နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ စီးတီး အသင်းဟာ ပြင်သစ် ကလပ် ရင်းနစ် အသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ဂျရီမီး ဒိုကူ ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ စီးတီး ဟာ ဒီအပြောင်းအရွှေ့ အတွက် ပေါင် ၅၅ သန်းခွဲ ပေးချေ ခဲ့ရပါတယ် ။ ဒိုကူ ဟာ စီးတီး မှာ ကျောနံပါတ် ၁၁ ကို ဝတ်ဆင် ကစားသွားမှာပဲ ဖြစ်ပါတယ် ။

စီးတီး ဟာ ဝုဗ် ကစားသမား မက်သီးယပ်စ် နူညက်ဇ် အတွက် နောက်တကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့လည်း စီစဉ် နေပါတယ် ။ ဒါပေမယ့် ဝုဗ် ဘက်က တောင်းဆိုတဲ့ ပမာဏ အလွန်မြင့်မားပါက ထပ်မံ မကြိုးစားဖို့လည်း စိတ်ကူးထားတယ်လို့ သိရပါတယ် ။

 

မန်ယူနိုက်တက် နောက်ခံလူ လုခ်ရှော ကတော့ ကြွက်သား ဒဏ်ရာ ရရှိသွားပြီး ရက်သတ္တပတ်ပေါင်း များစွာ အနားယူရတော့မယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

 

မန်စီးတီး နဲ့ အဲဗာတန် နောက်ခံလူဟောင်း လက်စကော့ ဟာ အင်္ဂလန် ယူ-၂၁ နည်းပြအဖွဲ့ဝင် အဖြစ်ကနေ နှုတ်ထွက် သွားခဲ့ပြီး အားကစား ဒါရိုက်တာ တယောက် ဖြစ်လာဖို့ စတင် ကြိုးပမ်းတော့မယ်လို့ သိရပါတယ် ။

 

ရိုမီရို လူကာကူ နဲ့ ချဲလ်ဆီး အသင်းတို့ အကြား ညှိနှိုင်း ဆောင်ရွက်မှု အဆင်ပြေပါက ဘယ်လ်ဂျီယံ တိုက်စစ်မှူးကို လန်ဒန် ကလပ်မှာ ပြန်လည် မြင်တွေ့ ရနိုင်ချေ ရှိပါတယ်လို့ နည်းပြ ပိုချက်တီနို က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ အမျိုးသမီး ကမ္ဘာ့ဖလားမှာ ရွှေလက်အိတ်ဆု ရရှိခဲ့တဲ့ အင်္ဂလန် ဂိုးသမား မယ်ရီ အာ့ပ် ကို လုံး၀ ရောင်းထုတ်ဖို့ အစီအစဉ် မရှိဘူးလို့ ထုတ်ပြောသွားခဲ့ပြီး သက်တမ်းတိုးဖို့ လုပ်ဆောင် နေတယ်လို့ သိရပါတယ် ။

 

ပြင်သစ် ကလပ် မိုနာကို အသင်းဟာ အာဆင်နယ် ကစားသမားလေး ဘာလိုဂန် ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ် နေပြီလို့ သတင်းထွက်ပေါ် လာခဲ့ ပါတယ် ။ ဘာလိုဂန် ကလည်း ပြင်သစ်လိဂ် ကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရှိရပါတယ် ။

 

အာဆင်နယ် ဟာ ဘာလိုဂန် အပါအဝင် ကစားသမား ၉ ယောက်အထိ ရောင်းထုတ်သွားဖို့ စိတ်ကူး ရှိနေပြီး ဒီရောင်းချမှုတွေ အောင်မြင်ဖို့ စတင် ပြင်ဆင်နေတယ်လို့ သိရှိရပါတယ် ။

 

တိုက်စစ်မှူး မီထရိုဗစ် ကို ဆော်ဒီလိဂ် ထံ လက်လွှတ် လိုက်ရတဲ့ ဖူလ်ဟမ် အသင်းဟာ ယူဗင်တပ် တိုက်စစ်မှူး မွိုက်စ်ကင်း ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သိရှိရပါတယ် ။

 

ချဲလ်ဆီး ရဲ့ ဘရာဇီး ကြယ်ပွင့်သစ်လေး အန်ဒရီ ဆန်းတိုစ့် ဟာ နော်တင်ဟမ် ဖောရက်စ် အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ ထွက်ခွာမယ်လို့ ကြားသိရပါတယ် ။

 

အိုင်ယက်စ် တောင်ပံ ကစားသမား မိုဟာမက် ကူဒက်စ် ဟာ မနေ့ညက အသင်းအတွက် ပါဝင် ကစားခဲ့ပြီး ဒီပွဲဟာ နယ်သာလန် ကလပ် အတွက် ကစားပေးတဲ့ နောက်ဆုံးပွဲ ဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပြီး ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ နိုင်မှုကို အရှိန်မြှင့် ပေးသွားခဲ့ ပါတယ် ။

 

ဖီအိုရင်တီးနား အသင်း ဥက္ကဌ ဘာရုန်း က အမ်မရာဘတ် ဟာ အသင်းနဲ့ အတူ လေ့ကျင့်မှု မရှိဘဲ သီးခြား လေ့ကျင့်နေတာကို မှန်ကန်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပေမယ့် အခုချိန်အထိ မော်ရိုကို ကွင်းလယ်လူ အတွက် ဘာကမ်းလှမ်းမှုမှ ရောက်ရှိ မထားသေးပါဘူးလို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR