အမရာဘတ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဘာကြောင့်မပြောင်းနိုင်ခဲ့တာလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ အစ်ကို ဖြစ်သူ နော်ဒင် အမရာဘတ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဆောင််းရာသီ စျေးကွက်တုန်းက ဖီအိုရင်တီးနား အသင်းရဲ့ ကွင်းလယ်လူ ဆိုဖီယံ အမရာဘတ် ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ဖီအိုရင်တီးနား အသင်းဖက်မှ သဘောမတွေ့ခဲ့တဲ့အတွက် ပယ်ချခဲ့ပါတယ် ။

အသက် 26 နှစ် ရှိနေပြီဖြစ်တဲ့ ဆိုဖီယံ အမရာဘတ်ဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ မော်ရိုကို လက််ရွေးစင် အသင်းအတွက် ပွဲစဥ်တိုင်း ပါဝင်ကစားပေးခွင့် ရရှိခဲ့ပြီး အထူး ခြေစွမ်းကောင်း ပြသနိုင်ခဲ့ကာ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား တစ်ဦးလည်း ဖြစ်နိုင်ခဲ့ပါတယ် ။

ဒီပြိုင်ပွဲကြီးမှာ မော်ရိုကိုတို့ ဆီမီး ဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ရေးမှာ သူဟာ တကယ့်ကို အရေးပါတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဆိုပါ အဆင့်မှာတော့ မော်ရိုကိုတို့ ပြင်သစ်ကို 2 – 0 နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ် ။

အဆိုပါ ပြိုင်ပွဲအပြီးမှာတော့ နွေမှာ ဖီအိုရင်တီးနား အသင််းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေတဲ့ ကစား သမားကို ခေါ်ယူလိုတဲ့ အသင််းတွေထဲ ဥရောပ ထိပ်သီး ကလပ်တွေလည်း ပါဝင်ခဲ့ပြီး ယူနိုက်တက် တို့လည်း စိတ်ဝင်စားခဲ့ကြပါသေးတယ် ။

အဆိုပါ အချိန်တုန်းက ယူနိုက်တက်တို့ အဲရစ်ဆင်ကို 3 လအထိ ဒဏ်ရာ ပြသနာကြောင့် ဆုံးရှုံးရဖို့ ရှိနေခဲ့တဲ့ အတွက်် အမရာဘတ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အဆိုပါအပြောင်းအရွှေ့ မဖြစ်ပွားခဲ့ရတဲ့ အကြောင်းကို နော်ဒင် အမရာဘတ် က ဖွင့်ဟလိုက်ပြီပဲ ဖြစ်ပါတယ် ။

” အပြောင်းအရွှေ့ ပိတ်ခါနီး 2-3 ရက်လောက် အလိုမှာ သူ့ကို သေချာပေါက် ခေါ်ယူလိုတဲ့ အသင်း 3 သင်းလောက််ရဲ့ နာမည်ကို ကျွန်တော် ပြောပြနိုင်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက်က သူ့ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းခဲ့ပါတယ် ”

” ဒါပေမဲ့ ဖီအိုရင်တီးနား အသင်းက ကမ်းလှမ်းမှုကို မနှစ််ခြိုက်တဲ့ အတွက် ပယ်ချသွားခဲ့လိုက်တာပါပဲ ” လို့ နော်ဒင် အမရာဘတ် က ထုတ်ပြောသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမရာဘတ်ကို မရခဲ့ပေမဲ့ ဆာဗစ်ဇာ ကို အငှား ခေါ်ယူနိုင်ခဲ့ပါတယ် ။

ယူနိုက်တက် တို့ဟာ ဆာဗစ်ဇာ ကို အငှား ခေါ်ယူခဲ့ပေမဲ့ အဆိုပါ စာချုပ်မှာတော့ အပြီးသတ် ခေါ်ယူခွင့် မပါဝင်ခဲ့ပါဘူး ။ အခြားတဖက်မှာတော့ ဘိုင်ယန် မြူးနစ် အသင်းက နည်းပြ အပြောင်းအလဲ လုပ်ဆောင်ခဲ့တာကြောင့် ဆာဗစ်ဇာ ဟာ အခွင့်အရေး ရရှိနိုင်ခြေ ရှိနေပါတယ် ။

#Sports_Myanmar