အန်ဂိုလာနဲ့ ပွဲကို လွဲချော်ခဲ့တဲ့ သောမက်စ် ပါတေး ရဲ့ ဒဏ်ရာ အခြေအနေ ကို ပြောကြားလိုက်တဲ့ ဂါနာ နည်း​ပြ

ဂါနာ လက်ရွေးစင် အသင်း နည်းပြ ခရစ် ဟူတန် ဟာ မနေ့က ညပိုင်းမှာ ကစားခဲ့တဲ့ အန်ဂိုလာ အသင်း နဲ့ အာဖရိက နိုင်ငံများ ဖလား ခြေစစ်ပွဲ မှာ ဒဏ်ရာ ပြဿနာ ရှိနေတဲ့ အာဆင်နယ် ကွင်းလယ်လူ သောမက်စ် ပါတေး ကို ထည့်သွင်း ကစားခဲ့ခြင်း မရှိပါဘူး ။

အန်ဂိုလာ နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ပါတေး ပါဝင် မကစားခဲ့တဲ့အပေါ် အာဆင်နယ် ပရိသတ်တွေက စိုးရိမ် ပူပန် နေခဲ့ကြတာ ဖြစ်ပြီး ခရစ်ဟူတန် ကတော့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ပါတေး ကို အသုံး မပြုခဲ့တာ ဖြစ်တယ်လို့ ပွဲအပြီး အင်တာဗျူး မှာ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပါတေး ဒဏ်ရာ ရသွားမှာကို အတော်လေး စိုးရိမ်တာကြောင့် ပါတေး နဲ့ အတူ အသင်း ရဲ့ ကြံ့ခိုင်မှု ပညာရှင် ဆိုင်မွန် မာဖီ ကို ထည့်သွင်းပေးလိုက်ပါတယ် ။ ပါတေး ဟာ ပြီးခဲ့တဲ့ တစ်ပတ် အန်ဂိုလာ နဲ့ ပထမ အကျော့ ပွဲမှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပေမယ့် ဒီတစ်ပတ် ပွဲမှာတော့ ပါဝင် ကစားခဲ့ခြင်း မရှိပါဘူး ။

 

ဂါနာ အသင်းကို ကိုင်တွယ် နေတဲ့ နယူးကာဆယ် နှင့် ဘရိုက်တန် နည်းပြဟောင်း ခရစ်ဟူတန် က အန်ဂိုလာ နဲ့ ပွဲအပြီး အင်တာဗျူးမှာ ” ပါတေး က သေးငယ်တဲ့ ပြဿနာ အချို့ ရှိနေခဲ့တာပါ ။ ဒီလို အခြေအနေမှာ သူ့ကို ပွဲထွက် ကစားခိုင်းတာက စွန့်စားလွန်းရာ ကျမယ်လို့ ခံစားရတာကြောင့် မကစားခိုင်းခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် ပရိသတ်တွေ နည်းတူ ပါတေး ဒဏ်ရာရသွားမှာကို စိုးရိမ်နေသူကတော့ အီရန်ရိုက်ပါ ။ ဂန်းနား တိုက်စစ်မှူးဟောင်း အီရန်ရိုက် ကလည်း နိုင်ငံ ပွဲ သွားကစားရင်း သောမက်စ် ပါတေး ဒဏ်ရာ ပြဿနာ မကြုံလာရဖို့ မျှော်လင့် နေတယ်လို့ The Kelly & Wrighty Show မှာ ပြောကြား ထားပါတယ် ။ ” သောမက်စ် ပါတေး လို ကစားသမားကို အချိန် ဘယ်လောက်ပဲ ဖြစ်ဖြစ် လုံးဝ ကို အဆုံးရှုံး မခံနိုင်ပါဘူး ။ ”

” ကျနော်တို့ ဆလီဘာ ကို ခုဆုံးရှုံး ထားရပါတယ် ၊ အခု အချိန် အထိ ကျနော်တို့ အသင်း အပေါ် ဒဏ်ရာ ပြဿနာတွေရဲ့ ရိုက်ခတ်မှု က ရှိနေပါသေးတယ် ။ လူတွေ အာဆင်နယ် အသင်း အပေါ် ဝေဖန် ပြောဆိုနေကြတဲ့ စကား တစ်ခု ရှိပါတယ် ၊ ‘ မင်းတို့ရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာ ရသွားတဲ့ အချိန်ကျရင် ကြည့်ကြတာပေါ့ကွာ ‘ ဆိုတဲ့ စကားရှိပါတယ် ။ ကျနော်တို့ အသင်းက အဓိက ကစားသမား တစ်ဦး မဟုတ် တစ်ဦး အမြဲ ဒဏ်ရာ ရနေပါတယ် ။ ”

” အခု အချိန်မှာ ကြုံတွေ့လာရ နိုင်တဲ့ ဒဏ်ရာ ပြဿနာ ဖိအားတွေကို အာဆင်နယ် အသင်း ဘယ်လို ရင်ဆိုင် ကျော်ဖြတ် မလဲ ဆိုတာက အ​ရေးကြီးပါတယ် ။ ”

SM