နံနက်ခင်း အားကစားသတင်းများ

ပရီးမီးယားလိဂ်ရဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကတော့ မနေ့ညက ရာသီပိတ် ပွဲစဉ်နဲ့ အတူ ပြီးဆုံးသွားခဲ့ ပါပြီ ။

နောက်ဆုံးနေ့မှာ ရပ်တည်မှု အပြောင်းအလဲတွေ မရှိခဲ့ဘဲ အက်စတွန်ဗီလာ က ယူရိုပါ ကွန်းဖရင့်စ်လိဂ် ဝင်ခွင့်ကို ရခဲ့သလို လက်စတာ နဲ့ လိဒ် တို့လည်း တန်းဆင်း သွားခဲ့ ကြရပါတယ် ။

 

ဒီရာသီ ပရီးမီးယားလိဂ် ဟာ တရာသီ ၃၈ ပွဲခေတ် မှာ ဂိုးသွင်းအများဆုံးနှစ် တနှစ် ဖြစ်လာခဲ့ပြီး ပွဲစဉ် ၃၈ အပြီးမှာ သွင်းဂိုး စုစုပေါင်း ၁၀၈၄ ဂိုးထိ ရရှိခဲ့တယ်လို့ သိရပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ အေစီမီလန် ဟာ ယူဗင်တပ် အသင်းကို အဝေးကွင်းမှာ အနိုင် ကစားပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိဖို့ သေချာသွားခဲ့ ပါတယ် ။

 

နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ် ဟာ နည်းပြ စပါယ်လက်တီ အသင်းနဲ့ လမ်းခွဲမယ့် သတင်းကို အတည်ပြူ ပေးခဲ့ပြီး ချန်ပီယံ နည်းပြကြီးဟာ ခေတ္တ အနားယူဖို့ ဆန္ဒ ရှိတယ်လို့ ထုတ်ပြောလာခဲ့ကြောင်း ဖွင့်ဟသွားခဲ့ ပါတယ် ။

 

လာလီဂါ မှာတော့ ဘာစီလိုနာ အသင်းဟာ နူးကမ့်ကွင်းကြီးရဲ့ နောက်ဆုံး ပွဲစဉ်မှာ မာယော့ကာ အသင်းကို ၃-၀ နဲ့ အနိုင်ကစားပြီး လှလှပပ ပိတ်သိမ်းနိုင်ခဲ့ ပါတယ် ။ ဒီပွဲဟာ ဘာဆာ ဂန္ထဝင် ဘူးစကွက် နဲ့ ဂျော်ဒီ အယ်လ်ဘာ တို့ကို နှုတ်ဆက်တဲ့ ပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ် ။

 

ချဲလ်ဆီး အသင်းဟာ စပါး နည်းပြဟောင်း ပိုချက်တီနို ကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူခန့်အပ်ဖို့ သဘောတူညီမှု ပြီးမြောက်ခဲ့ပြီလို့ ယမန်နေ့ ညပိုင်းက သတင်းပေါ်ထွက်လာခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး ရဲ့ နည်းပြသစ် ရှာပုံတော် ကတော့ အခုချိန်ထိ ဘယ်သူနဲ့မှ နီးစပ်ခြင်းမရှိသေး ပါဘူး ။

ဆဲလ်တစ် နည်းပြ ပိုစတီကိုဂလူး ၊ စပိန် နည်းပြဟောင်း အန်နရီကေး အပါအဝင် ချဲလ်ဆီးကနေ ထုတ်ပယ် ခံလိုက်ရတဲ့ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာ အထိ ပါဝင်နေတယ်လို့ သိရပါတယ် ။

 

စပါး တောင်ပံ ကစားသမား ကူလူဆက်ဗ်စကီး ကတော့ သူ့ရဲ့ အနာဂါတ် ဘာဖြစ်မယ် ဆိုတာကို တိတိ ကျကျ မပြောပြနိုင်သေး ပါဘူးလို့ ဖွင့်ဟ ပြောဆိုခဲ့ ပါတယ် ။

စပါး ဟာ ကူလူဆက်ဗ်စကီး ကို ယူဗင်တပ် ကနေ အငှား ခေါ်ယူထားတာဖြစ်ပြီး ဇွန်လ မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR