နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ ဘရိုက်တန် နဲ့ မန်စီးတီးတို့ ၁ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံး ခဲ့ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲမက်ဒရစ် ဟာ ဗယ်လာဒိုးလစ် အသင်းကို ၂-၁ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။

ရီးရဲ တောင်ပံ ကစားသမား ဗီနီဆီယပ် ဂျူနီယာ ဟာ ဒူးဒဏ်ရာကြောင့် မနေ့ညက ပွဲကို လွဲချော် ခဲ့တယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ် ။

ကိုပါ အီတလီယာ ဖလား ဗိုလ်လုပွဲမှာတော့ အင်တာမီလန် အသင်းဟာ ဖီအိုရင်တီးနား အသင်းကို ၂-၁ နဲ့ အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့ ပါတယ် ။
အင်တာ အတွက် ၂ ဂိုးစလုံးကို တိုက်စစ်မှူး လူတာရို မာတီနက် က သွင်းယူပေးခဲ့တာပါ ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ် ဟာ နေမာ နဲ့ ပတ်သက်တဲ့ ကောလဟာလတွေ ကို ငြင်းဆန် သွားခဲ့ပြီး တခုခု ထူးခြားပါက အသိပေးသွားပါမယ်လို့ သတင်းထောက်တွေကို ဖြေဆို သွားခဲ့ပါတယ် ။

မန်ယူနိုက်တက် ဟာ ချဲလ်ဆီး ရဲ့ အင်္ဂလန် ကွင်းလယ်လူ မေဆင်မောင့် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့လည်း သတင်းပေါ်ထွက် လာခဲ့ပါတယ် ။

ချဲလ်ဆီး ကတော့ အခုရာသီက ဆိုးရွားတဲ့ ဖြတ်သန်းမှုတွေကြောင့် ရာသီကုန် မိတ်ဆုံစားပွဲ နဲ့ ဆုပေးပွဲ အစီအစဉ် ကို မပြုလုပ်တော့ဖို့ ဆုံးဖြတ် လိုက်တယ်လို့ ကြားသိရ ပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားရပြီ ဖြစ်တဲ့ ဆောက်သမ်တန် အသင်းရဲ့ အသင်း ခေါင်းဆောင် ဂျိမ်းဝက်ဒ် ပရောက်စ် ကို ခေါ်ယူဖို့ စီစဉ် နေတယ်လို့ သိရပါတယ် ။

ဖာဘရီဇီယို ရိုမာနို ကတော့ ရီးရဲမက်ဒရစ် ဟာ ဒေါ့မွန် ကွင်းလယ် စတား ဂျုဒ် ဘယ်လင်ဂမ် ကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ် လာပြီလို့ ဖော်ပြသွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်းမှာ ၁၁ နှစ်ကျော် ကစားခဲ့တဲ့ ဝါရင့် နောက်ခံ ကစားသမားကြီး ဂျော်ဒီ အယ်ဘာ ဟာ ရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲ တော့မယ်လို့ ကြေညာသွားခဲ့ ပါတယ် ။

အယ်ဘာ ဟာ ဘာဆာ နဲ့ စာချုပ် ၁ နှစ် ကျန်ရှိနေသေး ပေမယ့် စာချုပ်ကို ဖျက်သိမ်းပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။

နယ်သာလန် ကလပ် PSV ကို နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ် နေတဲ့ ရုဒ် ဗန် နစ္စတယ်ရွိုင်း ဟာ ရာထူး ကနေ နှုတ်ထွက် သွားခဲ့ပါတယ် ။ ရွိုင်း ဟာ PSV လူငယ် အသင်းကနေ စီနီယာ အသင်းကြီးကို တက်ကိုင်တဲ့ ပထမဆုံး ရာသီမှာ နယ်သာလန် ရှုံးထွက်ဖလား နဲ့ နယ်သာလန် စူပါဖလားတွေကို ရယူပေးခဲ့ပါတယ် ။

တူရကီ စူပါလိဂ် ရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ Faith Karagumruk အသင်းကတော့ နည်းပြ အန်ဒရေ ပီယာလို ကို ထုတ်ပယ်လိုက်တယ်လို့ သိရှိရ ပါတယ် ။

ဆောက်သမ်တန် အသင်းကတော့ လက်ရှိ နည်းပြ ရူဘင် ဆဲလက်စ် ကို ရာသီအကုန်မှာ စာချုပ်ထပ်တိုးမှာ မဟုတ်ဘဲ လမ်းခွဲတော့မယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ် ။ ဒါကြောင့် လီဗာပူးနဲ့ ကစားမယ့် ပွဲဟာ ဆဲလက်စ် အတွက် နောက်ဆုံးပွဲစဉ် ဖြစ်လာမှာပါ ။

ဆဲလက်စ် ရဲ့ နေရာကို တော့ ဆွစ်ဇာလန် လူမျိုး နည်းပြ ရပ်ဆယ် မာတင် ကို ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ဖို့ အတည်ပြု ထုတ်ပြန် သွားခဲ့ပါတယ် ။

အင်္ဂလန် လက်ရွေးစင် နည်းပြ ဆောက်ဂိတ် ဟာ ဇွန်လ ထဲမှာ ကစားမယ့် ယူရို ခြေစစ်ပွဲ ပွဲစဉ်တွေ အတွက် လူစာရင်း ကို မနေ့က ထုတ်ပြန် ခဲ့ပြီး ရာဟင်း စတာလင် ၊ အာရွန်ဝမ် ဘစ်ဆာကာ တို့ ကျန်ရစ်ခဲ့ကြကာ ပဲလေ့စ် နဲ့ ခြေစွမ်းပြ ခဲ့တဲ့ အီဇေး ၊ လူးဝစ် ဒန့် တို့ အရွေးခံခဲ့ ကြရပါတယ် ။ ကျန်လူစာရင်း ကတော့ အရင်တုန်းက ပါနေကျ ကစားသမားတွေ ပါပဲ ။

လာမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အတွက် နွေရာသီ အပြောင်းအရွှေ့ ကာလ ကို ဇွန်လ ၁၄ ရက်နေ့ ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ သတ်မှတ်ကြောင်း ပရီးမိးယားလိဂ် က အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

SPORTS MYANMAR