မန်စီးတီး ကွင်းလယ်လူ ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းကို တိုက်တွန်းလိုက်တဲ့ Goal သတင်းထောက်

Goal ရဲ့ အာဆင်နယ် သတင်းထောက် ချားလ်ဝက်စ် က အာဆင်နယ် အသင်း အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီး အသင်း ရဲ့ အသင်းခေါင်းဆောင် ဂွန်ဒိုဝမ် ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

” ဂွန်ဒိုဝမ် က အသင်းမှာ အထိုင်ကျဖို့ အချိန် သိပ်မလိုတဲ့ ကစားသမား ပါ ၊ ဝင်လာတာနဲ့ အသင်း အတွက် ခြေစွမ်းပြ ကစား နိုင်ပါတယ် ၊ နောက်ကွယ်မှာ အသင်း ကို ဦးဆောင် နိုင်မယ့် ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပါတယ် ၊ ဂွန်ဒိုဝမ် က အသင်းကို အရည်အသွေးကောင်းတွေ အများကြီး ယူဆောင်လာပေးမယ့်သူပါ ။ ”

” အာဆင်နယ် အသင်းရဲ့ ကစားပုံနဲ့လည်း လုံးဝ အံဝင်ခွင်ကျ ဖြစ်မယ့် ကစားသမားပါ ၊ သူ့ကို ကာလတို စာချုပ်နဲ့သာ ခေါ်နိုင်ခဲ့ရင် အာဆင်နယ် အတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှု ဖြစ်စေလိမ့်မယ်လို့ ကျနော်ကတော့ မြင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကလည်း မန်စီးတီး အသင်းကနေ ဂျေးဇု ၊ ဇင်ချန်ကို တို့ကို ခေါ်ယူ ခဲ့ပြီး ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အနေအထား အထိ ရောက်ရှိ ခဲ့ပါတယ် ။

ဂျာမနီ ကွင်းလယ်လူ ဂွန်ဒိုဝမ်ဟာ ရာသီကုန်မှာ မန်ချက်စတာ စီးတီး အသင်း နဲ့ စာချုပ် သက်တမ်း ကုန်တော့မှာ ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူလို့ ရနိုင်မှာ ဖြစ်ပါတယ် ။ မန်စီးတီး အသင်းဟာ ဂွန်ဒိုဝမ် ကို တစ်နှစ် စာချုပ် သက်တမ်းတိုးဖို့ ဆန္ဒ ရှိနေပြီး ဘာစီလိုနာ ကတော့ နှစ်နှစ် စာချုပ် နဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေပါတယ် ။ အာဆင်နယ် ကတော့ မန်စီးတီး နှင့် ဂွန်ဒိုဝမ်သဘောတူညီမှု မရပါက ခေါ်ယူဖို့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သတင်း ထွက်နေပါတယ် ။

SM