ဂန်းနားဟောင်း ပေါလ်မာဆင် က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီး နဲ့ လွဲချော် ခဲ့ရတဲ့ အာဆင်နယ် အသင်း အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အထောင်တိုက်စစ်မှူး နေရာကို အင်အား ဖြည့်တင်းသင့်တယ်လို့ ဆိုလိုက်ပီး ဘယ်ကစားသမားကို ခေါ်သင့်သလဲ ဆိုတာ အကြံပေး သွားခဲ့ပါတယ် ။
အာဆင်နယ် နဲ့ အတူ လိဂ်ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ ပေါလ်မာဆင် က ဒီရာသီ ဂန်းနားတို့ ကြုံတွေ့ ခဲ့ရတဲ့ ပြဿနာ တစ်ရပ်ဟာ တိုက်စစ်မှူးတွေဆီကနေ လုံလောက်တဲ့ သွင်းဂိုး မရခြင်း ဖြစ်တယ်လို့ ထောက်ပြလိုက်ပြီး တစ်ရာသီ ၂၅ ဂိုး သွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုး ခေါ်ဖို့ GiveMeSport မှာ ပြောကြား သွားခဲ့တာပါ ။
” အာဆင်နယ် က ချန်ပီယံ ဖြစ်လောက်တဲ့ အထိ လူစာရင်း အင်အား တောင့်တင်းမှု မရှိခဲ့ပါဘူး ။ အာဆင်နယ် အနေနဲ့ ကစားသမားတွေ ဝယ်ဖို့ လိုအပ်ပါတယ် ၊ ထိပ်တန်း အရည်အသွေး ရှိတဲ့ ကစားသမားတွေပေါ့ဗျာ ၊ မန်စီးတီး အသင်းက အားလုံးထက် ခေါင်းရော ပခုံးရော သာနေတာပါ ။ ဒါကြောင့် သူတို့ နဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် လူစာရင်း အင်အားတောင့်တင်းဖို့ လိုပါတယ် ။ ”
” အာဆင်နယ် က အထောင် တိုက်စစ်မှူး တစ်ဦး လိုအပ်ပါတယ် ၊တစ်ရာသီ ကို ၂၅ ဂိုးလောက် သွင်းပေးနိုင်သူပေါ့ဗျာ ၊ ဂါဘရီရယ်ဂျေးဇု ကို မကောင်းပြောနေတာ မဟုတ်ဘူးနော် ၊ သူက တကယ်ကောင်းတဲ့ ကစားသမားပါ ၊ သူ့ကို ခေါ်လိုက် နိုင်တာက အသင်း အတွက် သိပ်ကောင်းပါတယ် ၊ ဒါပေမယ့် အသင်း အတွက် လုံလောက်တဲ့ သွင်းဂိုး အရေအတွက် ကို သွင်းပေး နိုင်သူတော့ မဟုတ်ပါဘူး ။ ”
” အာဆင်နယ် အသင်း ခေါ်မယ်ဆို လူကာကူ ကို ခေါ်လို့ ရနိုင်ပါတယ် ၊ သူက အထောင် တိုက်စစ်မှူး စစ်စစ်ပါ ၊ သူက တိုက်စစ်မှာပဲ နေပီး အသင်းအတွက် ဂိုးတွေ သွင်းပေး နိုင်ပါလိမ့်မယ် ၊ သူသာ ရောက်လာရင် အာဆင်နယ် အသင်းအတွက် အထောက်အကူ ဖြစ်မှာ အသေအချာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM