ပထမဆုံး ဘောလုံးရာသီမှာတင် ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ အလန်းစား မှတ်တမ်း တစ်ခုကို လိုက်မီသွားတဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညကတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဥ် အဖြစ် ဖူလ်ဟမ် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အတူ နိုင်ပွဲ ရယူခဲ့ကာ အဆင့် 3 နေရာ နဲ့ ရာသီ ပိတ်သိမ်းနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ဖူလ်ဟမ် အသင်းအတွက် ညာခံစစ် ကစား သမား ဖြစ်တဲ့ တီတီ က ပွဲချိန် 19 မိနစ်မှာပဲ ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် 7 မိနစ် အကြာမှာပဲ ဖူလ်ဟမ် တို့ ပင်နယ်တီ ရရှိခဲ့ကြပြန် ပါတယ် ။

အဆိုပါ ပင်နယ်တီကိုတော့ ဖူလ်ဟမ် တိုက်စစ်မှူး မီထရိုဗစ်က ကန်သွင်းခဲ့ပေမဲ့ ဒီတစ်ခါတော့ ထူးထူးခြားခြား ဒီဂီယာက လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ စောစောစီးစီး ဂိုးပြတ်် ရှုံးနိမ့်ရေးမှ သီသီလေး လွတ်မြောက်ခဲ့ကြရပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 39 မိနစ်မှာ ဂျေဒန် ဆန်ချို က ခြေပဂိုး သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းကို 1 – 1 ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံး စေနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ဒုတိယပိုင်း 55 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် က ဖရက်ဒ် ရဲ့ အကွက်ကျကျ ဖန်တီးပေးမှုကိို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး နိုင်ပွဲရစေခဲ့ပါတယ် ။

ဒါဟာ အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ အိမ်ကွင်း ရလဒ််ကောင်းနေခဲ့တဲ့ ယူနိုက်တက်တို့အတွက်တော့ နောက်ထပ်် အိမ်ကွင်း နိုင်ပွဲ တစ်ပွဲ ဖြစ်သွားခဲ့ရပါတယ် ။ ဒီနိုင်ပွဲက နယ်သာလန်သား နည်းပြ အတွက်တော့ ဂုဏ်ယူစရာ ဖြစ်သွားခဲ့ရပါပြီ ။

ဘာဖြစ်လို့လဲဆိုတော့ အဲရစ် တန်ဟတ်ဟာ ယူနိုက်တက် နည်းပြ ဘဝရဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ အိမ်ကွင်း နိုင်ပွဲ 27 ပွဲ အထိ ရယူနိုင်ခဲ့တဲ့ နည်းပြ ဖြစ်သွားခဲ့ရပြီး ယူနိုက်တက် ဂန္တဝင် ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ မှတ််တမ်းကို လိုက်မီသွားခဲ့ရလို့ပဲ ဖြစ်ပါတယ် ။

ဆာ အဲလက်စ် ဖာဂူဆန် ဟာ ယူနိုက်တက် နည်းပြ ဘဝ ဆယ်စုနှစ်ကျော် အချိန်ကာလ နှစ်ခုမှာ တစ်ရာသီ အတွင််း အိမ်ကွင်း နိုင်ပွဲအများဆုံး ရယူနိုင်ခဲ့တာ 27 ပွဲ ဖြစ်ခဲ့ရပါတယ် ။ သူဟာ ဒီ မှတ်တမ်းကို 2002 – 03 ဘောလုံး ရာသီိမှာ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ရာသီမှာတော့ ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ကြပါတယ် ။ လက်ရှိ ရာသီမှာတော့ ယူနိုက်တက်တို့ဟာ အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာ ကာရာဘောင် ဖလား ဆွတ်ခူးထားနိုင်ခဲ့ပြီး နောက်လထဲ မန်စီးတီး နဲ့ FA ဖလား ဖိုင်နယ် ကစားရပါဦးမယ် ။

#Sports_Myanmar