စမစ်ရို ကို လုံးဝ မရောင်းတဲ့ သတင်း အပါအဝင် နောက်ဆုံးရ အာဆင်နယ် သတင်းများ

 

အာဆင်နယ် အသင်းဟာ ဒီနှစ် နွေရာသီ မှာ စမစ်ရို ကို လုံးဝ ရောင်းချ သွားမှာ မဟုတ်ကြောင်း သတင်းရထားတယ်လို့ 90Mins က ရေးသား ဖော်ပြ လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ လာမယ့် နှစ်မှာ စမစ်ရို ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေ မြင်ရလိမ့်မယ်လို့ မျှော်လင့် ထားတာ ဖြစ်ပါတယ် ။

လာဇီယို အသင်း နည်းပြ ဆာရီကတော့ သူ့ရဲ့တပည့်ဟောင်း အာဆင်နယ် ကွင်းလယ်လူ ဂျော်ဂျင်ညိုကို ခေါ်ချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ် ။ အာဆင်နယ် အသင်း ကတော့ ဂျော်ဂျင်ညို ထွက်ခွာချင်ပါက ထွက်ခွာခွင့် ပြုသွားမှာ ဖြစ်ပေမယ့် လက်ခံ နိုင်လောက်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ အတိုင်းအတာ တခုအထိ လိုချင်နေပါတယ် ။

နယူးကာဆယ် ရဲ့Tier 1 သတင်းထောက် Luke Edwardsရဲ့အဆိုအရ အာဆင်နယ် အသင်းဟာ တီယာနေး အတွက် ပေါင် သန်း ၃၀ နှင့် အထက် အလို ရှိနေတယ်လို့ သိရပါတယ် ။ စကော့တလန် လက်ရွေးစင် တီယာနေး ဟာ အာဆင်နယ် အသင်း နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပါတယ် ။

အီတလီ ကလပ်တွေက စိတ်ဝင်စားမှု ရှိနေတယ်လို့ သတင်းတွေ ထွက်နေခဲ့​ပေမယ့် ပါတေး ကတော့ လန်ဒန်မှာပဲ ဆက်နေဖို့ ဆန္ဒပြင်းပြ နေပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ စာချုပ် သက်တမ်း ၂ နှစ်သာ ကျန်တော့တဲ့ ပါတေးကို စာချုပ်သစ် ချုပ်ဆိိိုဖို့ ဆွေးနွေးပြောဆိုမှု လုပ်နေခြင်းတော့ မရှိပါဘူး ။

အာဆင်နယ် လာမယ့် နွေရာသီမှာ ကွင်းလယ်ကို အင်အားဖြည့်သွားမှာ ဖြစ်တဲ့အပြင် တိုက်စစ် ကစားသမား ၊ ဗဟို နောက်ခံလူ နှင့် နောက်တန်း အစွန်လူတွေကိုလည်း ခေါ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ နောက်တန်း ကစားသမားတွေထဲမှာ အာဆင်နယ် အသင်း ပစ်မှတ်ထားနေတာကတော့ Mohamed Simakan နှင့် Devyne Renscheတို့ပါ ၊ နှစ်ဦးစလုံးက versatile ဖြစ်ကြသူတွေ ဖြစ်ပြီး CB,RB နှင့် CB,RB,LB ကစားနိုင်ကြသူတွေပါ ။

အာဆင်နယ် အသင်းရဲ့ရာသီကြို ခြေစမ်းပွဲ အချိန်ဇယား
⦿ အာဆင်နယ် vs နုရင်ဘတ် (ဇူလိုင်လ ၁၃ရက်နေ့)
⦿ အာဆင်နယ် vs MLS All-Stars (ဇူလိုင်လ ၁၉ရက်နေ့)
⦿ အာဆင်နယ် vs မန်ယူနိုက်တက် (ဇူလိုင်လ ၂၂ရက်နေ့)
⦿ အာဆင်နယ် vs ဘာစီလိုနာ (ဇူလိုင်လ ၂၆ရက်နေ့)

SM