PSG အသင်းရဲ့ မက်လောက်စရာကောင်းတဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ ရပ်ရှ်ဖို့

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ ပြီးခဲ့တဲ့ နွေတုန််းက လီဂူးဝမ်း ထိပ်သီးကလပ် ဖြစ်တဲ့ PSG အသင်းရဲ့ 1 ပါတ် ပေါင် 400,000 တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့သေးတယ်လို့ သိလိုက်ရပါတယ် ။

မားကပ်စ် ရပ်ရှ်ဖို့ ဆိုတာ ဒီရာသီ အဲရစ် တန်ဟတ် ရဲ့ လက််အောက်မှာ အထူးခြေစွမ်းကောင်းတွေကို ပြသနေခဲ့ပြီး ကစားသမား ဘဝရဲ့ အကောင်းဆုံး ဘောလုံး ရာသီကို ဒီနှစ်မှာ ပိုင်ဆိုင်နေခဲ့သူပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ ဒီရာသီဂိုးသွင််းနှုန်းက ကောင်းမွန်လွန်းနေခဲ့ပါတယ် ။

ဒါပေမဲ့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်် သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ် ။ ဘယ််လိုပဲ ဖြစ်ပါစေ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှ သူ့ကို နောက်ထပ် တစ်နှစ် စာချုပ် သက်တမ်း တိုးနိုင်ခွင့် ရှိနေသေးတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ လက်ရှိ အချိန်အထိတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ အားထားရတဲ့ ကစားသမားဖြစ်သူကို စာချုပ်် သက်တမ််း တိုးမြှင့်နိုင်ခြင်း မရှိသေးသလို မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်ပွားရေးအတွက် လစာထိန်းညှိဖို့ပါ ကြိုးစားနေခဲ့တာကြောင့် ကြန့်ကြာနေခဲ့ရပါတယ် ။

ရပ်ရှ်ဖို့ဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တစ်ပါတ် ပေါင် 200,000 မျှသာ ရရှိနေသူပဲဖြစ်ပါတယ်် ။ ဒါ့အပြင် ယူနိုက်တက်တို့ဟာ အရင်တုန်းက ဒီဂီယာ ၊ ရော်နယ်ဒို ၊ ပေါ့ဂ်ဘာ တို့လို စတား ကစားသမားတွေကို လစာ အများကြီး ပေးပြီး အဝတ်လဲခန်းထဲ မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်လိုတာကြောင့် လစာငွေ ထိန်းညှိဖို့ ရည်ရွယ်နေတာပဲ ဖြစ်ပါတယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ပြင်သစ် ထိပ်သီး ကလပ််က ရပ်ရှ်ဖို့ လက်ရှိ ရရှိနေခဲ့တဲ့ လစာငွေထက် နှစ်ဆပိုမြင့်မားတဲ့ ပမာဏနဲ့ ကမ်းလှမ်းတာမျိုးက ကစားသမား ဖြစ်သူအတွက်တော့ မက်လောက်စရာ ဖြစ်နေမှာ သေချာပေမဲ့ အင်္ဂလန်သားကတော့ ပယ်ချခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီ သတင်းကို ဖော်ပြပေးလိုက်တာက The Athletic သတင်းမှပဲ ဖြစ်ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ရပ်ရှ်ဖို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း မတိုးမြှင့်နိုင်သေးသလိို PSG အသင်း ပိုင်ရှင် အယ်လ် ခလိုင်ဖီ ဟာလည်း သူ့ကို နှစ်ခြိုက်နေခဲ့တာကြောင့် ဒီအပြောင်းအရွှေ့ဟာ ဒီမှာတင် တစ်ခါ ငြင်းဆန်ရုံနဲ့ ပြီးဆုံးသွားပြီလို့ ပြောလို့ မရနိုင်သေးပါဘူး ။

အယ်လ် ခလိုင်ဖီ ကတော့ သူ့ရဲ့ ပုံစံအတိုင်း သဘောကျလေ့ရှိတတ်တဲ့ ကစားသမားတွေကို မရမက ခေါ်ယူဖို့ ဆက််လက် ကြိုးစားအားထုတ်နေဦးမှာ သေချာလှပါတယ် ။ အခြားတဖက်မှာတော့ ရပ်ရှ်ဖို့ ကလည်း ပုံစံကောင်း ပြသနေခဲ့တာကြောင့် နောက်တစ်ကြိမ် ကမ်းလှမ်းမှုမှာ လစာငွေ ဘယ်လောက်ပေးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။

#Sports_Myanmar