အာဆင်နယ် အသင်း ရဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီ အနှစ်ချုပ်

 

ဒီနှစ် ဘောလုံးရာသီ အဆုံးသတ်ဟာ အာဆင်နယ် ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပေမယ့် အပေါင်း လက္ခဏာဆောင်မှုတွေ အများကြီး ရှိခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလို့ ဆိုနိုင်ပါတယ် ။ ရာသီအစမှာ ထိပ်ဆုံး လေးသင်းထဲ ဝင်ဖို့တောင် ရေပန်းမစား ခဲ့တဲ့ အာဆင်နယ် အသင်းဟာ လက်ရှိ ချန်ပီယံ မန်စီးတီး နဲ့ ချန်ပီယံဆုအတွက် ယှဉ်ပြိုင် နိုင်ခဲ့ကာ ဒုတိယနေရာနဲ့ ရာသီပိတ်သိမ်း နိုင်ခဲ့ပါတယ် ။

ဒီနှစ် ပရီးမီးယားလိဂ် မှာ အာဆင်နယ် အသင်းဟာ ၃၈ ပွဲ ကစား ၂၆ ပွဲနိုင် ၊ ၆ ပွဲသရေ ၊ ၆ ပွဲ ရှုံး ၊ ရမှတ် ၈၄ မှတ် ၊ သွင်းဂိုး ၈၈ ဂိုး ၊ ပေးဂိုး ၄၃ ဂိုး ၊ ဂိုးကွာခြားချက် ၄၅ ဂိုး အထိ ရှိခဲ့ပါတယ် ။ အာတီတာရဲ့ဒီနှစ် အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၀၁-၀၂ ခုနှစ် နှင့် ၂၀၀၃-၀၄ ခုနှစ် က နိုင်ပွဲ အရေအတွက် ကို ရယူ နိုင်ခဲ့သလို ကလပ် အသင်း သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ဘောလုံး ရာသီ (၈၈ ဂိုး) ကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ထိပ်ဆုံး က မန်စီးတီး နဲ့ ၅ မှတ်သာ ကွာဟခဲ့ပြီး မြို့ခံပြိုင်ဘက် စပါး ကို ၂၄ မှတ် ၊ ချဲလ်ဆီး ကို ရမှတ် ၄၀ အထိ ဖြတ်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ တစ်ရာသီ အတွင်း လန်ဒန် ဒါဘီ နိုင်ပွဲ ၁၀ အထိ ရယူ နိုင်တဲ့ ပထမဆုံး အသင်း အဖြစ်လည်း စံချိန်သစ် စိုက်ထူ နိုင်ခဲ့ပါတယ် ။ ချန်ပီယံဆု နဲ့ လွဲခဲ့ရပေမယ့် ၆ နှစ်တာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရယူနိုင်တာ ၊ နောက်ဆုံး ၇ နှစ် အတွင်း အမြင့်မားဆုံး အဆင့် ရပ်တည်မှု ရခဲ့တာဟာ ဂန်းနားတို့အတွက် အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေပါပဲ ။

အာဆင်နယ် အသင်း ရဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီအနှစ်ချုပ်ကတော့

အမှတ်ပေး ဇယား အဆင့်ရပ်တည်မှု – ၂
အက်ဖ်အေဖလား – စတုတ္တအဆင့်
ခါရာဘောင်း – တတိယအဆင့်
ယူရိုပါလိဂ် – ၁၆ သင်း အဆင့်
လိဂ် ပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကစားသမား – မာတင်နယ်လီ ၊ အော်ဒီဂတ် ( ၁၅ ဂိုးစီ )
ပြိုင်ပွဲစုံ ဂိုးသွင်းအများဆုံး ကစားသမား – မာတင်နယ်လီ ၊ အော်ဒီဂတ် ၊ ဆာကာ ( ၁၅ ဂိုးစီ )
ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု အများဆုံး ကစားသမား – ဆာကာ(၁၁ ကြိမ် )
အိမ်ကွင်းမှာ ပရိသတ် အများဆုံး တက်ရောက် အားပေးကြည့်ရှုခဲ့တဲ့ ပွဲ – ၆၀၃၂၅ Vs မန်ယူနိုက်တက် ( ဇန်နဝါရီ ၂၂ ၊ ၂၀၂၃၊ ပရီးမီးယားလိဂ် )
အိမ်ကွင်းမှာ ပရိသတ် အနည်းဆုံး တက်ရောက် အားပေးကြည့်ရှုခဲ့တဲ့ ပွဲ – ၄၈၅၀၀ Vs ဇူးရစ်ချ် ( နိုဝင်ဘာလ ၃ ၊ ၂၀၂၂ ၊ ယူရိုပါလိဂ် )
ပျှမ်းမျှ အိမ်ကွင်း ပရိသတ် – ၆၀၁၉၆ ယောက်
ဂိုးအပြတ်ဆုံး နိုင်ပွဲ – ၅-၀ Vs နော်တင်ဟမ်ဖောရက်စ်
၅-၀ Vs ဝုလ်ဗာဟမ်တန်
ဂိုးအပြတ်ဆုံး ရှုံးပွဲ – ၁-၄ Vs မန်စီးတီး
၀-၃ Vs ဘရိုက်တန်

SM