နံနက်ခင်း အားကစား သတင်းများ

ရီးရဲမက်ဒရစ် တောင်ပံ ကစားသမား မာကို အဆန်စီရို ဟာ ကလပ် အသင်းဘက်က ကမ်းလှမ်းတဲ့ စာချုပ်သစ် ကို ငြင်းပယ် ချလိုက်ပြီး ရာသီကုန်ချိန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ အလွန်နီးစပ် နေပြီ ဖြစ်ပါတယ် ။
နောက်ဆုံး ကြားသိရတဲ့ သတင်းအရ အဆန်စီရို ဟာ ပြင်သစ် ထိပ်သီး PSG နဲ့ စကားပြောဆို ဆွေးနွေးနေတယ်လို့ သိရပါတယ် ။

မန်ချက်စတာ စီးတီး အသင်းကတော့ ဘိုင်ယန်မြုးနစ် မှာ အငှားချထားတဲ့ ကန်ဆယ်လို ရဲ့ အပြီးသတ် ဝယ်ယူဈေး ကို ပေါင် ၃၄ သန်း အထိ လျော့ချပေးဖို့ လိုလား နေတယ်လို့ သိရပါတယ် ။
မန်စီးတီး ဟာ ကနဦး က ကန်ဆယ်လို ရဲ့ အပြီးသတ် ဝယ်ဈေး ကို ပေါင် ၆၂ သန်း သတ်မှတ်ထားတာ ဖြစ်ပြီး ဘိုင်ယန်ဘက်က အပြီးသတ် ဝယ်ယူဖို့ ဆန္ဒ မရှိဖြစ်နေခဲ့ပါတယ် ။

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ် က သူဟာ အသင်းထဲကို အင်္ဂလိပ် ကစားသမားတွေ ၊ Homeground player တွေ ထပ်ထည့်ဖို့ စိတ်ကူး ရှိနေကြောင်း ဖွင့်ဟပြောဆိုခဲ့ ပါတယ် ။
ဝက်စ်ဟမ်း ဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းဖို့ နီးကပ်နေတဲ့ လက်စတာ ရဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဟာဗေး ဘန်းစ် နဲ့ တန်းဆင်းရပြီး ဖြစ်တဲ့ ဆောက်သမ်တန် အသင်းခေါင်းဆောင် ဂျိမ်း ဝက် ပရောက်စ် တို့ကို ခေါ်ယူဖို့ စီစဉ် နေတဲ့ အသင်း ဖြစ်ပါတယ် ။

လိဂ်ဝမ်း ကလပ် ဝီဂန် အသင်းဟာ ကစားသမား လုပ်ခ ပေးချေမှုနဲ့ ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် နောက်ထပ် ၄ မှတ်နှုတ် အပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ် ။
ဒါကြောင့် ဝီဂန် ဟာ လာမယ့် ရာသီသစ် ကို အနှုတ် ၈ မှတ် နဲ စတင်ရတော့မှာပါ ။

အာဂျင်တီးနား နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ မှာတော့ အိမ်ရှင် အာဂျင်တီးနား ဟာ ၃ ပွဲစလုံးကို အနိုင်ယူပြီး ၉ မှတ်အပြည့်နဲ့ နောက်တဆင့်ကို တက်ရောက် သွားခဲ့ ပါတယ် ။

ချဲလ်ဆီးက ၂၀၂၅ ခုနှစ် အတွက် ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့တဲ့ အက်ကွေဒေါ လူငယ် ကစားသမားလေး ကန်ဒရီ ပေ့ဇ် ဟာ ဖီဂျီ အသင်းကို ၉-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းယူ နိုင်ခဲ့ပြီး အသက် ၁၆ နှစ် ၂၂ ရက် နဲ့ ယူ-၂၀ ကမ္ဘာ့ဖလား သမိုင်းတလျောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင် အဖြစ် မှတ်တမ်း ရေးထိုး သွားနိုင်ခဲ့ ပါတယ် ။

SPORTS MYANMAR