တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ရပ်ရှ်ဖို့ ၊ ဆာလာတို့ကို မရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလိုက်တဲ့ ဂယ်ရီ နဗီးလ်

ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းကို ရွေးချယ််ပေးခဲ့ရာ အသင်းဟောင်းမှ တောင်ပံတိုက်စစ် ကစား သမား ဖြစ်သူ ရပ်ရှ်ဖို့ ၊ လီဗာပူး မှ ဆာလာ တို့ကို ကျော်ပြီး အာဆင်နယ် အသင်းမှ ဆာကာ နဲ့ မာတင်နယ်လီ ကို ရွေးချယ်သွားခဲ့လိုက်ပါတယ် ။

တနင်္လာနေ့က လုပ်ဆောင်ခဲ့ရတဲ့ အစီအစဥ် တင်ဆက်မှု အခန်းကဏ္ဍမှာတော့ ဂယ်ရီ နဗီးလ် နဲ့ ဂျေမီ ကာရေဂါ တို့ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင််းကို ရွေးချယ်ခဲ့ကြရာမှာ သူတို့ရဲ့ အသင်းထဲ ယူနိုက်တက်် ကစားသမား မပါဝင်ခဲ့ရပါဘူး ။

အဲ့ဒီထဲမှာတော့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ဟာ မန်စီးတီး ကစားသမား လေးဦးအထိ ရွေးချယ်သွားခဲ့ပြီး တောင်ပံ တိုက်စစ် နေရာတွေမှာတော့ အာဆင်နယ် အသင််းမှ ဘူကာယို ဆာကာ နဲ့ ဂါဘရီယယ် မာတင်နယ်လီ တို့ကို ရွေးချယ်သွားခဲ့လိုက်ပါတယ် ။

အခုတော့ ဂယ်ရီ နဗီးလ်က မာတင်နယ်လီထက် တစ်ဂိုး ပိုသွင်းထားခဲ့တဲ့ ရပ်ရှ်ဖို့ ၊ ဆာလာ တို့ကို ကျော်ပြီး အာဆင််နယ် စတား နှစ်ဦးကို ရွေးချယ်ခဲ့ရခြင်း အကြောင်းအရင််းက ဒီရာသီမှာ သူတို့ နှစ်ဦးရဲ့ Form ဟာ တကယ့်ကို ကောင်းမွန်ခဲ့လို့ပဲ ဖြစ်ကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

” ဒီရာသီမှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပါတ် အနည်းငယ် မတိုင်ခင် အထိ မာတင်နယ်လီ နဲ့ ဆာကာ တို့ရဲ့ Form ဟာ တကယ့်ကို ကောင်းမွန်ခဲ့ရပါတယ် ။ သူတို့နှစ်ဦးရဲ့ ကစားပုံဟာ တကယ့်ကို လက်ဖျားခါလောက်စရာ ကောင်းခဲ့ပြီး မြန်ဆန် သွက်လက်နေခဲ့ရပါတယ် ”

” သူတို့ နှစ်ဦးဟာ ဒီရာသီ ကျွန်တော် မြင်ခဲ့ရတဲ့ထဲ့ အတွဲ အညီဆုံးတွေပါပဲ ။ သူတို့ နှစ်ဦး ၊ အိုဒီဂတ် နဲ့ ဂျေဇု တို့ရဲ့ ကစားပုံဟာ တကယ့်ကိုကြည့်ကောင်းခဲ့ရပါတယ် ။ ဒါပေမဲဲ့ ပြီးခဲ့တဲ့ 4 – 5 ပါတ် အတွင်း အာဆင်နယ်ရဲ့ ကစားပုံ နဲ့ ပတ်သက်လို့ ကျွန်တော် မနှစ်မသက် ဖြစ်ခဲ့ရပါတယ် ”

” အဲ့ဒီကာလအတွင်းမှာ သူတို့ရဲ့ ကစားပုံဟာ ညံ့ဖျင်းခဲ့ရပြီး ဒီကစားသမား နှစ်ဦးကလည်း အတွေ့အကြုံရှိသူတွေရဲ့ ဝန်းရံမှုကို မရခဲ့ကြပါဘူး ။ ပွဲစဥ် 30 လောက်မှာတော့ သူတို့ရဲ့ ကစားပုံဟာ မှော်ဝင်နေခဲ့ပြီး ရပ်ရှ်ဖို့ ၊ ဆာလာတို့နဲ့ ခြားနားတဲ့ အဆင့်မှာ ရှိနေခဲ့ရပါတယ် ”

MANCHESTER, ENGLAND – FEBRUARY 19: Marcus Rashford of Manchester United celebrates after scoring the team’s second goal with teammates Wout Weghorst and Jadon Sancho during the Premier League match between Manchester United and Leicester City at Old Trafford on February 19, 2023 in Manchester, England. (Photo by Richard Heathcote/Getty Images)

” ကျွန်တော်ဟာ တောင်ပံ တိုက်စစ် ကစားသမား နှစ်ဦးကို ရှာဖွေနေခဲ့တာကြောင့် ဟယ်ရီကိန်းကို မေ့လိုက်ကြပါ ။ ကျွန်တော် ရပ်ရှ်ဖို့ နဲ့ ဆာလာ တို့ကို ကြည့်ခဲ့ပါတယ် ။ သူတို့ရဲ့ ကိန်းဂဏန်းတွေက ကောင်းမွန်နေခဲ့တယ်လေ ။ ဒါပေမဲ့ ဆာကာ နဲ့ မာတင်နယ်လီ တို့ရဲ့ စွမ်းဆောင်ရည်က လက်ဖျားခါလောက်အောင် ဖြစ်ခဲ့ရပါတယ် ”

” ရပ်ရှ်ဖို့ဟာ မာတင်နယ်လီထက် တစ်ဂိုးများပါတယ် ။ ဒါပေမဲ့ သူတို့ နှစ်ယောက်ကြောင့် ဒီရာသီ အာဆင်နယ် အသင်းရဲ့ သုံးယောက်တန်း တိုက်စစ် ထူးကဲသွားတာက ဒီရာသီ ကျွန်တော့်အတွက် အမှတ်ရစရာ ဖြစ်နေတော့မှာပါ ။ ဒီအချက်ကြောင့် ကျွန်တော် သူတို့ကိုပဲ ရွေးလိုပါတယ်် ” လို့ နဗီးလ် က​ ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar