နယ်သာလန်စတားကို ခေါ်ယူဖို့ လက်လျော့ရန် မန်ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ အန်ဒီကိုးလ်

အန်ဒီကိုးလ်က မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်းကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့် ကိစ္စကို စွန့်လွှတ်လိုက်သင့်တယ်လို့ ပြောလိုက်ပါတယ်။ ဒီဂျောင်းဟာ ပြီးခဲ့တဲ့ နွေရာသီက မန်ယူနိုက်တက် အသင်းကို ပြောင်းရွေ့ရန် ငြင်းဆန်ခဲ့သူ ဖြစ်ပြီး ကတ်တလန် ကလပ်မှာသာ ဆက်နေခဲ့သူ ဖြစ်ပါတယ်။

နယ်သာလန်စတားဟာ ပြီးခဲ့တဲ့ နွေရာသီက အဲရစ်တန်းဟတ်ရဲ့ ထိပ်တန်းပစ်မှတ် ဖြစ်ခဲ့ပြီး ဒီဂျောင်း အတွက် ကလပ် နှစ်သင်းကြား ယူရို ၈၅ သန်းနဲ့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမယ့် အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ကမ့်နူးကနေ ထွက်ခွာရန် ငြင်းဆန်ခဲ့ပြီး သူ ပျော်ရွှင်နေတဲ့ ဘာစီလိုနာမှာသာ ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ လက်ရှိ အချိန်ထိ ဒီဂျောင်းကို စိတ်၀င်စားနေဆဲလို့ သိရပါတယ်။

ယူနိုက်တက် တိုက်စစ်မှုးဟောင်း အန်ဒီကိုးလ်က “ကျနော်ဟာ ဒီကိစ္စကို အပြင်လူ အနေနဲ့ ကြည့်ဖြစ်ခဲ့ပါတယ်။ ဖရန်ကီဒီဂျောင်းဟာ မန်ချက်စတာယူနိုက်တက် အတွက် အလုပ်ကောင်းကောင်း လုပ်ပေးနိုင်မယ့်သူလား? ကျနော် ကတော့ ဒီလို မထင်ပါဘူး။ ဒီဂျောင်းဟာ အရမ်းကိုကောင်းတဲ့ ကစားသမားပါ။ ဒါနဲ့ ပက်သက်ပြီး အငြင်းပွားစရာတော့ မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီက အပြောင်းအရွေ့ ပုံပြင်ကို ပြန်ကြည့်လိုက်ပါ။ ဘာကြောင့်များ မန်ယူနိုက်တက် အနေနဲ့ နောက်တစ်ကြိမ် ဒီလိုမျိုး အခြေအနေကို ထပ်ပြီး အဖြစ်ခံတော့မှာလဲ?

မန်ယူနိုက်တက် အနေနဲ့ ကတ်စမီရို လိုမျိုး ကလပ်ကို အမှန်တကယ် ပြောင်းရွေ့လာချင်တဲ့ ကစားသမားတွေ ကိုပဲ ခေါ်ယူဖို့ ကြိုးစားသင့်ပါတယ်။ ဒီဂျောင်းကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားသွားမယ် ဆိုရင် သူတို့ဟာ ဒီကစားသမား အတွက် တကယ့်ကို အသဲအသန် ဖြစ်နေတဲ့ပုံ ပေါ်သွားမှာပါ။ ကျနော်တို့ ပြောနေတာ ကမ္ဘာပေါ်မှာ အကြီးကြယ်ဆုံး ကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ဖြစ်ပါတယ်။ အကယ်လို့များ ကိုယ်ခေါ်ယူချင်တဲ့ ကစားသမားက ဒီကလပ် အတွက် မကစားပေးချင်ဘူးဆိုရင် နောက်ထပ် option တစ်ခုကိုပဲ ရွေးချယ်လိ်ုက်ပါ။

မန်ချက်စတာယူနိုက်တက်ဟာ အပျော်တန်း ကလပ် တစ်ခုလို မဖြစ်သင့်ပါဘူး။ အပြောင်းအရွေ့ အတွက် အဖြစ်က Yes or No ပဲ ဖြစ်ရမှာပါ။ မရေမရာ မဖြစ်သင့်ပါဘူး။ ဘာစီလိုနာ နဲ့ မန်ယူနိုက်တက် တို့ရဲ့ ပွဲစဉ် ၂ ပွဲကို ကျနော် ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ပိုကောင်းတဲ့ အသင်း မဟုတ်ဘူးဆိုရင် ကျနော်တို့ မြင်နိုင်ပါတယ်။

ဒါပေမယ့် သူတို့ လာလီဂါ ဖလားကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ဒီဂျောင်းဘက်က ဘာစီလိုနာ ကနေ ထွက်ခွာစရာအကြောင်း ဘာရှိလို့လဲ? ဆိုပြီး တွေးနေမှာပါ။ ကျနော် ကတော့ မန်ယူနိုက်တက်ဟာ ဘယ်ထိပ်တန်း ကစားသမားကို မဆို ဆွဲဆောင်နိုင်စွမ်း ရှိနေဆဲဆိုတာ သူတို့ကို သိစေချင်ပါတယ်။ ထိပ်တန်းကစားသမား တော်တော်များများ အတွက် ပိုက်ဆံက အဓိက မဟုတ်ပါဘူး။ သူတို့ လစာက ကောင်းနေပြီးသားပါ။

ကစားသမားတွေဟာ ဒီအသင်းက ပရီးမီးယားလိဂ် အက်ဖ်အေ or လိဂ်ဖလား နဲ့ ချန်ပီယံလိဂ်ဖလား ရနိုင်ခြေ ရှိသလားဆိုတာကိုပဲ ကြည့်ကြမှာပါ။ အားလုံးဟာ ပြည်တွင်းဖလား နဲ့ ချန်ပီယံလိဂ် တိုကို ဆွတ်ခူးချင်ကြပါတယ်။ ရီးရဲယ်မက်ဒရစ်ရဲ့ လာလီဂါက form နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက form ကိုပဲ နှိုင်းယှဉ်ကြည့်လိုက်ပါ။ မတူတဲ့ အသင်း ၂ သင်းလိုပါပဲ။ ဒါပေမယ့် ဒါဟာ mentality နဲ့ အဓိက သက်ဆိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM