုး သွင်းယူကာ နိုင်ပွဲ ရှာဖွေ ပေးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ထရောဆက်ဒ် ဟာလည်း ဘယ်ဂျီယံ အသင်း ၅ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ကို သွင်းယူ ခဲ့ပါတယ်။
၃ ။ ကိုင်ဟားဗတ်ဇ် ဟာ ပြင်သစ် နဲ့ ခြေစမ်းပွဲမှာ လူစားဝင်ကစားပြီး ဂျာမနီ အသင်း အတွက် ဒုတိယမြောက် အနိုင်ဂိုး ဖြစ်စေမယ့် သွင်းဂိုးကို ဆာနေး အတွက် ဖန်တီး ပေးခဲ့ပါတယ် ။ တစ်ဖက်မှာလည်း ဆလီဘာ က ပြင်သစ် အတွက် ပွဲထွက် ကစားပြီး ပွဲချိန်ပြည့် ကစားခွင့် ရခဲ့ပါတယ် ။
၄။ အာဆင်နယ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အော်ဒီဂတ် က ” အာဆင်နယ် အသင်းမှာ ကျနော် အရမ်းပျော်နေတာမှန်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာ များများစားစား မရှိသေးပါဘူး။ အာဆင်နယ်ဘအသင်းမှာ အချိန်အကြာကြီး ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ် ၊ အခု အချိန်မှာ နိုင်ငံ အသင်းအတွက်ပဲ အာရုံစိုက်ထားတာကြောင့် တခြားအကြောင်းတွေ မပြောချင်ပါဘူး ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။
၅။ အာဆင်နယ် အသင်းဟာ ဒီနှစ် နွေရာသီမှာ စပို့တင်း နောက်ခံလူ Diomande ကို ယူရို ၃၅ သန်း နဲ့ ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ပြီး အောင်မြင်ခဲ့ခြင်း မရှိပါဘူး ။ ဒါပေမဲ့ အာဆင်နယ် အသင်းဟာ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၈၀ တန်ကြေး ရှိတဲ့ Diomande ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ထပ်မံ ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ် ။
၆။ ဒီတစ်ပတ် ကစားမယ့် အဲဗာတန် အသင်းနှင့် အာဆင်နယ် အသင်းပွဲကို ကွင်းလယ် ဒိုင်လူကြီး အဖြစ် ဆိုင်မွန်ဟူးပါး ၊ VAR ဒိုင် အဖြစ် စတူးအပ် အက်ဝဲလ် က တာဝန်ယူ ကိုင်တွယ် သွားမှာ ဖြစ်ပါတယ် ။
၇။ နိုင်ငံ အသင်းမှာ ဒဏ်ရာ ရသွားခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဂါဘရီရယ် ဟာ ဒီနေ့မနက် ပီရူး အသင်း နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဘရာဇီး အတွက် ပွဲထွက် ကစားခဲ့ပါတယ် ။ ဂျေးဇု က ဘရာဇီး အတွက် ပွဲချိန် ၆၄ မိနစ်မှာ လူစားဝင် ကစားခဲ့သလို မာတင်နယ်လီကလည်း ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင် ကစားခဲ့ပါတယ် ။
SM