နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါ ကွန်းဖရင့်စ်လိဂ် ဗိုလ်လုပွဲမှာ ဝက်စ်ဟမ်း အသင်းဟာ ဖီအိုရင်တီးနား အသင်းကို ၂-၁ နဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့ ပါတယ် ။

ဒါဟာ ဝက်စ်ဟမ်း အတွက် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ဥရောပဖလား အောင်ပွဲလည်း ဖြစ်လာခဲ့တာပါ

 

ဘိုင်ယန်မြုးနစ် အသင်းဟာ ဒေါ့မွန် နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရာဖေး ဂွာရဲရိုး ကို အလွတ် နဲ့ ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့ သိရပါတယ် ။

 

ရီးရဲမက်ဒရစ် အသင်းကတော့ ဂျုဒ် ဘယ်လင်ဂမ် ကို ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပါပြီ ။ ဒီအပြောင်း အရွှေ့ ဟာ ယူရို သန်း ၁၀၀ ကျော် ကုန်ကျမှာ ဖြစ်ပြီး ဘယ်လင်ဂမ် ကို ခေါ်ယူခဲ့တဲ့ အတွက် ဟယ်ရီကိန်း ရဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ အလားအလာ နည်းပါးသွားပြီလို့ သုံးသပ်လာခဲ့ကြပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ မိုနာကို မှာ ကစားနေတဲ့ ခံစစ်မှူး အက်ဆယ် ဒီဆာဆီ ကို ခေါ်ယူ နိုင်ဖို့ နီးစပ်မှု ရှိနေပြီလို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။

ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ကို တော့တင်ဟမ် ဟော့စပါး နဲ့ ဝက်စ်ဟမ်း တို့က စိတ်ဝင်စား နေပြီး အင်္ဂလန် ခံစစ်မှူးဟာ နွေရာသီမှာ အိုးထရက်ဖိုဒ့် ကနေ ထွက်ခွာရဖို့ ရှိနေပါတယ် ။

 

ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတော့မယ့် ပိုချက်တီနို ကတော့ ညာနောက်ခံလူ ရစ်ဆီဂျိမ်းစ် ရဲ့ ကြံ့ခိုင်မှု အနေအထား အပေါ် စိတ်ချမှု မရှိတာကြောင့် ညာနောက်ခံလူသစ် တယောက် ဝယ်ယူဖို့ စိတ်ကူးနေတယ်လို့ ကြားသိရ ပါတယ် ။

 

PSG နဲ့ စာချုပ်သက်တမ်း ပြည့်လို့ လမ်းခွဲလာခဲ့တဲ့ ရွှေဘောလုံး ၇ ဆုရှင် လီယွန်နယ် မက်ဆီ ဟာ အမေရိက ကလပ် အင်တာမိုင်ယာမီ အသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

 

မက်ဆီ ဟာ စပိန် သတင်းစာ မွန်ဒို နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး ဘာကြောင့် ဒီလို ရွေးချယ်ခဲ့ရသလဲဆိုတာ ကိုလည်း ပြောပြသွားခဲ့ ပါတယ် ။

 

ဒါ့အပြင် ဆာဂျီယို ဘူးစကွက် နဲ့ ဂျော်ဒီ အယ်ဘာ တို့နဲ့ အင်တာမိုင်ယာမီ မှာ အတူ ကစားဖို့ သဘောတူထား ခဲ့တယ်ဆိုတဲ့တွေကိုလည်း မက်ဆီ က ငြင်းပယ်သွားခဲ့ ပါတယ် ။

 

ဒီသတင်း ထွက်ပေါ်လာ အပြီးမှာ အင်တာမိုင်ယာမီ ရဲ့ ဆိုရှယ် မီဒီယာ ဖော်လိုဝါတွေ တသန်းကျော် ထိုးတက် သွားခဲ့သလို လာမယ့် စက်တင်ဘာမှာ ကစားမယ့် ပွဲလက်မှတ်ခတွေ ဟာလည်း ၅ ဆလောက် ခုန်တက်သွားခဲ့တယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ အသင်းကတော့ မက်ဆီ ရဲ့ ဆုံးဖြတ်ချက်ကို လေးစား အသိအမှတ်ပြုကြောင်း စာထုတ်ပြန်ခဲ့ ပါတယ် ။ အမေရိကန် မေဂျာလိဂ်ကတော့ အကောင်းတကာ့ အကောင်းဆုံး ဘောလုံးသမား တယောက် လာရောက်တော့မှာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ထုတ်ပြန် အသိပေးသွားခဲ့ပါတယ် ။

 

SPORTS MYANMAR