ပွဲထွက်ခွင့် တစ်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေကြတဲ့ အသင်းသား နှစ်ဦးအမည်ကို ထုတ်ပြောလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်က အသင်းရဲ့ ညာခံစစ်နေရာမှာ ပွဲထွက်ခွင့် ရရှိနိုင်ရေးအတွက် ခံစစ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ဒီယိုဂို ဒါးလော့နဲ့ ဝမ် ဘစ်ဆာကာတို့ အကြား ပြိုင်ဆိုင််မှု ပြင်းထန်နေကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ တိုက်စစ်ဆင် ကစားဟန်ကို နှစ်သက်ကြပြီး ရောက်လာခဲ့တဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကလည်း တိုက်စစ်ပိုင််း အသားပေး ကစားသူ ဖြစ်တာကြောင်း ဒီရာသီမှာ ဒီယိုဂို ဒါးလော့ က ပွဲထွက်ခွင့် ပိုရခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ဝမ်ဘစ်ဆာကာဟာ ကမ္ဘာ့ဖလား မတိုင်ခင်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ 6 မိနစ်သာ ကစားခွင့် ရရှိထားခဲ့ပြီး ဒါးလော့ ကတော့ 21 ပွဲမှာ ပွဲပယ်ခံခဲ့ရတာကြောင့် တစ်ပွဲမျှသာ ကစားခွင့် လွဲချော်ထားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒီဇင်ဘာ နောက်ပိုင်းမှာတော့ ဒါးလော့ ဒဏ်ရာ ပြသနာ ကြုံတွေ့နေချိန်မှာ ကစားခဲ့ရတဲ့ ပွဲစဥ် 26 ပွဲအတွင််း ဘစ်ဆာကာဟာ 16 ကြိမ် အထိ ပွဲထွက် ကစားခွင့်တွေ ရရှိထားနိုင်ခဲ့ပြီး ပုံစံကောင်းတွေလည်း ပြသထားနိုင်ခဲ့တဲ့ အတွက် ချီးကျူးမှုတွေ ရရှိခဲ့ပါသေးတယ် ။

ဒါ့ကြောင့် ယူနိုက်တက်နည်းပြ တန်ဟတ်အတွက် ဘယ်သူ့ကို ပွဲထွက်ခွင့် ပေးရမလဲဆိုတာ အခက်ကြုံစရာ ဖြစ်ခဲ့ရပါတယ် ။ အခုတော့ အဲရစ် တန်ဟတ် က ဘရန့်ဖို့ဒ် နဲ့ မတိုင်မီ ပွဲစဥ်မှာ သူတို့ နှစ်ယောက်ခြားအကြား ခြားနားချက် ကျဥ်းမြောင်းကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

” သူတို့ နှစ်ဦးကြားမှာ ခြားနားချက် ကျဥ်းမြောင်းလွန်းတဲ့ ပြိုင်ဆိုင်မှုတစ်ခု ရှိနေတယ်လို့ ထင်မိပါတယ် ။ အာရွန် (ဘစ်ဆာကာ) က ခံစစ်ပိုင်း နည်းနည်း ပိုကစားပေးနိုင်ပါတယ် ။ ဒါးလော့ ကတော့ ခံစစ် အဲ့လောက် မကောင်းပေမဲ့ တိုက်စစ် ပိုပြီး ဆင်ပေးနိုင်ပါတယ် ”

” ဒါ့ကြောင့် သူတို့ နှစ်ဦးဟာ အားနည်းတဲ့ အပိုင်းဖက်မှာ ပိုကောင်းလာဖို့ ကြိုးစားနေခဲ့ကြပြီး အခုတော့ ခြားနားချက််လည်း ကျဥ်းမြောင်းလာခဲ့ပါပြီ ။ အခုလို ကစားသမား နှစ်ဦး ပိုင်ဆိုင်ထားရင်တော့ ကျွန်တော်တို့က ရင်ဆိုင်ရမဲ့ ပြိုင်ဖက် အသင်းကို ကြည့်ရမှာပဲလေ ”

” အရည်အသွေး မကွာတဲ့သူ နှစ်ဦး ရှိနေတာက ကောင်းမွန််တဲ့ ပြသနာ တစ်ခုပါပဲ ။ ပြီး​တော့ အသင်းက ဘယ်လိုလဲ ၊ လက်တလော ဘယ်လို ကစားနေလဲ ဆိုတဲ့ အပေါ်ပါ အခြေခံပြီး ကျွန်တော်တို့ ပွဲထွက် ကစားသမား စာရင်းကို ဆုံးဖြတ်ချက်ချ ရွေးချယ်ရပါတယ် ” လို့ တန်ဟတ် က မှတ်ချက်ပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar