ယူနိုက်တက်တို့ အဆင့် 3 နဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့တဲ့ နိုင်ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညကတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဥ် အဖြစ် ဖူလ်ဟမ် အသင်းနဲ့ ကစားခဲ့ရပြီး 2 – 1 ဆိုတဲ့ရလဒ််နဲ့ နိုင်ပွဲရယူနိုင်ခဲ့ကာ ရမှတ် 75 မှတ်၊ အဆင့် 3 နေရာနဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ပွဲချိန် 19 မိနစ်ကတည််းက တီတီရဲ့ ခေါင်းတိုက်ချက်ကြောင့် ဂိုးပေးခဲ့ရပါတယ် ။ ဒါပေမဲ့ ပွဲချိန် 39 မိနစ်မှာ ဆန်ချို ၊ 55 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် တို့က ဂိုးသွင်းနိုင်ခဲ့ပြီး နိုင်ပွဲ ရယူပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ဒီဂီယာရဲ့ ကြုံတောင့်ကြုံခဲ ပင်နယ်တီ ကာကွယ််မှုကလည်း ယူနိုက်တက် တို့ကို အခုလို နိုင်ပွဲ ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီဂီယာ ၊ ဆန်ချို နဲ့ ဘရူနို တို့ကြောင့် ယူနိုက်တက်တို့ နိုင်ခဲ့ကြတဲ့ ပွဲစဥ်မှ ကစားသမားတွေရဲ့ စွမ််းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (8)

အောက်တိုဘာ 2014 နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ်် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ပင်နယ်တီ ကာကွယ်ပြနိုင်ခဲ့ပါတယ် ။ သူ့အတွက်တော့ အမှတ်တရ ညချမ်းပါပဲ ။

ဒါးလော့ (6)

ပွဲစဥ်စတင်ပုံ ကောင်းခဲ့ပေမဲ့ ကြာလေ မှေးမှိန်လေ ဖြစ်ခဲ့ရပါတယ် ။ အခွင့်အရေးကောင်း တစ်ကြိမ်ကို ဖြုန်းတီးခဲ့ပါတယ် ။ FA ဖိုင်နယ်မှာ ပွဲထွက်ကစားခွင့် ရနိုင်ခြေ နည််းပါးခဲ့ရပါပြီ ။

လင်ဒီလော့ဖ် (7)

ပြသနာ နည်းပါးလှတဲ့ ညချမ်း တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ် ။ အသင်းအတွက် ခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသခြင်းနဲ့အတူ ဖိုင်နယ်မှာ ပါဝင်ရနိုင်ခြေ များနေခဲ့ပါပြီ ။

မက်ဂွားယား (7)

ပင်နယ်တီပေးရာမှာ အမှားမကင်းသူ ဖြစ်ခဲ့ရပေမဲ့ ခြေပဂိုး ရရှိနိုင်ရေးမှာ တိုက်စစ်ဆင်ပေးနိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာယုံကြည််မှု အပြည့်နဲ့ ကစားပေးနိုင်ခဲ့ပါတယ် ။

မာလာစီယာ (7)

ဆလိုက်ထိုးတာတွေ ပိုကောင်းလာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရာသီအစတုန်းကလို စွမ်းဆောင်ရည် ပြန်လည် ပြသနိုင်ခဲ့တဲ့ ပွဲစဥ်မျိုး ပိုင်ဆိုင်ခဲ့ရပါတယ် ။

ကာစီမီရို (6)

သူ့ကြောင့် ပင်နယ်တီ ပေးခဲ့ရပါတယ် ။ ဒါပေမဲ့ ကွင်းလယ််ပိုင်းမှာ ယုံကြည်စိတ်ချဖွယ်စွမ်းဆောင်ရည် ပြနိုင်ခဲ့တဲ့ အတွက် ဖရက်ဒ် တိုက်စစ်လိုက်ပါနိုင်ခဲ့ရပါတယ် ။

ဖရက်ဒ် (6)

ပျာယာပျာယာနဲ့ ဆန်ချို အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တာကလွဲရင် ပွဲချိန် 54 မိနစ်ထိ ကြောင်ပျောက်နေခဲ့ရပါတယ် ။ ပွဲချိန် 55 မိနစ်မှာတော့ မိုက်ကယ် ကာရစ် ခနဝင်ပူးခဲ့ပြီး ဘရူနို အတွက် အကွက်ကျကျ ဂိုးဖန်ပေးနိုင်ခဲ့ပါတယ် ။

ဆန်ချို (7)

ဆန်ချို ပိုကောင်းလာခဲ့ရပါပြီ ။ ဘောလုံးကိုင် ကစားပုံတွေ တိုးတက်လာခဲ့ပြီး ယုံကြည်မှုရှိလာခဲ့ပါပြီ ။ ဖိုင်နယ်မှာ ပွဲထွက်ကစားခွင့် ရသင့်နေပါပြီ ။

ဘရူနို (7)

ဖရက်ဒ် ရဲ့ ဖန်တီးမှုကို သွေးအေးအေးနဲ့ ဂိုးအဖြစ် ပြောင််းလဲပေးနိုင်ခဲ့ပါတယ် ။ အခွင့်အရေးတွေ 6 ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

ဂါနာချို (6)

အထနှေးခဲ့ပေမဲ့ နောက်ပိုင်းမှာ ရင်ခုန်စရာကောင်းတဲ့ အခိုက််အတန့်အချို့ ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ကန်ချက် တစ််ကြိမ် ဂိုးဘေးကပ်ထွက်ခဲ့ပြီး တိုင်တစ်ချက်ထိခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (6)

ဂိုးပေါက် ကန်သွင်းခွင့် 6 ကြိမ်ထိ ရရှိခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး ။ ကစားပုံ ကောင်းခဲ့ပေမဲ့ ထိရောက်မှု နည််းပါးခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

တော်မီနေး (5)
မာရှယ် (6)
အဲရစ်ဆင် (6)
ဝဂ်ဟော့စ် (5)
ပယ်လီစထရီ (6)

#Sports_Myanmar