နံနက်ခင်း အားကစား သတင်းများ

မနေ့ညတုန်းက ဥရောပ ထိပ်သီးလိဂ် တခု ဖြစ်တဲ့ ဂျာမန် ဘွန်ဒစ်လီဂါ ရဲ့ ရာသီပိတ် ပွဲစဉ်တွေကို တချိန်တည်း ယှဉ်ပြိုင် ကစားခဲ့ကြပါတယ် ။
အနိုင်ရရုံနဲ့ ချန်ပီယံဖြစ်မှာ ဖြစ်တဲ့ အဆင့် ၁ က ဒေါ့မွန် ဟာ အိမ်ကွင်းမှာ မိန့်ဇ် အသင်းကို အနိုင်မကစားဘဲ ၂ ဂိုးစီ သရေကျခဲ့ပါတယ် ။ ဒါကြောင့် ကိုလုံး ကို အနိုင်ကစားခဲ့တဲ့ ဘိုင်ယန်မြုးနစ် က အမှတ်တူသွားခဲ့ပြီး ဂိုးကွာခြားချက် အသာနဲ့ အနိုင်ရ ဗိုလ်စွဲသွားခဲ့ ပါတယ် ။
ဒါဟာ ဘိုင်ယန် အတွက် ၁၁ နှစ်ဆက်တိုက် ဘွန်ဒစ်လီဂါ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ ။

ဒေါ့မွန် ကတော့ ဒုတိယဆုနဲ့ ကျေနပ်ခဲ့ရပြီး ယူနီယံ ဘာလင် အသင်းဟာ ကလပ်သမိုင်းတလျောက် ချန်ပီယံလိဂ် ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ် ။

ဘိုင်ယန်မြုးနစ် ဟာ ရာသီပိတ် ပွဲစဉ်အပြီးမှာ အသင်းရဲ့ CEO အိုလီဗာခန်း နဲ့ ဒါရိုက်တာ ဆာလီဟာမစ်ဇစ် တို့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
ဒီဆုံးဖြတ်ချက် ကို ၂ ယောက်စလုံးကို ကြိုတင်အသိပေးခဲ့ကြပြီး အိုလီဗာခန်း ဟာ နောက်ဆုံးပွဲစဉ်ကိုပင် လာရောက် မကြည့်ရှုခဲ့ရပါဘူး ။

ဘိုင်ယန် တိုက်စစ်မှူး မာနေး ကတော့ အသင်းမှာ ဆက်လက် ရှိနေလိုပြီး အိုလီဗာခန်း နေရာကို ဝင်ရောက်လာမယ့် CEO သစ် အပေါ်မှာ အဆိုပါ ကိစ္စမူတည်နေတယ်လို့ သိရပါတယ် ။

အင်္ဂလန် က အမျိုးသမီး စူပါလိဂ်ရဲ့ ရာသီပိတ် ပွဲစဉ်မှာတော့ အဆင့် ၁ က ချဲလ်ဆီး အမျိုးသမီး အသင်းဟာ အဝေးကွင်းမှာ အမှားမရှိဘဲ အနိုင်ကစားပြီး အမှတ်ပေး ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ရယူသွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရရှိမယ့် ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲမှာတော့ လူတန်တောင်း အသင်းဟာ ကိုဗင်ထရီ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင် ရရှိကာ ဗိုလ်စွဲခဲ့ပြီး လာမယ့် ရာသီမှာပရီးမီးယားလိဂ် ကို တန်းတက်လာတော့မှာပဲ ဖြစ်ပါတယ် ။

ပေါ်တူဂီလိဂ် မှာလည်း အဆင့် ၁ က ဦးဆောင်သူ ဘင်ဖီကာ ဟာ ပေါ်တို ထက် ၂ မှတ်အသာ နဲ့ ရာသီပိတ်သိမ်း ကာ ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ် ။

ပြင်သစ် လီဂူးဝမ်း မှာ PSG ဟာ သရေ ရလဒ်သာ ရရှိခဲ့ပေမယ့် ချန်ပီယံ ဖြစ်ဖို့ လုံလောက်သွားခဲ့ ပါတယ် ။ PSG အတွက် တလုံးတည်းသော ဂိုးကို လီယွန်နယ် မက်ဆီ က သွင်းယူပေးခဲ့ပြီး မက်ဆီ ဟာ ဥရောပ ထိပ်သီးလိဂ် ၅ ခုမှာ အမှတ်ပေး ပြိုင်ပွဲသွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ဆော်ဒီ ပရိုလိဂ် မှာတော့ ရိုနယ်ဒို ရဲ့ အယ်လ်နက်ဆာ အသင်းဟာ မနေ့ညက သရေပွဲ ဖြစ်ခဲ့ပြီး အဆင့် ၁ က အယ်လ်အစ်တီဟတ် ကို အမှတ်ပေး ချန်ပီယံ ဖြစ်ခွင့် ပြုလိုက်ရပါတယ် ။

အီတလီ စီးရီးအေ မှာတော့ မော်ရင်ညို ရဲ့ ရိုးမား အသင်းဟာ ဖီအိုရင်တီးနား အသင်းကို ၂-၁ နဲ့ ရှုံးနိမ့် ခဲ့ပြီး အဆင့် ၄ ကို မီဖို့ မဖြစ်နိုင်တော့တာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲကိုသာ အဓိက အားထုတ်ဖို့ သေချာသွားခဲ့ ပါတယ် ။

အင်တာမီလန် ကတော့ အတ္တလန်တာ ကို ၃-၂ နဲ့ အနိုင် ကစားပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အာမခံချက် ရယူနိုင်ခဲ့ ပါတယ် ။

အဲဗာတန် ရဲ့ ကိုလံဘီယာ ခံစစ်မှူး မီနာ ဟာ အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်ပြီး ဈေးကွက်ထဲမှာ အလွတ်နဲ့ ခေါ်ယူ နိုင်မယ့် ကစားသမား ဖြစ်လာတော့မယ်လို့ သိရှိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းကတော့ ဖီယင်နော့ အသင်း နည်းပြ ကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင် ခဲ့တဲ့ နောက်မှာ ဆဲလ်တစ် နည်းပြ အန်ဂီ ပိုစတီကိုဂလူး ကို ချိတ်ဆက် ဆွေးနွေး နေတယ်လို့ ကြားသိရ ပါတယ် ။

အေစီမီလန် ဒါရိုက်တာ မာဒီနီလ် ဟာ ချဲလ်ဆီး ကွင်းလယ်လူ လော့ဖ်တပ်ချိ နဲ့ ဆွေးနွေး ပြောဆိုမှု ပြုလုပ် နေပြီလို့လည်း သိရပါတယ် ။

ပရီးမီးယားလိဂ် ကလပ်တွေဟာ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဒီည ကစားမယ့် ရာသီပိတ် ပွဲစဉ်မှာ ဒူးထောက်လှုပ်ရှားမှု ကို ပြန်လည် ပြုလုပ်သွားမယ်လို့ သိရှိရ ပါတယ် ။

SPORTS MYANMAR