လာမည့်ရာသီ ပရီးမီးယားလိဂ် ဆုဖလားအတွက် မန်စီးတီးကို အဓိက စိန်ခေါ်နိုင်မယ့်အသင်းကို ရွေးချယ်ပေးလိုက်တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းဟာ အာဆင်နယ် လီဗာပူး နဲ့ ချဲလ်ဆီး တို့ကို ကျော်ကာ မန်ချက်စတာယူနိုက်တက်ဟာ လာမည့်ရာသီမှာ မန်စီးတီးရဲ့ အဓိက အမှတ်ပေးဖလား ပြိုင်ဘက် အဖြစ် ထွက်ပေါ်လာလိမ့်မယ်လို့ ထောက်ခံသွားပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် title race မှာ ၂၄၈ ရက်ကြာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပက်ရဲ့အသင်းဟာ ရာသီနှောင်းပိုင်းမှာ ဂန်းနား တို့ကို ကျော်ဖြတ်ကာ ၃ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

မန်စီးတီးဟာ ဒုတိယနေရာက အာဆင်နယ်ကို ၅ မှတ် ၊ တတိယနေရာက မန်ယူနိုက်တက်ကို ၁၄ မှတ် ဖြတ်ပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အဲရစ်တန်းဟတ်ရဲ့ ပထမဦးဆုံးရာသီမှာ ကျေနပ်စရာ စွမ်းဆောင်မှုကို ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ top 4 ၀င်ခဲ့သလို ကာရာဘောင်ဖလားမှာ ချန်ပီယံနဲ့ အက်ဖ်အေဖလားမှာ ဖိုင်နယ်ကို တက်ထားနိုင်ခဲ့ပါတယ်။

မန်ယူနိုက်တက် ဂန္တ၀င် ရွိုင်ကိန်းက သူ့ရဲ့ အသင်းဟောင်းဟာ လာမည့်ရာသီ next level ကို တက်ကာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လာမည့်ရာသီမှာ မန်စီးတီးရဲ့ အဓိက ဖလားပြိုင်ဘက်က ဘယ်သူ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ကိန်းက “ကျနော်ကတော့ မန်ချက်စတာယူနိုက်တက် အသင်းကို ရွေးချယ်သွားမှာပါ။ ယူနိုက်တက် ဘက်က ဒီလို စိန်ခေါ်နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါဟာ အသင်းပိုင်ရှင် အပြောင်းအလဲ နဲ့ နွေရာသီ ကစားသမား ခေါ်ယူမှုတွေ အပေါ် မူတည်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှုး တစ်ဦး လိုအပ်နေလို့ပါ။

ကျနော်ကတော့ လာမည့်နှစ်မှာ ယူနိုက်တက်တို့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် ဖလား ဆွတ်ခူးနိုင်ဖို့ ကတော့ အရမ်း အရမ်းကို ခက်ခဲမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးဟာ တအားကို ကောင်းတဲ့ အသင်း ဖြစ်တဲ့ အပြင် ကြီးကြယ်တဲ့ မန်နေဂျာကောင်း တစ်ဦးကိုလည်း ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM