ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဥ်အပြီး ပရိသတ်တွေဖက် မိုက်ခဲရင်းနဲ့ တန်ဟတ် ဘာတွေ ပြောခဲ့သလဲ ???

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဥ်အဖြစ် အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ဖူလ်ဟမ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2-1 ဆိုတဲ့ ရလဒ် နဲ့ နိုင်ပွဲ ရယူနိုင်ခဲ့ကာ အိမ်ကွင်း ပရိသတ်တွေကို ပျော်ရွှင်စေနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ ပွဲချိန် 19 မိနစ်မှာ ဂိုးပေးခဲ့ရပါတယ် ။ ဒါပေမဲ့ ပွဲချိန် 39 မိနစ်မှာ ဆန်ချို ၊ ပွဲချိန် 55 မိနစ််မှာ ဘရူနို ဖာနန်ဒက်စ် တို့က တစ်ဂိုးစီ ပြန်လည်း သွင်းယူပေးခဲ့ကြပြီး နိုင်ပွဲနဲ့အတူ အဆင့် 3 နေရာမှာ ရာသီပိတ််သိမ်းစေနိုင်ခဲ့ကြပါတယ် ။

အခြားတဖက်မှာတော့ ဒါဟာ ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် တို့ တစ်ရာသီ အတွင််း ရမှတ်အများဆုံး (75 မှတ်) စုဆောင်းနိုင်ခဲ့တဲ့ ဘောလုံံး ရာသီ ဖြစ်သွားခဲ့ရပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ရဲ့ ဘောလုံးရာသီ မကုန်ဆုံးသေးပါဘူး ။

ယူနိုက်တက်တို့ ဇွန်လ 3 ရက်နေ့မှာ မန်စီးတီး အသင်းနဲ့ FA ဖလား ဖိုင်နယ်ပွဲ ကစားရဖို့ ရှိနေပါသေးတယ် ။ အဆိိုပါ ပွဲစဥ် အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်က မိုက်ကိုင်ကာ ပရိသတ်တွေရှိရာ ပွဲကြည့်စင်ဖက် လှည့်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့လိုက်သလို မန်စီးတီးနဲ့ ပွဲစဥ်မှာလည်း အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ််ကြောင်း ကတိပေးသွားခဲ့လိုက်ပါတယ် ။

” ပထမဆုံး အနေနဲ့ ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ကျေးဇူးတင်စကား ပြောချင်ပါတယ် ။ သူတို့တွေ ဒီရာသီ အရမ်းကို ကောင်းမွန်စွာ ကစားပေးနိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေနဲ့ ခင်ဗျားတို့ (ပရိိသတ်) အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ”

” ခင်ဗျားတို့ရဲ့ ဖြည့်စွက် ပါဝင် ပတ်သက်မှုတွေ ၊ ကျွန််တော်တို့အပေါ် ထောက်ခံအားပေးမှုတွေ အတွက် အရမ်းပဲ ကျေးဇူးတင်မိပါတယ် ။ ခင်ဗျားတို့ကြောင့် ကျွန်တော်တို့ရဲ့ ဘောလုံး ရာသီဟာ ခမ်းနားခဲ့ရပါတယ် ။ ဒီအတွက် ကျေးဇူးအထူးပါပဲ ”

” ဒီစကားပြောရပေမဲ့ ကျွန်တော်တို့ နောက်တစ်ပွဲ ကစားရဦးမှာပါ။ ဒီကစားသမားတွေဟာ နောက်တစ်ပါတ် မန်စီးတီးကို အနိုင်ကစားဖို့ အစွမ်းကုန် ကြိုးစားကြလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ် ။ ကျွန်တော်တို့ ဆုဖလားကို အိုးလ် ထရပ်ဖို့ဒ် ဆီ ယူဆောင်လာဖို့ အခွင့်အရေးကောင်း ပိုင်ဆိုင်ထားကြပါတယ် ” လို့ တန်ဟတ်က ပြောလိုက်ရာမှာတော့ ပရိသတ်တွေက ” ယူနိုက်တက် ၊ ယူနိုက်တက် ၊ ယူနိုက်တက် ” လို့ ပြန်လည် အော်ဟစ် သီိကြွေးခဲ့ကြပါတယ် ။

#Sports_Myanmar