ချဲလ်ဆီးနဲ့တွေ့မှ ဂိုးပြတ်နိုင်ပွဲ ၊ အဆင့် 3 နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တို့ကို ရယူနိုင်ခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာပဲ ပရီးမီးယားလိဂ် ပွဲစဥ် 37 အဖြစ် အိုးလ် ထရပ်ဖို့ဒ် မှာ ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 4 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင််ယူကာ အဆင့် 3 နေရာကို တက်လှမ်းနိုင်ခဲ့သလို ချန်ပီိယံလိဂ် ဝင်ခွင့်ပါ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ကာစီမီရိုဟာ ပွဲချိန် 6 မိနစ် ကတည်းက အဖွင့်ဂိုး သွင်းယူပြီး အသင်းကို ဦးဆောင်ခွင့် ပေးခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် 45+ မိနစ်မှာ မာရှယ်က ဂိုးသွင်းယူပြီး ပထမပိုင်းကို 2 ဂိုးပြတ် ဦးဆောင်စေခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 73 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် (pen) ၊ 78 မိနစ််မှာ ရပ်ရှ်ဖို့ တို့က တစ်ဂိုးစီ သွင်းယူရင်း ပွဲစဥ်ကို သေဆုံးစေနိုင်ခဲ့ကြပါတယ် ။ ချဲလ်ဆီး အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ပွဲချိန် 89 မိနစ်မှာ ဂျွာအို ဖဲလစ် က သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ပွဲစဥ်ကို ခြုံငုံပြီး ပြောရရင် ချဲလ်ဆီး အသင်းဟာ ဘောလုံံး ပိုင်ဆိုင်မှုကိုသာ အသာစီး ရယူနိုင်ခဲ့ပြီး အဆုံးသတ် စွမ်းရည်ပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက်လောက် မကောင်းခဲ့တဲ့အတွက် အခုလိုရှုံးနိမ့်ခဲ့ရတာပဲဖြစ်ပါတယ် ။ ဒီပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ rating ကို ဖော််ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ဂိုးပေါက်ကာကွယ်မှု 4 ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပြီး ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ် ။ Clean Sheet ရရှိဖို့ နီးစပ််ခဲ့ပေမဲ့ ဖဲလစ်​ကြောင့် ပျက်ပြယ်ခဲ့ရပါတယ် ။

ဘစ်ဆာကာ (6)

အန်တိုနီ အတွက် နောက်ကွယ်မှ လုံခြုံမှု ပေးနိုင်ခဲ့ပေမဲ့ ချိတ်ဆက် ကစားပုံ အားရဖွယ် မရှိခဲ့ပါဘူး ။ ဟောလ်ကို အခွင့်အရေး ဖန်တီးမှု 2 ကြိမ် ပေးခဲ့ပါတယ် ။

ဗာရန်း (8)

ပုံမှန် အဆင့်အတန်း တစ်ခုကို ပြသခဲ့ပြန်ပါတယ် ။ သူ့အတွက်တော့ ချဲလ်ဆီး တိုက်စစ်ကို ရင်ဆိုင်ရတာ သိပ်ပြီး မခက်ခဲခဲ့ပါဘူး ။ တည်ငြိမ်စွာ ခုခံနိုင်ခဲ့ပါတယ် ။

လင်ဒီလော့ဖ် (8)

အစောပိုင်း မိနစ်မှာ အနည်းငယ် ပျာနေခဲ့ပေမဲ့ နောက်ပိုင််းမှာတော့ တည်ငြိမ်ခဲ့ပြီး ဗာရန်းနဲ့ အကောင်းဆုံး တွဲဖက် နိုင်ခဲ့ပါတယ် ။

လုခ်ရှော (6)

ခံစစ်မှူးအဖြစ် ကစားနေခဲ့ရတဲ့ ရှောအတွက် ဘယ်ခံစစ် ပြန်ရောက်တဲ့အခါ ကစားပုံ အဆင်မပြေ ဖြစ်ခဲ့ရပြီး ဒု-ပိုင််းမှာ လူစားလဲခံခဲ့ရပါတယ် ။

ကာစီမီရို (9)

ပွဲစဥ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး အဖွင့်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ် ။

အဲရစ်ဆင် (7)

အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ကာစီမီရို နဲ့ အကောင်းဆုံး တွဲဖက်ကာ တိုက်စစ်ပိုင်း အသင်းဖော်တွေ အတွက်လည်း အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

အန်တိုနီ (6)

ချာလိုဘတ် ကြောင့် ဒဏ်ရာ ရရှိခဲ့ပြီး စောစီးစွာ လူစားလဲခံခဲ့ရပါတယ် ။ အဲ့ဒီမတိုင်ခင်မှာတော့ ပုံစံကောင်းပြနိုင်ခဲ့ပါတယ် ။

Soccer Football – Premier League – Manchester United v Chelsea – Old Trafford, Manchester, Britain – May 25, 2023 Manchester United’s Marcus Rashford celebrates scoring their fourth goal with teammates REUTERS/Molly Darlington EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details.

ဘရူနို (7)

အခွင့်အရေး အချို့ကို ဖန်တီးပေးနိုင်ခဲ့ပြီး ပင်နယ်တီကိုလည်း ရရှိစေနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ရရှိခဲ့တဲ့ ပင်နယ်တီကိုလည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် ။

ဆန်ချို (6)

ဖန်တီးမှု မလုပ်ခင် အထိ ပွဲစဥ်ရဲ့ အညံ့ဆုံး ကစားသမား ဖြစ်ခဲ့ရပါတယ် ။ ကာစီမီရို ရဲ့ ပေးပို့မှုကို လက်ခံကာ မာရှယ်ဆီ အရောက်ပေးခဲ့ပြီး ဂိုးဖန်တီးနိုင်ခဲ့ကာ ဒုတိယပိုင်းမှာ ပိုကောင်းပြနိုင်ခဲ့ပါတယ် ။

မာရှယ် (6)

ဆန်ချို နည်းတူ ညံ့ခဲ့ပါတယ် ။ ဒါပေမဲ့ ရရှိခဲ့တဲ့ အခွင့်အရေးကိိုတော့ ဂိုးအဖြစ် ပြောင်းနိုင်ခဲ့ပါတယ် ။ ထူးကဲတဲ့ စွမ််းဆောင်ရည်တော့ မပြနိုင်ခဲ့ပါဘူး ။

MANCHESTER, ENGLAND – MAY 25: Anthony Martial of Manchester United celebrates with Marcus Rashford and Jadon Sancho after scoring the team’s second goal during the Premier League match between Manchester United and Chelsea FC at Old Trafford on May 25, 2023 in Manchester, England. (Photo by Naomi Baker/Getty Images)

လူစားဝင် ကစားသမားများ…

ရပ်ရှ်ဖို့ (7)
မာလာစီယာ (6)
ဂါနာချို (7)
ဖရက်ဒ် (7)
တော်မီနေး (6)

#Sports_Myanmar