အာဆင်နယ် အသင်း နွေရာသီမှာ ခေါ်ယူသင့်တဲ့ ကစားသမား ၅ ဦး နာမည်ပြောကြားလိုက်တဲ့ ရေးပါလာ

 

ဂန်းနား ကစားသမားဟောင်း ရေးပါလာ က လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် အသင်း အနေနဲ့ မန်ယူနိုက်တက် နှင့် ချဲလ်ဆီး တို့ရဲ့ ပစ်မှတ် ဒီကလန်ရိုက်စ် အပါအဝင် ကစားသမား ၅ ဦးကို ခေါ်ယူ အားဖြည့်သင့်တယ်လို့ ဆိုလိုက်ပါတယ် ။

ရေးပါလာ က NetBet Casino မှာ ” ကွင်းလယ် ကစားသမား က အာဆင်နယ် အသင်း သေချာပေါက် ကစားသမားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာပါ ။ အထူးသဖြင့် ဂရန်းနစ် ရှာကာ ထွက်သွားခဲ့ရင်ပေါ့ ၊ ဒီကလန်ရိုက်စ် ၊ ကိုင်စီဒို နှင့် ဂွန်ဒိုဝမ် တို့ အားလုံးကတော့ ထိပ်တန်း ကစားသမားတွေချည်းပါပဲ ။ အာဆင်နယ် အတွက် သိပ်ကို ကောင်းမွန်တဲ့ စာချုပ်ချုပ် ခေါ်ယူမှုတွေ ဖြစ်မှာပါ ။ ”

” ဂွန်ဒိုဝမ် က အာဆင်နယ် အသင်း နဲ့ သတင်းတွေ ထွက်နေပါတယ် ၊ သူက မန်ချက်စတာစီးတီး အတွက် ပြီးခဲ့တဲ့နှစ်တွေ အတွင်း တောက်လျှောက် ခြေစွမ်းပြ ကစားနေခဲ့တာပါ ၊ သူ အာဆင်နယ် ကို ရောက်လာခဲ့ရင်လည်း စွမ်းဆောင်ရည်ကောင်းတွေ ပြနိုင်ပါလိမ့်မယ် ။ ကိုင်စီဒို က ဒီရာသီ ဘရိုက်တန် အတွက် ခြေစွမ်းပြ ကစားနေတာပါ ၊ ကျနော် သူ ကစားတာကို ကြိမ်ဖန်များစွာ ကြည့်ဖူးပါတယ် ၊ သူက နေရာစုံမှာ ကစား နိုင်သူ ဖြစ်ပြီး ညာနောက်ခံလူ အဖြစ်ပါ ကစား နိုင်ပါတယ် ၊ ကွင်းလယ်မှာလည်း သန်မာမှု အပြည့် ရှိပါတယ် ၊ ဒါကြောင့် သူ့ကို သာ ခေါ်နိုင်ရင် အသင်း လူစာရင်း အင်အားအတော်လေး တောင့်တင်းသွားမှာပါ ။ ”

” ဒါပေမယ့် အာဆင်နယ် အသင်း ပရိသတ်တွေ အားလုံး လိုချင်နေကြတဲ့ ကစားသမားကတော့ ဒီကလန်ရိုက်စ် လို့ မြင်ပါတယ် ။ အာဆင်နယ် မှာဆို သူ ဝက်စ်ဟမ်း မှာထက် ပိုမို ကွဲပြား ခြားနားတဲ နေရာတွေမှာ ကစားရမှာပါ ၊ သူ တိုက်စစ် ကို ပိုမို လိုက်ပါ ရနိုင်ချေ ရှိပါတယ် ၊ တိုက်စစ် မှာ သူ့ရဲ့ အရည်အသွေးကို ထုတ်ဖော် ပြသခွင့်ရမှာပါ ၊ ကျနော်ကတော့ သူ့ကို ရအောင် ခေါ်စေချင်ပါတယ် ။ ”

” လာမယ့်ရာသီမှာ အထောင်တိုက်စစ် နေရာက အာဆင်နယ် အတွက် အခရာကျလိမ့်မယ်လို့ ကျနော်ကတော့ ထင်ပါတယ် ။ ကျနော် ခေါ်ဖို့ အမြဲတမ်း တဖွဖွ ပြောနေတဲ့ တိုက်စစ်မှူးကို ခင်ဗျားတို့လည်း သိမှာပါ ၊ အိုင်ဗန်တိုနေးပေါ့ ၊ သူက ပွဲပယ် ခံထားရပေမယ့် ကျနော်ကတော့ သူ့ကို ခေါ်စေချင်ပါတယ် ။ ဘရန့်ဖိုဒ့် က သူ့ရဲ့ ခြေစွမ်းကို ကျနော် အထင်ကြီးမိပါတယ် ၊ သူက လုပ်အားနှုန်းကောင်းသလို သွင်းဂိုး အတွက် အမြဲတမ်း အသင့် ရှိနေတတ်သူပါ ။ ”

” အင်တာမီလန် က လော်တာရို မာတီနက်ဇ် က လည်း အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်ပါလိမ့်မယ် ။ သူက အာဆင်နယ် အသင်း လိုအပ် နေတဲ့ တိုက်စစ်မှူးမျိုးပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM