” ကျွန်တော် လက်တွဲဖူးသမျှထဲ အကောင်းဆုံး အသင််းသား တစ်ဦးပါပဲ ” ယူနိုက်တက်စတားတစ်ဦးကို ချီးကျူးလိုက်တဲ့ မက္ကာသီ

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လက်ထောက် နည်းပြ တစ်ဦး ဖြစ်သူ ဘန်နီ မက္ကာသီ က နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ကို လက်လွှတ် ဆုံးရှုံးလိုက်တာက ရာဇဝတ်မှု တစ်ခု ဖြစ်သွားလိမ့်မယ်လို့ပဲ ယုံကြည်နေပါတယ် ။

ဒီလအကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေတဲ့ ဒေးဗစ် ဒီဂီယာဟာ 2022 – 23 ဘောလုံး ရာသီအတွင်း ကြီးမားတဲ့ အမှားတွေကို ကျူးလွန်ခဲ့တာကြောင့် ဝေဖန်မှုတွေအောက် ကျရောက်သူ ဖြစ်ခဲ့ရပါတယ် ။

ဒါပေမဲ့ ကစားသမားကတော့ မကြာမီမှာ ယူနိုက်တက် အသင်းနဲ့ စာချုပ် သက်တမ်း တိုးနိုင်ခြေ များပြားနေခဲ့ရပါတယ် ။ ဘယ်လိုပဲဖြစ်ပါစေ၊ ယူနိုက်တက်တို့ ဂိုးသမား အသစ် ခေါ်ယူဖို့ ရှိနေတာကြောင့် ဒီဂီယာဟာ ပြိုင်ဆိုင်မှုတွေ ကြုံတွေ့ရဖွယ် ရှိနေပါတယ် ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ယူနိုက်တက် နည်းပြ ဖြစ်သူ ဘန်နီ မက္ကာသီ ကတော့ ဒီရာသီ Clean Sheet 17 ကြိမ် အထိ ရယူထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်သားကို အကောင်းဆုံး တစ်ဦးလို့ သတ်မှတ် ချီးမွမ်းခဲ့လိုက်ပါတယ် ။

” သူဟာ ဒီလိဂ်မှာ clean sheet 17 ကြိမ်အထိ ရယူထားနိုင်ခဲ့သူပါ ။ ဟုတ်တာပေါ့ ၊ သေချာတာပေါ့ ၊ ဒီလိဂ်မှာပါဝင််ကစားရင် ဂိုးတွေတော့ပေးရမှာပါပဲ ။ ဒီလိုလိဂ်မျိုးမှာ ရွှေလက်အိတ်ဆု ရယူဆွတ်ခူးထားနိုင်ခဲ့တာကတော့ တကယ့်ကို အမှတ်တရပါပဲ ”

” ဒီလိဂ်က ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျားတို့ မြင်ကြမှာပါ ။ ဒီမှာ ကစားရင်တော့ အခက်အခဲတွေ ကြုံရမှာပါပဲ ။ ဒါပေမဲ့ အဲ့တာတွေက သူ့ကို ကျွန်တော် မြင်ဖူးသမျှတွေ့ဖူးသမျှထဲက အကောင်းဆုံး ဂိုးသမားတစ်ဦး ဖြစ်စေရေးမှ မရပ်တန့်စေနိုင်ခဲ့ပါဘူး ”

” သူဟာ မယုံကြည်နိုင်ဖွယ် ကစားသမား တစ်ဦးပါပဲ ။ ကျွန်တော်က သူ့အကြောင်းကို အခြားသူတွေထက် ပိုသိတာပေါ့ဗျာ ။ ခင်ဗျားတို့ သူ့ကို စနေနေ့လောက်ပဲ မြင်တွေ့ရပြီး အမှားကျူးလွန်မိလိုက်တာနဲ့ ဝေဖန် ထိုးနှက်ဖို့လောက််ပဲ တွေးတောကြမှာပါ ”

” ဒါပေမဲ့ ကျွန်တော့ကတော့ သူနဲ့ နေ့စဥ်နေ့တိုင်းပဲ အတူ အချိန်ဖြုန်းနေခဲ့ရတာပါ ။ သူဟာ မယုံကြည်နိုင်ဖွယ် ၊ ခမ််းနားတဲ့ ကောင်လေး တစ်ယောက်ပါပဲ ။ တကယ့်ကို ဥာဏ်ကောင်းလွန်းသူ တစ်ဦးလည်း ဖြစ်ပါတယ် ။ သူဟာ ကျွန်တော် မြင်ဖူးသမျှထဲ အကောင်းဆုံး ဂိုးသမား တစ်ဦးပါပဲ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းဖက်ကသာ ဒီလို ဂိုးသမားမျိုးကို အဆုံးရှုံးခံလိုက်ရရင် ဒါဟာ ရာဇဝတ်မှု ကျူးလွန်ခြင်းပဲ ဖြစ်သွားရပါလိမ့်မယ် ” လို့ မက္ကာသီ က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar